ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ခဝဲသီးစားသုံးခြင်းဖြင့်ရရှိလာနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများနှင့် ဈေးနှုန်းဈေးကွက်

   ခဝဲသီးတွင်အဆီပါဝင်မှုနည်းပြီး ကယ်လ်လိုရီပါဝင်မှုလည်းနည်းကာ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဇင့်၊ သီရာမင်း၊ သံဓာတ်နှင့်မဂ္ဂနီဆီယမ်ကဲ့သို့သော အာဟာရဓာတ်များပါဝင်သောကြောင့် ကျန်း မာရေးအတွက်အကျိုးများစွာရှိပါသည်။ ခဝဲသီးချိုချိုလေးကိုဟင်းရည်ချက်စားစား၊ ဆီပြန်ချက်စား စား၊ အရသာရှိလှပါသည်။ ခဝဲသီးသည်သွေးထဲမှအညစ်ကြေးများကို အထိရောက်ဆုံးသန့်စင်ပေး နိုင်ပြီး အသည်းကိုကျန်းမာအောင်လုပ်ဆောင်ပေးနိုင်ပါသည်။ အမျှင်ဓာတ်များစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။ အသားဝါရောဂါဖြစ်ပွားနိုင်ချေကို လျော့နည်းစေခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်ချေကိုလျော့နည်းစေခြင်း၊ ဝိတ်ကျစေရန် ကူညီ ပေးခြင်း၊ ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ ခုခံအားကောင်းစေခြင်း၊ အရေပြားကျန်းမာစေခြင်း၊ လေအောင့်ခြင်း၊ လေနာခြင်း၊ လေပွခြင်း၊ ရင်ပူခြင်းများကိုသက်သာစေခြင်းစသည့် အစာအိမ် ပြဿာနာများမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါသည်။ ကျန်းမာရေးအကျိုးကျေးဇူးများသည့် အပြင် အိမ်ရှင်မများအတွက် ဈေးဖိုးသက်သာပြီး ထမင်းမြိန်စေသောခဝဲသီးကို မြင်းခြံမြို့၊ အေးမြသီ တာဈေးတွင် ၂၅ကျပ်သားလျှင်(၈၀၀-၁၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

DOCA(မန္တလေး)

မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် စပါးလင်နှင့် ကြက်သွန်မြိတ်ဈေးကွက်

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

           ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စပါးလင်ပင်နှင့် ကြက်သွန်မြိတ်များကို စိုက်ပျိုးကြကြောင်း၊ စပါးလင်ပင်များကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း စပါးလင်(၁၁)ပင်လျှင် (၁၀၀၀)ကျပ်၊ (၅)ပင်လျှင် (၅၀၀)ကျပ်၊ (၁)ပင်လျှင်(၁၀၀)ကျပ်နှင့် ကြက်သွန်မြိတ်(၁)စည်းလျှင် (၃၀၀)ကျပ်၊ (၂) စည်းလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကြက်သွန်မြိတ်ကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များတွင်လည်းကောင်း အသုံးပြုကြကြောင်း၊ စပါးလင်ကို ဟင်းခတ်အမွှေးအကြိုင်ဖြစ်လည်းကောင်း၊ စားသောက်ဆိုင်များ၌ ငါးကင်၊ ငါးပေါင်းများပြုလုပ်ရာတွင်လည်းကောင်း၊ မုန့်ဟင်းခါးချက်ရာတွင်လည်း စပါးလင်ကိုထည့်သွင်းအသုံးပြုကြသဖြင့် အရောင်းအဝယ် သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ငါးဈေးကွက်ရှိ ငါးကြင်း၊ ငါးမြင်းနှင့် ငါးတန်ဈေးနှုန်းများ

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ၊ အသားဈေးနှုန်းနှင့် ငါးဈေးနှုန်းများကို စာရင်းကောက်ယူပြုစု၍ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         ကန့်ဘလူမြို့ငါးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ တတိယပတ်အတွင်း ရောင်းချနေသော ငါးကြင်း()ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀၀)ကျပ်၊ ဩဂုတ်လ တတိယ ပတ်အတွင်း ငါးမြင်း()ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်နှင့် ငါးတန် ()ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ငါးများကိုစားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူလျက် ရှိကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

