ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော သကြားခွေနှင့် ဇီးပြား ဈေးနှုန်း

          ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် သကြားခွေနှင့် ဇီးပြားများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ် ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ဇီးပြားဈေးနှုန်းအနေဖြင့် ဇီးပြား တစ်ပိဿာလျှင်(၈၂၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၁၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း သကြားခွေ ဈေးနှုန်းအနေဖြင့် သကြားခွေ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေး နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ထက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဇီးပြားဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းပြန်လည်ကျဆင်းလာသော ‌ရွှေပဲသီးနှင့် ဘိုစားပဲသီး

          ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ‌ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့၊ ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ရောင်းချလျက်ရှိသော  ‌ရွှေပဲသီးဈေးနှုန်းမှာ  ရွှေပဲသီး တစ်ပိဿာ လျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းများဖြင့်လည်းကောင်း ဘိုစားပဲသီးဈေးနှုန်းများမှာ ဘိုစားပဲသီးအပြား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် ဘိုစားပဲသီးအလုံး လက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဥ်လျှင် ရွှေပဲသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ဘိုစားပဲသီးအပြား တစ်ပိဿာလျှင်(၂၀၀၀)ကျပ်နှင့် ဘိုစားပဲသီးအလုံး တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်း လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချနေသော မုံလာဥဖြူ ဈေးနှုန်း

           ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် မုံလာဥဖြူကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင်ရောင်းချကြပါသည်။

        ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယအပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  မုံလာဥဖြူဈေးနှုန်းမှာ မုံလာဥဖြူအကြီး()လုံးပါ တစ်တွဲလျှင်(၈၀၀)ကျပ်၊ ()တွဲလျှင်(၁၅၀၀)ကျပ်၊ (၁၀)တွဲလျှင်(၇၅၀၀)ကျပ်နှင့် မုံလာဥဖြူအသေး()လုံးပါ()တွဲလျှင်(၇၀၀)ကျပ်၊(၁၀)တွဲလျှင်(၆၈၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မလိုင်လုံးနှင့် ကုလားပဲချောင်း ဈေးနှုန်း

         ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် မလိုင်လုံး၊ မလိုင်ချောင်းနှင့် ကုလားပဲချောင်းများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက် ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် မလိုင်လုံးနှင့် ကုလားပဲချောင်းများကို ရောင်းချလျက်ရှိရာ မလိုင်လုံးဈေးနှုန်းအနေဖြင့် မလိုင်လုံး တစ်ပိဿာလျှင်(၁၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ကုလားပဲချောင်း ဈေးနှုန်းအနေဖြင့် ကုလားပဲချောင်း တစ်ပိဿာလျှင်(၁၀၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၂၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ဒေသထွက် ဖရဲသီးနှင့် ဩဇာသီး ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်နှင့် မာလကာသီးပင်များကိုလည်းစိုက်ပျိုးကြသလို  မိမိတို့ တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်းကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဖရဲသီးဈေးနှုန်းများမှာ ဖရဲသီးအကြီး တစ်လုံးလျှင်(၆၅၀၀)ကျပ်၊  အသေး(၃၃၀၀)ကျပ်နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင် (၃၀၀)ကျပ်၊ ဩဇာသီးဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၅၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၄၀၀/၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၃)လုံး  ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးမျိုးစုံရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် ဈေးနှုန်း

            သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီးနှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက်ရှိသော ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင်(၃၅၀၀)ကျပ် နှင့် အသေး တစ်ပွင့်လျှင်(၃၀၀၀)ကျပ်၊ ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အကြီးတစ်ထုတ်လျှင်(၄၀၀၀)ကျပ်၊ အသေး (၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဥ်လျှင်(၁၅၀၀)ကျပ် ပြန်လည်ကျဆင်းလာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ ဒညင်းသီးဈေးနှုန်း/ ဈေးကွက်

          ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရာသီပေါ်အစားအစာများ၊ အသီးအနှံများကို ရောင်းချလျက်ရှိသည့်အပြင် ဒညင်းသီးများကိုလည်းရောင်းချလျက်ရှိပါသည်။ ဒညင်းသီးများကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့မှလည်း သယ်ယူရောင်းချကြကြောင်း၊ ဒညင်းသီးများမှာ လှိုင်လှိုင်ထွက်ရှိ၍ ဒညင်းသီးများကို အစိမ်းလိုက်သော်လည်းကောင်း၊ အရံသင့်စားသုံးရန်အတွက် ဒညင်းသီးများကိုပြုတ်၍သော်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဒညင်းသီးအစိမ်းကို အချိန်ဖြင့်ရောင်းချ၍ ဒညင်းသီးပြုတ်ကို အလုံးရေဖြင့်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယ) ပတ် တွင် ဖြစ်ပေါ်နေသော ဒညင်းသီးဈေးနှုန်းမှာ (၂၅)ကျပ်သား လျှင် (၁၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချပြီး ဒညင်းသီးပြုတ်ဈေးနှုန်းမှာ (၅)လုံးလျှင် (၁၀၀ဝိ/-)ကျပ် ဖြင့် ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကျွန်းလှမြို့တွင် ရာသီတုန်းတော့မည့် တောင်ဘို့မှို ၊ ငှက်စို့မှိုနှင့် တောမှိုအစုံ ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်းခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သဘာဝအရပေါက်ရောက်သည့် တောမှို၊ တောင်ဘို့မှိုတို့ကို လိုက်ရှာပြီး ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော  တောင်ဘို့မှို ဈေးနှုန်းအနေဖြင့် တောင်ဘို့မှို တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း တောမှို ဈေးနှုန်းအနေဖြင့် တောမှိုတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၄၅၀၀)ကျပ်၊ ငှက်စို့မှို တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းသော်လည်း လူကြိုက်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်း ပြန်လည်ကျဆင်းပြီး ရောင်းချလျက်ရှိသော ဆီတို့ဟူး

        ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသည်  ဈေးရောင်းသူ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဆီတို့ဟူးကို ပုံးအကြီး အသေး နှင့် (၅၀၀)ကျပ်ဖိုး (၁၀၀၀)ကျပ်ဖိုးတို့မှအစ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ ဆီတို့ဟူးကို အထက်ပိုင်းဆို မိုးညှင်းမြို့နှင့် အောက်ပိုင်း တောင်ကြီးမြို့တို့မှ ဝယ်ယူရောင်ချလျက်ရှိကြောင်း သိရသည်။

             ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်၌ ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဆီတို့ဟူးဈေးနှုန်းမှာ ဆီတို့ဟူး(၁၃)ပိဿာ ပုံးကြီး တစ်ပုံးလျှင်(၁၉၅၀၀၀)ကျပ်၊ ဆီတို့ဟူး(၃၀)ကျပ်သားပါ ပုံးသေ တစ်ပုံးလျှင်(၄၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၁၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်ထက် ဆီတို့ဟူး တစ်ပိဿာလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အပတ်စဉ် ပြောင်းလဲနေသော စက်သုံးဆီဈေးနှုန်း

           မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီးပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်သတ်မှတ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

                စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်()ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှဘဲ (PPRD) စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း ယခင် ဩဂုတ်လ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၀၈၂)ကျပ်၊ ဓါတ် ဆီ Octane(95)တစ်လီတာလျှင်(၃၁၄၁)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၇၉၃)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၄၁၆)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဩဂုတ်လ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92)တစ်လီတာလျှင်(၃၁၀၀)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၇၆)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၇၂၀)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၃၂၆)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စက်သုံးဆီဈေး 92တစ်လီတာလျှင်(၁၈)ကျပ်၊  95တစ်လီတာလျှင် (၃၅)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး၊ ဒီဇယ်(ရိုးရိုး)HSDတစ်လီတာလျှင် (၇၃)ကျပ်၊ ဒီဇယ်(ပရီမီယမ်) PHSD တစ်လီတာလျှင်(၉၀)ကျပ်ဈေးနှုန်းများကျဆင်းကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း