ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့ငါးဈေးကွက်ရှိ ငါးကြင်း၊ ငါးမြင်းနှင့် ငါးတန်ဈေးနှုန်းများ

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ၊ အသားဈေးနှုန်းနှင့် ငါးဈေးနှုန်းများကို စာရင်းကောက်ယူပြုစု၍ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         ကန့်ဘလူမြို့ငါးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ တတိယပတ်အတွင်း ရောင်းချနေသော ငါးကြင်း()ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀၀)ကျပ်၊ ဩဂုတ်လ တတိယ ပတ်အတွင်း ငါးမြင်း()ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်နှင့် ငါးတန် ()ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ငါးများကိုစားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူလျက် ရှိကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

သကြားစားသုံးခြင်းကြောင့်ဖြစ်လာနိုင်သောနောက်ဆက်တွဲဆိုးကျိုးများ

   သကြားဆိုသည်မှာ များသောအားဖြင့် အစားအစာများနှင့်‌သောက်စရာများတွင် ပါလေ့ရှိ သော ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်ပါသည်။ ကော်ဖီနှင့်အခြားသော မြန်မာမုန့်များစားသည့် အခါ တွင်လည်း သကြားကိုတွဲဖက်၍ စားလေ့ရှိကြပါသည်။ ဟင်းချက်သည့်အခါထည့်သုံးလေ့ရှိကြသလို သစ်သီးဖျော်ရည်များတွင်လည်းထည့်ကြပါသည်။ အချိုပွဲတော်တော်များများတွင်လည်း သကြားသည်မပါမဖြစ်အသုံးပြုကြပါသည်။ သကြားသည်စွဲလမ်းတတ်စေသောသဘောရှိပါသည်။ အချို ရည်များ၊ ဒိုးနပ်စ်များ၊ မုန့်ချိုချိုလေးများကို တစ်ခါလောက်စားပြီးပါက နောက်ထပ်စားချင်လာခြင်း မှာ သကြားကြောင့်ဖြစ်လာသောစွဲလမ်းမှု့ကြောင့်ဖြစ်ပါသည်။ ခန္ဓာကိုယ်တွင်အင်အားပြည့်ဝစေဖို့  သကြားဓာတ်ကိုလိုအပ်သော်လည်း အများအပြားစားသုံးမိပါက နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သည့် အဝလွန်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း၊ အာဟာရချို့တဲ့စေခြင်း၊ ဆီးချိုဖြစ်နိုင် ခြေများခြင်းစသည့်ရောဂါများအပြင် အသည်းအဆီဖုံးခြင်း၊ ဝက်ခြံဖြစ်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်း ရင့်ရော်ခြင်း၊ ဂေါက်ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့်သိမြင်မှု စွမ်းရည်ကျဆင်း မှုများကိုခံစားရနိုင်ပါသည်။ သကြားသည်အများအပြားစားသုံးလျှင် ဆိုးကျိုးများရှိသော်လည်း သကြားနှင့်ပြုလုပ်ရသော မြန်မာမုန့်များရောင်းချသူများအနေဖြင့် သကြားကို ဝယ်ယူသုံးစွဲကြရပါသည်။ သကြားကိုကုန်စုံဆိုင်များနှင့် ဈေးများတွင် တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

 DOCA(မန္တလေး)