သကြားစားသုံးခြင်းကြောင့်ဖြစ်လာနိုင်သောနောက်ဆက်တွဲဆိုးကျိုးများ

   သကြားဆိုသည်မှာ များသောအားဖြင့် အစားအစာများနှင့်‌သောက်စရာများတွင် ပါလေ့ရှိ သော ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်ပါသည်။ ကော်ဖီနှင့်အခြားသော မြန်မာမုန့်များစားသည့် အခါ တွင်လည်း သကြားကိုတွဲဖက်၍ စားလေ့ရှိကြပါသည်။ ဟင်းချက်သည့်အခါထည့်သုံးလေ့ရှိကြသလို သစ်သီးဖျော်ရည်များတွင်လည်းထည့်ကြပါသည်။ အချိုပွဲတော်တော်များများတွင်လည်း သကြားသည်မပါမဖြစ်အသုံးပြုကြပါသည်။ သကြားသည်စွဲလမ်းတတ်စေသောသဘောရှိပါသည်။ အချို ရည်များ၊ ဒိုးနပ်စ်များ၊ မုန့်ချိုချိုလေးများကို တစ်ခါလောက်စားပြီးပါက နောက်ထပ်စားချင်လာခြင်း မှာ သကြားကြောင့်ဖြစ်လာသောစွဲလမ်းမှု့ကြောင့်ဖြစ်ပါသည်။ ခန္ဓာကိုယ်တွင်အင်အားပြည့်ဝစေဖို့  သကြားဓာတ်ကိုလိုအပ်သော်လည်း အများအပြားစားသုံးမိပါက နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သည့် အဝလွန်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း၊ အာဟာရချို့တဲ့စေခြင်း၊ ဆီးချိုဖြစ်နိုင် ခြေများခြင်းစသည့်ရောဂါများအပြင် အသည်းအဆီဖုံးခြင်း၊ ဝက်ခြံဖြစ်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်း ရင့်ရော်ခြင်း၊ ဂေါက်ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့်သိမြင်မှု စွမ်းရည်ကျဆင်း မှုများကိုခံစားရနိုင်ပါသည်။ သကြားသည်အများအပြားစားသုံးလျှင် ဆိုးကျိုးများရှိသော်လည်း သကြားနှင့်ပြုလုပ်ရသော မြန်မာမုန့်များရောင်းချသူများအနေဖြင့် သကြားကို ဝယ်ယူသုံးစွဲကြရပါသည်။ သကြားကိုကုန်စုံဆိုင်များနှင့် ဈေးများတွင် တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

 DOCA(မန္တလေး)

