
ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်း၊ ခိုင်ရွှေဝါပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များသော နှင်းဆီပန်းများနှင့် ခိုင်ရွှေဝါပန်းများကို ကန့်ဘလူမြို့ပေါ်နှင့် ဒေသအနီးတစ်ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိသလို နှင်းဆီပန်းများကို ပြင်ဦးလွင်မြို့မှလည်း မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လူကြိုက်များသော နှင်းဆီပန်းများမှာ ဘုရားပန်းအတွက် သာမက လက်ဆောင်ပေးရာ၌လည်း အဓိကထားအသုံးပြုကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၊ ပထမပတ်အတွင်း နှင်းဆီပန်းအကြီး(၁)ပွင့်လျှင် (၇၀၀)ကျပ်၊ အသေး (၁)ပွင့်လျှင် (၅၀၀)ကျပ် နှင့်ခိုင်ရွှေဝါပန်း(၁)စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံရောင်းဝယ် ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)