ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 ဈေးနှုန်း ဆက်လက်ကျဆင်းလျက်ရှိသော မျှစ်စိမ်း နှင့် မျှစ်ပြုတ်

                          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။

          ဩဂုတ်လ ဒုတိယပတ်အတွင်း မျှစ်စိမ်း တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဩဂုတ်လ တတိယပတ်အတွင်း မျှစ်စိမ်း တစ်ပိဿာလျှင်(၂၂၀၀)ကျပ်၊ (၅)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၁၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် မျှစ်စိမ်း တစ်ပိဿာလျှင်(၃၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ ဆက်လက်ကျ ဆင်းလျက်ရှိပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါသည်။

DOCA (စစ်ကိုင်း)

 

စွန်တာနီပဲ(ခေါ်)ပဲနီရေပွ နှင့်စားတော်ပဲပြုတ် ဈေးနှုန်း

           ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ စသည့်တို့အနက်မှ စွန်တာနီပဲ(ခေါ်)ပဲနီ နှင့် စားတော်ပဲတို့ကိုလည်း ကန့်ဘလူမြို့ ပွဲရုံများနှင့်ကျွန်းလှမြို့ပေါ်ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ပိတောက်မြိုင်ဈေး၏ စွန်တာနီပဲ (ခေါ်)ပဲနီရေပွ ဈေးနှုန်းအနေဖြင့် စွန်တာနီပဲ(ခေါ်)ပဲနီရေပွဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင်(၄၈၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၂၄၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ် နှင့် စားတော် ပဲပြုတ် လဖက်ရည်သောက်ပန်းကန် တစ်လုံးလျှင်(၅၀၀)ကျပ်၊ ငွေကျပ်(၂၀၀၀)ဖိုးလျှင်(၅)ပန်ကန်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲရေပွနှင့်စားတော်ပဲပြုတ် ရောင်းချ သူထံ မှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ပြောင်းချို ဈေးနှုန်း

                            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျှက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေ ဖြင့် ပြောင်းချိုပင်များ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

              ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်း အနေဖြင့် ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၈၀၀)ကျပ်၊ ပြောင်းချို အဖူးလတ် တစ်ဖူးလျှင်(၇၀၀)ကျပ်၊ ငွေကျပ်(၂၀၀၀)ဖိုးလျှင်(၃)ဖူး နှင့် ပြောင်းချို အဖူးသေး တစ်ဖူးလျှင်(၅၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင် (၂)ဖူး ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

DOCA (စစ်ကိုင်း)

‌ မုံရွာမြို့တွင် ရောင်းချနေသော ပန်းဂေါ်ဖီနှင့် မုန့်ညှင်းရွက် ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ပန်းဂေါ်ဖီများ ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။ ပန်းဂေါ်ဖီမှာ အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး  ဗီတာမင်C၊ ပိုတက်ဆီယမ်၊ ဗီတာမင်Bနဲ့ ကယ်ဆီယမ် ဓာတ်တစ်ချို့နဲ့သံဓာတ်တို့ ပါဝင်သောကြောင့် ကျန်းမာရေး အတွက် ကောင်းမွန်ကြောင်းသိရှိရပါသည်။

          ယခု ဩဂုတ်လတတိယအပတ်အတွင်း ဖြစ်ပေါ်နေသော  ရောင်းချနေသော ကုန်စိမ်းသည် များထံမှ ပန်းဂေါ်ဖီစိမ်းစျေးနှုန်း (၁၀၀၀-၁၂၀၀)ကျပ်၊ မုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာလည် (၃၀၀-၇၀၀) ကျပ်ထိ ရောင်းချလျက် ရှိကြောင်း ကုန်စိမ်း ရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

တစ်ပတ်အတွင်း ဈေးမြင့်တက်လာသော နေကြာစေ့လှော် ဈေးနှုန်း

                           ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

             ၂၀၂ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နေကြာစေ့ ဈေးနှုန်း အနေဖြင့် နေကြာစေ့ လက်က္ကား တစ်ပြည်လျှင်(၇၅၀၀)ကျပ်၊ နေကြာစေ့ လက်လီ တစ်ပြည်လျှင်(၈၀၀၀)ကျပ် နှင့် နေကြာစေ့ နို့ဆီဘူး(၁)ဘူးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နေကြာစေ့ ဈေးနှုန်း အနေဖြင့် နေကြာစေ့ လက်က္ကား တစ်ပြည်လျှင်(၉၃၀၀)ကျပ်၊ နေကြာစေ့ လက်လီ တစ်ပြည်လျှင်(၉၆၀၀)ကျပ် နှင့် နေကြာစေ့ နို့ဆီဘူး (၁)ဘူးလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA (စစ်ကိုင်း)

ပခုက္ကူဈေးကွက်တွင် ပဲတီစိမ်းသီးနှံလှိုင်လှိုင်ဝင်ရောက်အရောင်းအဝယ်ဖြစ်နေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ပေါက်၊ရေစကြိုနှင့် ဆိပ်ဖြူမြို့နယ် အတွင်းရှိကျေးရွာများတွင် ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးရာမှ ပဲတီစိမ်းသီးနှံကိုလည်းမိုး၊ဆောင်းနှစ်ရာသီစိုက်ပျိုးကြရာ မိုးပဲတီစိမ်းကို စိုက် ဧက () သောင်းခန့်စိုက်ပျိုးကြောင်း သိရှိရသည်။