ပရိုတင်းဓာတ်ကြွယ်ဝသော ကြက်သား၏ဈေးနှုန်းဈေးကွက်

    ကြက်သားသည် နေမကောင်းဖြစ်နေသူများအတွက်စားရသော ဓာတ်စာတင် မဟုတ်ဘဲ နေကောင်းနေသူများအတွက်လည်း ကိုယ်ခံအားကိုအကောင်းဆုံးဖြစ်အောင် ကူညီထောက်ပံ့ပေး သောအစားအစာတစ်မျိုးဖြစ်ပါသည်။ ကြက်သားတွင်အသီးအရွက်များတွင် မရနိုင်သောပရိုတင်း ဓာတ်ကိုပေးစွမ်းနိုင်ပြီး အဆီမပါသောကြက်သားတွင်ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်ပါသည်။ ကြွက်သားများဖြစ်ပေါ်စေရန်အတွက် အရေခွံမပါသောကြက်သားကို စားသုံးပေးနိုင်ပါသည်။ ကြက်သားတွင် ပရိုတင်းဓာတ်အပြင် ကယ်လ်ဆီယမ်၊ phosphorusစသည့် သတ္ထုဓာတ်များစွာ ပါဝင်သောကြောင့် အရိုးအဆစ်များကိုသန်မာစေရန်အတွက်လည်း အကောင်းဆုံးအားဖြည့်ပေးပါ သည်။ ကြက်စွပ်ပြုတ်ပြုလုပ်သောက်သုံးခြင်းဖြင့် အ‌အေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ အသက်ရှူ လမ်းကြောင်းပိုးဝင်ကူးစက်ခြင်းများကို အထိရောက်ဆုံးသက်သာစေနိုင်ပါသည်။ ကြက်သားတွင် ရုတ်တရက်နှလုံးရပ်ခြင်းကို ကာကွယ်‌ပေးနိင်သော ဗီတာမင်B6ကြွယ်ဝစွာပါဝင်သောကြောင့် နှလုံး ကျန်းမာရေးကို အထောက်အကူပေးပါသည်။ ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုသော ကြက်သားသည် အိမ်ရှင်မတိုင်းအတွက် ချက်ပြုတ်ရာတွင်လည်း လွယ်ကူမြန်ဆန်ပြီး ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်သောကြောင့် အဆင်ပြေသော ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ မြင်းခြံမြို့၊ အေးမြသီတာဈေးရှိ အသားရောင်းသောဆိုင်များတွင် ကြက်သား (ပေါင်ခြမ်း) ၂၅ ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ ကြက်သား(ရင်ဘုံ) ၂၅ကျပ်သားလျှင် (၆၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

DOCA (မန္တလေး)

ဩဇာသီး၏ကျန်းမာရေးကောင်းကျိုးများနှင့်ဈေးနှုန်းဈေးကွက်

  ဩဇာသီးသည် အရသာကောင်းမွန်သလို ကျန်းမာရေးကိုအလွန်အထောက်အကူပြုသော အသီးတစ်မျိုးလည်းဖြစ်ပါသည်။ ဩဇာသီးတွင် ဗီတာမင်B၊ ဗီတာမင်B6၊ ဗီတာမင်Cနှင့် Antioxidant များပါဝင်သောကြောင့် အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နှင့်နှလုံးတို့ကို အထောက်အကူပြုသော အသီးတစ်မျိုးဖြစ်ပါသည်။ ဩဇာသီး၏ကျန်းမာရေး ကောင်းကျိုးများမှာ ကယ်လိုရီအများအပြားပါဝင်သောကြောင့် ကိုယ်အလေးချိန်တိုးစေခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ခွန်အားဖြည့်တင်းပေးခြင်း၊ ကင်ဆာရောဂါများကို တိုက်ဖျတ်နိုင်စွမ်းရှိခြင်း၊ ဦးနှောက်ကိုကျန်းမာစေခြင်း၊ သွားများကိုခိုင်မာစေခြင်း၊ သွေးအားနည်းရောဂါများကို သက်သာ စေခြင်း၊ အမြင်အာရုံကိုကြည်လင်စေခြင်း၊ အဆစ်ရောင်နာများကိုသက်သာစေခြင်း၊ နှလုံးနှင့်သက် ဆိုင်သောရောဂါများကိုသက်သာစေခြင်း၊ ဆီးချိုရောဂါများကိုတားဆီးပေးနိုင်ခြင်း၊ အစာခြေစနစ် ကိုအားကောင်းစေခြင်း၊ အသားအရေနှင့်ဆံပင်ကို အားဖြည့်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ အတွက်လည်းဓာတ်စာအဖြစ်အသုံးပြုနိုင်ခြင်း၊ သန္ဓေသား၏ဦးနှောက်ကိုဖွံ့ဖြိုးစေခြင်း၊ သံဓာတ် ပါဝင်မှုနည်းခြင်း၊ အရေပြားကူးစက်မှုရောဂါများကို သက်သာစေခြင်းနှင့်အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကိုရရှိစေပါသည်။ ထိုသို့ကျန်းမာရေး အတွက်အကျိုးကျေးဇူးများစွာရရှိစေနိုင်သော ဩဇာသီးကို မြင်းခြံမြို့၊ အေးမြသီတာဈေးနှင့် သစ်သီးအရောင်းဆိုင်များတွင် တစ်လုံးလျှင် (၂၀၀-၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရှိရသည်။