ပရိုတင်းဓာတ်ကြွယ်ဝသော ကြက်သား၏ဈေးနှုန်းဈေးကွက်

    ကြက်သားသည် နေမကောင်းဖြစ်နေသူများအတွက်စားရသော ဓာတ်စာတင် မဟုတ်ဘဲ နေကောင်းနေသူများအတွက်လည်း ကိုယ်ခံအားကိုအကောင်းဆုံးဖြစ်အောင် ကူညီထောက်ပံ့ပေး သောအစားအစာတစ်မျိုးဖြစ်ပါသည်။ ကြက်သားတွင်အသီးအရွက်များတွင် မရနိုင်သောပရိုတင်း ဓာတ်ကိုပေးစွမ်းနိုင်ပြီး အဆီမပါသောကြက်သားတွင်ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်ပါသည်။ ကြွက်သားများဖြစ်ပေါ်စေရန်အတွက် အရေခွံမပါသောကြက်သားကို စားသုံးပေးနိုင်ပါသည်။ ကြက်သားတွင် ပရိုတင်းဓာတ်အပြင် ကယ်လ်ဆီယမ်၊ phosphorusစသည့် သတ္ထုဓာတ်များစွာ ပါဝင်သောကြောင့် အရိုးအဆစ်များကိုသန်မာစေရန်အတွက်လည်း အကောင်းဆုံးအားဖြည့်ပေးပါ သည်။ ကြက်စွပ်ပြုတ်ပြုလုပ်သောက်သုံးခြင်းဖြင့် အ‌အေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ အသက်ရှူ လမ်းကြောင်းပိုးဝင်ကူးစက်ခြင်းများကို အထိရောက်ဆုံးသက်သာစေနိုင်ပါသည်။ ကြက်သားတွင် ရုတ်တရက်နှလုံးရပ်ခြင်းကို ကာကွယ်‌ပေးနိင်သော ဗီတာမင်B6ကြွယ်ဝစွာပါဝင်သောကြောင့် နှလုံး ကျန်းမာရေးကို အထောက်အကူပေးပါသည်။ ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုသော ကြက်သားသည် အိမ်ရှင်မတိုင်းအတွက် ချက်ပြုတ်ရာတွင်လည်း လွယ်ကူမြန်ဆန်ပြီး ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်သောကြောင့် အဆင်ပြေသော ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ မြင်းခြံမြို့၊ အေးမြသီတာဈေးရှိ အသားရောင်းသောဆိုင်များတွင် ကြက်သား (ပေါင်ခြမ်း) ၂၅ ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ ကြက်သား(ရင်ဘုံ) ၂၅ကျပ်သားလျှင် (၆၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

DOCA (မန္တလေး)

ဩဇာသီး၏ကျန်းမာရေးကောင်းကျိုးများနှင့်ဈေးနှုန်းဈေးကွက်

  ဩဇာသီးသည် အရသာကောင်းမွန်သလို ကျန်းမာရေးကိုအလွန်အထောက်အကူပြုသော အသီးတစ်မျိုးလည်းဖြစ်ပါသည်။ ဩဇာသီးတွင် ဗီတာမင်B၊ ဗီတာမင်B6၊ ဗီတာမင်Cနှင့် Antioxidant များပါဝင်သောကြောင့် အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နှင့်နှလုံးတို့ကို အထောက်အကူပြုသော အသီးတစ်မျိုးဖြစ်ပါသည်။ ဩဇာသီး၏ကျန်းမာရေး ကောင်းကျိုးများမှာ ကယ်လိုရီအများအပြားပါဝင်သောကြောင့် ကိုယ်အလေးချိန်တိုးစေခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ခွန်အားဖြည့်တင်းပေးခြင်း၊ ကင်ဆာရောဂါများကို တိုက်ဖျတ်နိုင်စွမ်းရှိခြင်း၊ ဦးနှောက်ကိုကျန်းမာစေခြင်း၊ သွားများကိုခိုင်မာစေခြင်း၊ သွေးအားနည်းရောဂါများကို သက်သာ စေခြင်း၊ အမြင်အာရုံကိုကြည်လင်စေခြင်း၊ အဆစ်ရောင်နာများကိုသက်သာစေခြင်း၊ နှလုံးနှင့်သက် ဆိုင်သောရောဂါများကိုသက်သာစေခြင်း၊ ဆီးချိုရောဂါများကိုတားဆီးပေးနိုင်ခြင်း၊ အစာခြေစနစ် ကိုအားကောင်းစေခြင်း၊ အသားအရေနှင့်ဆံပင်ကို အားဖြည့်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ အတွက်လည်းဓာတ်စာအဖြစ်အသုံးပြုနိုင်ခြင်း၊ သန္ဓေသား၏ဦးနှောက်ကိုဖွံ့ဖြိုးစေခြင်း၊ သံဓာတ် ပါဝင်မှုနည်းခြင်း၊ အရေပြားကူးစက်မှုရောဂါများကို သက်သာစေခြင်းနှင့်အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကိုရရှိစေပါသည်။ ထိုသို့ကျန်းမာရေး အတွက်အကျိုးကျေးဇူးများစွာရရှိစေနိုင်သော ဩဇာသီးကို မြင်းခြံမြို့၊ အေးမြသီတာဈေးနှင့် သစ်သီးအရောင်းဆိုင်များတွင် တစ်လုံးလျှင် (၂၀၀-၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရှိရသည်။