          မိုးပဲတီစိမ်းကို မတ်လတွင် စတင်စိုက်ပျိုးပြီး ဇွန်၊ဇူလိုင်လတွင် သီးနှံစတင်ထွက်ပေါ်ကြောင်း၊ ပဲတီစိမ်းမြကြေးမှုံ၊ ကျောက်စိမ်း၊ ပဲတီစိမ်း၊ ပဲနောက်သေးမျိုးများကိုစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာ တွင် မြေပြုပြင်ပြီးနွားရှဉ်းဖြင့်ကြောင်းဆွဲပြီး အစေ့ချစနစ်ဖြင့် ပင်ကြား()လက်မ၊ တန်းခြား() ပေအကွာဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ()ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ တစ်ဧကလျှင် စုစုပေါင်းငွေ ကျပ်()သိန်းခန့် ကုန်ကျကြောင်း၊ စ်ဧကပျှမ်းမျှအ ထွက်တင်းမှာ (၁၀-၁၅)တင်းခန့် ထွက်ရှိပြီး စိုက်ပျိုးမြေနှင့်ရာသီဥတုပေါ်မှုတည်၍ သီးနှံအထွက် နှုန်းကွာခြားမှုရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ()ဧကလျှင် ငွေကျပ်()သိန်းမှ ()သိန်းထိ ရရှိကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ပခုက္ကူပဲမျိုးစုံဈေးကွက်၌ ပဲတီစိမ်းသီးနှံများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ဈေးအနည်းငယ်ကျဆင်နေကြောင်း၊ တစ်ရက်လျှင် ပဲတီစိမ်းပိဿာ (၃၀)ဝင် အိတ်(၃၀၀-၃၅၀)ခန့် ဝင်ရောက်ပြီး ရေစကြိုမြို့နယ်ထွက် ပဲတီစိမ်းများအများဆုံးဝင် ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စဇွန်လတွင် ပဲတီစိမ်း တစ်တင်းလျှင်ကျပ်(၁၂၀၀၀၀-၁၃၂၀၀၀) ဈေးဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇူလိုင်လတွင် ပဲတီစိမ်း တစ်တင်းလျှင်ကျပ်(၁၀၀၀၀၀-၁၃၀၀၀၀)ဈေးဖြင့် ဈေးအနည်းငယ်ကျဆင်းအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုဩဂုတ်လ(ဒုတိယပတ်)တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ်(၉၅၀၀၀-၁၂၅၀၀၀)ဈေးဖြင့် ဈေးဆက်လက်ကျဆင်း အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူပွဲရုံများသို့ ဝင် ရောက်လာသည့် ပဲတီစိမ်းများကိုဒေသတွင်းဖြန့်ဖြူးမှုအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ လျက်ရှိပြီးထိုမှ တစ်ဆင့် တရုတ်၊ဗီယက်နန်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

 နနွင်းတက်နှင့် နနွင်းမှုန့်အစစ် ဈေးနှုန်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ  ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေ ဖြင့် လည်းကောင်း  အပိုဝင်ငွေရရှိရန် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင် သီးနှံများဖြစ်သော ကြက်သွန်ဖြူ/နီ၊ ငရုပ် သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း စိုက်ပျိုးကြပါသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော နနွင်းတက် ဈေးနှုန်း အနေဖြင့် နနွင်းတက် တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ နနွင်းတက်(၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ် နှင့် နနွင်းတက်(၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ်၊ နနွင်းမှုန့် အစစ် ဈေးနှုန်း အနေဖြင့် နနွင်းမှုန့်အစစ် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ နနွင်းမှုန့် အစစ်(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် နနွင်းမှုန့် အစစ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

DOCA (စစ်ကိုင်း)

‌ မုံရွာမြို့တွင် ရောင်းချနေသော ထောပတ်သီးနှင့် နာနတ်သီး ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ထောပတ်သီးများနှင့် နာနတ်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းပါကြောင်း၊ နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အများအားဖြင့်အခွံနွှာ၍ အသင့်စားသုံးနိုင်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည့်ဖြင့် ကိုယ်ကြိုက်နှစ်သက်သလို စားသုံးနိုင်ပါသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လတတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ  အသေး (၁)လုံးလျှင် (၇၀၀) ကျပ်၊ အလတ်(၁)လုံးလျှင် (၈၀၀) ကျပ်နှင့် အကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ်၊ နာနတ်သီးဈေးနှုန်းမှာ အသေး (၁)လုံး လျှင် (၁၅၀၀) ကျပ်နှင့် အကြီး (၁)လုံးလျှင် (၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 ကျွန်းလှမြို့၏  တီလားဗီးယားငါး နှင့် ငါးလေးဒေါင့် ဈေးနှုန်း

                                    ကျွန်းလှမြို့တွင်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

                 ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့် တီလားဗီးယားငါး(အကြီး)(၁)ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ တီလားဗီးယားငါးအကြီး(၅၀)ကျပ် သားလျှင်(၈၀၀၀)ကျပ်၊တီလားဗီးယားငါးအသေး(၁)ပိဿာလျှင်(၁၄၀၀၀)ကျပ်၊တီလားဗီးယားငါး အသေး (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း ငါးလေးဒေါင့် ဈေးနှုန်းအနေဖြင့် ငါးလေး ဒေါင့် အကြီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ငါးလေးဒေါင့်(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူ ထံမှ သိရ ပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော တို့ဟူးစိမ်းနှင့် တို့ဟူးခြောက် ဈေးနှုန်း

                            ကျွန်းလှမြို့၊ ပိ‌တောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေဖွှ၊ တို့ဟူးစိမ်း တို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိပါသည်။

              ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ တို့ဟူးစိမ်း(၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်၊ တို့ဟူးစိမ်း(၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌လည်းကောင်း တို့ဟူးခြောက် တစ်ပိဿာ(၁၀၀၀၀)ကျပ်၊ တို့ဟူးခြောက်(၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် တို့ဟူးခြောက် (၁၀)ကျပ် သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

DOCA (စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း