DOCA( မန္တလေး)

ကလေးမြို့ရှိ ပန်းဈေးနှုန်း/ ဈေးကွက်အခြေအနေ

              မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအများစုနေထိုင်သည့်အတွက် အိမ်တိုင်းတွင် ဘရားစင်များထားရှိကာ သဒ္ဓါကြီးစွာဖြင့် လှူဒန်းကြသော ပန်းတစ်ပွင့် ပန်းတစ်ခက်မှ စ၍ ပန်းလှူဒါန်းခြင်း၊ ယတြာပန်း ကုန်သိုလ်အဖြစ်လှူဒါန်းခြင်းများသည် နေ့စဉ်နှင့်အမျှ ဝယ်ယူ/ ရောင်းချလျက် ရှိကြပါသည်။

              ပင်လုံဈေးအတွင်းရောင်းချနေသည့် ဘုရားပန်းဈေးနှုန်းများအနေဖြင့် မိမိတို့ ဒေသအတွင်းမှ ထွက်ရှိသော သပြေပန်း တစ်စီးလျင် ( ၁၀၀၀ ) ကျပ်၊ သစ္စာပန်း တစ်စီးလျင် ( ၂၅၀၀ ) ကျပ်၊ ပန်းထိန်ငိုပန်း တစ်စီးလျှင် ( ၃၀၀၀ ) ကျပ်နှင့် အောက်ပိုင်းဒေသများမှ မှာယူရောင်းချရသည့် နှင်းဆီပန်း အပွင့်သေး ( ၁၀ ) ပွင့်ပါ တစ်စီးလျင် ( ၄၀၀၀ ) ကျပ်၊ အပွင့်ကြီး ( ၁၀ ) ပွင့်ပါ တစ်စီးလျင် ( ၇၀၀၀ ) ကျပ်နှင့် ဂန္ဓာမာပန်း တစ်စီးလျင် ( ၇၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မာလကာသီး၏ကျန်းမာရေးအကျိုးပြုပုံနှင့်ဈေးနှုန်းဈေးကွက်

   မာလကာသီးသည်ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရှိသည့်အပြင် ဗီတာမင်C၊ ဗီတာ မင်A၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နှင့် Thiamine တို့ပါဝင်ပါသည်။  မာလကာသီးသည်လေပွခြင်းကိုသက်သာစေပြီး  အစာကြေလွယ်ခြင်း၊ အရောင်ကျစေသည့်အပြင်  ပိုးမွှားများကိုလည်းသေစေနိုင်ပါသည်။ မာလကာသီး၏ကျန်းမာရေးအကျိုးပြုပုံများမှာ သွေးတိုး ကျစေနိုင်ခြင်း၊ ဝမ်းချုပ်ခြင်းကိုသက်သာစေခြင်း၊ ဆီးကျိတ်ကင်ဆာကိုကာကွယ်ပေးခြင်း၊ အစာ အိမ်အချဉ်ပေါက်ခြင်းမှကာကွယ်ပေးခြင်း၊ ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ပေးခြင်း၊ အမျှင် ဓာတ်ပြည့်ဝစွာပါဝင်သောကြောင့် အူအတွင်းသည်းခြေရည်စုပ်ယူခြင်းမှ ကာကွယ်ပေးပြီး သွေး တွင်း ကိုလက်စထရောကိုလျော့ချပေးခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင် ပါသည်။ ယခုအခါ မာလကာသီးသည်ရာသီပေါ် အသီးဖြစ်သည့်အတွက် သစ်သီးဆိုင်များနှင့် ဈေးထဲတွင် မာလကာသီးကိုဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူစားသုံးနိုင်ပြီး တစ်လုံးလျှင်(၅၀၀) ကျပ်နှုန်းဖြင့်အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)