DOCA( မန္တလေး)

ကလေးမြို့ရှိ ပန်းဈေးနှုန်း/ ဈေးကွက်အခြေအနေ

              မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအများစုနေထိုင်သည့်အတွက် အိမ်တိုင်းတွင် ဘရားစင်များထားရှိကာ သဒ္ဓါကြီးစွာဖြင့် လှူဒန်းကြသော ပန်းတစ်ပွင့် ပန်းတစ်ခက်မှ စ၍ ပန်းလှူဒါန်းခြင်း၊ ယတြာပန်း ကုန်သိုလ်အဖြစ်လှူဒါန်းခြင်းများသည် နေ့စဉ်နှင့်အမျှ ဝယ်ယူ/ ရောင်းချလျက် ရှိကြပါသည်။

              ပင်လုံဈေးအတွင်းရောင်းချနေသည့် ဘုရားပန်းဈေးနှုန်းများအနေဖြင့် မိမိတို့ ဒေသအတွင်းမှ ထွက်ရှိသော သပြေပန်း တစ်စီးလျင် ( ၁၀၀၀ ) ကျပ်၊ သစ္စာပန်း တစ်စီးလျင် ( ၂၅၀၀ ) ကျပ်၊ ပန်းထိန်ငိုပန်း တစ်စီးလျှင် ( ၃၀၀၀ ) ကျပ်နှင့် အောက်ပိုင်းဒေသများမှ မှာယူရောင်းချရသည့် နှင်းဆီပန်း အပွင့်သေး ( ၁၀ ) ပွင့်ပါ တစ်စီးလျင် ( ၄၀၀၀ ) ကျပ်၊ အပွင့်ကြီး ( ၁၀ ) ပွင့်ပါ တစ်စီးလျင် ( ၇၀၀၀ ) ကျပ်နှင့် ဂန္ဓာမာပန်း တစ်စီးလျင် ( ၇၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မာလကာသီး၏ကျန်းမာရေးအကျိုးပြုပုံနှင့်ဈေးနှုန်းဈေးကွက်

   မာလကာသီးသည်ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရှိသည့်အပြင် ဗီတာမင်C၊ ဗီတာ မင်A၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နှင့် Thiamine တို့ပါဝင်ပါသည်။  မာလကာသီးသည်လေပွခြင်းကိုသက်သာစေပြီး  အစာကြေလွယ်ခြင်း၊ အရောင်ကျစေသည့်အပြင်  ပိုးမွှားများကိုလည်းသေစေနိုင်ပါသည်။ မာလကာသီး၏ကျန်းမာရေးအကျိုးပြုပုံများမှာ သွေးတိုး ကျစေနိုင်ခြင်း၊ ဝမ်းချုပ်ခြင်းကိုသက်သာစေခြင်း၊ ဆီးကျိတ်ကင်ဆာကိုကာကွယ်ပေးခြင်း၊ အစာ အိမ်အချဉ်ပေါက်ခြင်းမှကာကွယ်ပေးခြင်း၊ ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ပေးခြင်း၊ အမျှင် ဓာတ်ပြည့်ဝစွာပါဝင်သောကြောင့် အူအတွင်းသည်းခြေရည်စုပ်ယူခြင်းမှ ကာကွယ်ပေးပြီး သွေး တွင်း ကိုလက်စထရောကိုလျော့ချပေးခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင် ပါသည်။ ယခုအခါ မာလကာသီးသည်ရာသီပေါ် အသီးဖြစ်သည့်အတွက် သစ်သီးဆိုင်များနှင့် ဈေးထဲတွင် မာလကာသီးကိုဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူစားသုံးနိုင်ပြီး တစ်လုံးလျှင်(၅၀၀) ကျပ်နှုန်းဖြင့်အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)

