
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်း၌ ရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း)တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ကျောက်မဲ၊သီပေါ၊ နောင်ချို ဒေသတို့မှ တင်သွင်းကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ရောင်းချနေသော ထောပတ်သီး ဈေးနှုန်း များမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၄၀၀၀)၊ အလတ်ဈေး ကျပ်(၃၀၀၀-၃၅၀၀)၊ အနိမ့်ဈေး ကျပ်(၂၅၀၀) ဈေးနှုန်းဖြင့် အသီး၏ အရည်အသွေးအပေါ် မူတည်၍ အမျိုးအစားလိုက်ခွဲပြီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)