ကျန်းမားရေးအတွက်များစွာအထောက်အကူပေးလျက်ရှိသော နာနတ်သီးနှင့်ဖရဲသီးဈေးနှုန်းများ

   မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ သစ်သီးအရောင်းဆိုင်များတွင် ရာသီပေါ် အသီး ဖြစ်သည့် နာနတ်သီးနှင့်ဖရဲသီးများကို ရောင်းချလျက်ရှိသည်။ နာနတ်သီးသည်ချိုချဉ် အရသာရှိပြီး လူအများစုကြိုက်နှစ်သက်ကြသည့် အသီးတစ်မျိုးဖြစ်သည်။ အရောင်အဆင်းသည်လည်း ဝင်းဝင်း ဝါဝါဖြင့်ဆွဲဆောင်မှုရှိပြီး စားချင်စဖွယ်ကောင်းသည့် ရာသီပေါ်သီးနှံလည်း ဖြစ်သောကြောင့် မြန်မာ လူမျိုးများနှစ်နှစ်ခြိုက်ခြိုက်စားသုံးကြပါသည်။ နာနတ်သီးကို မြင်းခြံမြို့ရှိသစ်သီးအရောင်းဆိုင်များ တွင် တစ်လုံးလျှင်(၁၅၀၀-၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဖရဲသီးသည်ရေဓာတ် ပြည့်ဝစွာပါဝင်သည့်အသီးတစ်မျိုးဖြစ်ပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြပါသည်။ ဖရဲသီး သည်အချိုတည်းရန် အတွက်သာမကဘဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း များစွာအထောက် အကူပြုပါသည်။ ဖရဲသီးစားသုံးခြင်းဖြင့် ကျောက်ကပ်ဝေဒနာများကိုသက်သာစေနိုင်ခြင်း၊ အပူလျှပ် ခြင်းမှကာကွယ်ပေးနိုင်ခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ခြင်း၊ ကင်ဆာရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း၊ ဆီးချိုကိုထိန်းညှိပေးနိုင်ခြင်း၊ နှလုံးကျန်းမာစေခြင်း၊ အမြင်အာရုံပျက်စီးမှုကို ကာကွယ် ပေးခြင်း၊ ကြွက်သားနာကျင်ခြင်းများကို သက်သာစေနိုင်ခြင်း၊ အသားအရေနှင့်ဆံသားကို ကောင်း မွန်စေနိုင်ခြင်း စသည့်ကျန်းမာရေးအကျိုး ကျေးဇူးများစွာကိုရရှိနိုင်ပါသည်။ ထိုသို့ကျန်းမာရေး အတွက်များစွာ အထောက်အကူပြုသော ဖရဲသီးကို မြင်းခြံမြို့ရှိ သစ်သီးအရောင်းဆိုင်များတွင် အလုံးသေးတစ်လုံးလျှင်(၁၀၀၀-၁၅၀၀) ကျပ်၊ အကြီးတစ်လုံးလျှင်(၃၅၀၀-၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးအရောင်းဆိုင်များမှ သိရှိရသည်။

DOCA(မန္တလေး)

ပခုက္ကူမြို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မတ်ပဲသီးနှံဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ် စိုက် ပျိုးလျက်ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၃၀၀၀)ခန့် စိုက်ပျိုးပြီး ရေစကြိုမြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်အရောင်း အဝယ်ဖြစ်သည့် အပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

              မတ်ပဲဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ မတ်ပဲတစ်တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ်(၈၉၀၀၀ မှ ၈၈၀၀၀) ဈေးရှိပြီး ယခင်ဩဂုတ်လ (ဒုတိယပတ်)တွင် ကျပ်(၈၆၀၀၀-၈၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ် အတွင်း မတ်ပဲတစ်တင်းလျှင် ကျပ်(၃၀၀၀)ခန့် ဈေးနှုန်းမြင့်တက် လာကြောင်း သိရှိရသည်။ မတ်ပဲ သီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာမှုရှိကြောင်း၊ ပြည်ပဈေးကွက်အပေါ် မူတည်၍ ဈေးနှုန်းအနိမ့်အမြင့်ရှိ ကြောင်း ပဲဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း