မုံရွာမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော နနွင်းဈေးနှုန်း

Powered by Drupal

    အိမ်တိုင်းတွင် မရှိ‌မဖြစ်သုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များရှိသည့်အနက် နနွင်းမှုန့်သည်လည်း‌ ရေး ပါ  ခဲ့သည်။  နနွင်းမှုန့်ကို ဟင်းချက်ရာတွင်သာမက ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြပါသည်။ နနွင်းမှုန်သည် အဆစ်အမြစ်ကိုက်ခဲခြင်း၊ လေးဘက်နာရောဂါ၊ ရင်ပူခြင်း၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ‌အရေပြားရောင်ရမ်းခြင်း အစရှိသည့်ရောဂါများအတွက် အထောက်အအကူပြုပါသည်။

          နနွင်းပင်ကို တောင်ယာမြေတွင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် နှစ်ရှည်ပင်များဖြစ်သော  သရက်ပင်၊ လျှော်ဖြူပင် စသည့်အရိပ်ရသောအပင်များအကြားတွင်စိုက်ပျိုးကြသည်။ နနွင်းပင်မှ နွင်းဖူးများကိုလည်း လူကြိုက်များသဖြင့် ခူးဆွတ်ရောင်းချနိုင်ပါသည်။

          ၂၀၂၅ခုနစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့အတွင်းရောင်းချနေသော နနွင်းတက်စျေးနှုန်း မားမှာ ၁ ဆယ်သားလျှင် (၁,၀၀၀) ကျပ်နှုန်း၊ ၁ ပိသာလျှင် (၁၀,၀၀၀) ကျပ်နှုန်း ဖြင့် ရောင်းချလျက်ရှိပါသည်။နနွင်းကျိတ်သား အစစ်မှုန့်စျေးနှုန်းမှာ ၁ ဆယ်သားလျှင် (၁၅၀၀) ကျပ် နှုန်း၊ ၁ ပိသာလျှင် (၁၅,၀၀၀) ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်စုံဆိုင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)