ကျန်းမားရေးအတွက်များစွာအထောက်အကူပေးလျက်ရှိသော နာနတ်သီးနှင့်ဖရဲသီးဈေးနှုန်းများ

   မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ သစ်သီးအရောင်းဆိုင်များတွင် ရာသီပေါ် အသီး ဖြစ်သည့် နာနတ်သီးနှင့်ဖရဲသီးများကို ရောင်းချလျက်ရှိသည်။ နာနတ်သီးသည်ချိုချဉ် အရသာရှိပြီး လူအများစုကြိုက်နှစ်သက်ကြသည့် အသီးတစ်မျိုးဖြစ်သည်။ အရောင်အဆင်းသည်လည်း ဝင်းဝင်း ဝါဝါဖြင့်ဆွဲဆောင်မှုရှိပြီး စားချင်စဖွယ်ကောင်းသည့် ရာသီပေါ်သီးနှံလည်း ဖြစ်သောကြောင့် မြန်မာ လူမျိုးများနှစ်နှစ်ခြိုက်ခြိုက်စားသုံးကြပါသည်။ နာနတ်သီးကို မြင်းခြံမြို့ရှိသစ်သီးအရောင်းဆိုင်များ တွင် တစ်လုံးလျှင်(၁၅၀၀-၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဖရဲသီးသည်ရေဓာတ် ပြည့်ဝစွာပါဝင်သည့်အသီးတစ်မျိုးဖြစ်ပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြပါသည်။ ဖရဲသီး သည်အချိုတည်းရန် အတွက်သာမကဘဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း များစွာအထောက် အကူပြုပါသည်။ ဖရဲသီးစားသုံးခြင်းဖြင့် ကျောက်ကပ်ဝေဒနာများကိုသက်သာစေနိုင်ခြင်း၊ အပူလျှပ် ခြင်းမှကာကွယ်ပေးနိုင်ခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ခြင်း၊ ကင်ဆာရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း၊ ဆီးချိုကိုထိန်းညှိပေးနိုင်ခြင်း၊ နှလုံးကျန်းမာစေခြင်း၊ အမြင်အာရုံပျက်စီးမှုကို ကာကွယ် ပေးခြင်း၊ ကြွက်သားနာကျင်ခြင်းများကို သက်သာစေနိုင်ခြင်း၊ အသားအရေနှင့်ဆံသားကို ကောင်း မွန်စေနိုင်ခြင်း စသည့်ကျန်းမာရေးအကျိုး ကျေးဇူးများစွာကိုရရှိနိုင်ပါသည်။ ထိုသို့ကျန်းမာရေး အတွက်များစွာ အထောက်အကူပြုသော ဖရဲသီးကို မြင်းခြံမြို့ရှိ သစ်သီးအရောင်းဆိုင်များတွင် အလုံးသေးတစ်လုံးလျှင်(၁၀၀၀-၁၅၀၀) ကျပ်၊ အကြီးတစ်လုံးလျှင်(၃၅၀၀-၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးအရောင်းဆိုင်များမှ သိရှိရသည်။

DOCA(မန္တလေး)

ပခုက္ကူမြို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မတ်ပဲသီးနှံဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ် စိုက် ပျိုးလျက်ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၃၀၀၀)ခန့် စိုက်ပျိုးပြီး ရေစကြိုမြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်အရောင်း အဝယ်ဖြစ်သည့် အပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

              မတ်ပဲဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ မတ်ပဲတစ်တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ်(၈၉၀၀၀ မှ ၈၈၀၀၀) ဈေးရှိပြီး ယခင်ဩဂုတ်လ (ဒုတိယပတ်)တွင် ကျပ်(၈၆၀၀၀-၈၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ် အတွင်း မတ်ပဲတစ်တင်းလျှင် ကျပ်(၃၀၀၀)ခန့် ဈေးနှုန်းမြင့်တက် လာကြောင်း သိရှိရသည်။ မတ်ပဲ သီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာမှုရှိကြောင်း၊ ပြည်ပဈေးကွက်အပေါ် မူတည်၍ ဈေးနှုန်းအနိမ့်အမြင့်ရှိ ကြောင်း ပဲဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ မြေပဲဈေးနှုန်းပြန်လည်မြင့်တက်လာ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံအဓိကထားစိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်သို့ ဆီထွက်သီးနှံမြေပဲများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် မြေပဲဈေးအနည်းငယ် ပြန်လည်မြင့်တက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်တို့တွင် ဆီထွက်သီးနှံမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိသည်။ ယခုအချိန်တွင် မြေပဲ(အသစ်)များ ပခုက္ကူဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ခရိုင် အတွင်း၌ မြေပဲသီးနှံ(အသစ်)ထွက်ပေါ်ခြင်းမရှိသေးသော်လည်း အခြားမြို့နယ်များဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ကျေးရွာများနှင့် ထွက်ရှိသော(မိုး)ပင်ပြန့်မြေပဲအတောင့်အဆံများ လှိုင်လှိုင်ဝင်ရောက် လျက်ရှိပြီး မြို့ပေါ်ရှိ လုပ်ငန်းရှင်များမှလည်းမြေပဲဆီသန့်ထုတ်လုပ်ရန် ကုန်ကြမ်းမြေပဲတောင့်များ ကို စတင်သိုလှောင်ထားရှိကြောင်း၊ ပြည်တွင်းဖြစ်မြေပဲဆီသန့် စားသုံးမှုမြင့်မားလျက်ရှိ၍ ဈေးကွက် သို့ ဝင်ရောက်လာသောမြေပဲအတောင့်နှင့်အဆံများကို မြို့ပေါ်ရှိလှောင်လက်သမားများ၊ ဆီစက် လုပ်ငန်းရှင်များအဝယ်လိုက်ခြင်းအပြင် ပြည်ပတရုတ်နိုင်ငံမှလည်းအဝယ်လိုက်ပြီး မြေပဲတောင့်/ အဆံမှာ အရည်အသွေးနှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေးအနိမ့်၊အမြင့်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရသည်။

          ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသောမြေပဲဈေးနှုန်းများမှာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် မြေပဲအတောင့်(အခြောက်) တစ်ပိဿာလျှင် ကျပ်(၄၅၀၀ - ၄၀၀၀ - ၂၅၀၀)၊ မြေပဲတောင့်(အစို)တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၂၉၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၈၀၀၀-၇၈၀၀-၇၇၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ လျှင် ကျပ်(၇၈၀၀-၇၆၀၀-၇၅၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၇၀၀၀-၆၀၀၀-၅၉၀၀)၊ ဆုံမြေပဲ ဖတ်(အခွေ) တစ်ပိဿာလျှင် ကျပ်(၄၂၀၀-၄၁၅၀)၊ စက်ပဲဖတ် တစ်ပိဿာလျှင် ကျပ်(၄၃၀၀-၄၃၅၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ဩဂုတ်လ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မြေပဲဆံတစ်ပိဿာလျှင် ကျပ်(၁၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့် ဈေးအနည်းငယ် ပြန်လည်မြင့်တက် အရောင်းအဝယ် ဖြစ်ကြောင်း၊ ဒေသတွင်းဈေးကွက်၌ မြေပဲဆီတစ်ပိဿာလျှင် ကျပ်(၁၈၅၀၀-၁၈၀၀၀) ဈေးအသီးသီး ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မြေပဲဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများခြင်းအပြင် မန္တလေး ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း၊ ပြည်တွင်း မြေပဲဆီစားသုံးမှု မြင့်မားလျက်ရှိ၍ ဆီစက်လုပ်ငန်းရှင်များမှ  ဝယ်လိုအားကောင်းခြင်းကြောင့် ပခုက္ကူ မြေပဲဈေးကွက် အရောင်းအဝယ်သွက်ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

မုံရွာမြို့တွင် ရောင်းချနေသော ‌အာလူး ဈေးနှုန်း အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  အာလူးသီးများ ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ဈေးကွက်အတွင်းရောင်းချနေသော အာလူးသီးများကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့ ဒေသများနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသများတွင် စိုက်ပျိုးကြသည်။ ယခုဩဂုတ်လတတိယအပတ်အတွင်း ဖြစ်ပေါ်နေသော အာလူးဈေးနှုန်းမှာ () ပိဿာလျှင် (၅၅၀၀)ကျပ်မှ (၆၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း အာလူး သီးရောင်းချသူထံမှ သိရှိရ ပါသည်။

DOCA (စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း