ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

               ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂၀.၈.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၁၉၂၀ အိတ်နှင့် ဈေးနှုန်းမှာ ၅၉၀၀၀ မှ ၆၀၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၇၅၆ နှင့် ဈေးနှုန်းမှာ ၅၈၀၀၀ မှ ၅၉၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၀၂၃ နှင့် ဈေးနှုန်းမှာ ၅၇၀၀၀ မှ ၅၈၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၇၄၂ နှင့် ဈေးနှုန်းများမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၉၆၅ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၂၁၇၀ အိတ်၊ ဈေးနှုန်းမှာ ၅၉၀၀၀ မှ ၆၀၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၈၃၂၊ ဈေးနှုန်းမှာ ၅၈၀၀၀ မှ ၅၉၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၁၇၅  ဈေးနှုန်းမှာ ၅၇၀၀၀ မှ ၅၈၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၂၀ ဈေးနှုန်းများမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၀၂၈ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၀၃၁၊ ဈေးနှုန်းမှာ ၅၉၀၀၀ မှ ၆၀၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၈၄၅၊ ဈေးနှုန်းမှာ ၅၈၀၀၀ မှ ၅၉၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၂၇၀၊ ဈေးနှုန်းမှာ ၅၇၀၀၀ မှ ၅၈၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၅၆၊ ဈေးနှုန်းများမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၃၈၅၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

          ၂၀.၈.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်စုစုပေါင်း (၂၉၂၈၃) အိတ်တို့ ဝင်ရောက်ခဲ့ပြီး ဖော်ပြပါဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်၌ မန်ကျည်းသီးမှည့်ဈေးနှုန်း ဆက်လက်ကျဆင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် နေရာအနှံ့အပြားတွင် မန်ကျည်း ပင်များ အလေ့ကျပေါက်ရောက်ပြီး ဒေသခံပြည်သူများက မန်ကျည်းသီးမှည့်ချိန်တွင် ခူးဆွတ်ကာ ရောင်းချကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီး မှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို လူကြိုက်များ၍ အရောင်း အဝယ်ပိုဖြစ်ကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြသလို မြို့နယ်အတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း မန်းကျည်းမှည့်များ ထပ်မံဝင် ရောက်မှုမရှိတော့ပဲ သိုလှောင်ထားသည့်ပစ္စည်းများသာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဩဂုတ်လ တတိယပတ်အတွင်း  အစေ့လွတ်မန်ကျည်းသီးမှည့် လက်လီတစ်ပိဿာလျှင် (၈၀၀၀)ကျပ် လက်ကားတစ်ပိဿာ (၇၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၈၀၀) ကျပ်နှင့် အစေ့ပါမန်ကျည်းသီးမှည့် (၁)ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်နေကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

                                                         

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘောများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

             ၁၅.၈.၂၀၂၅ ရက်နေ့ ဘိုကလေးမြို့မှ ပြည့်ဖြိုးမောင်သင်္ဘောဖြင့် ကြားပျံ(၂၀၀) အိတ်၊  ပေါ်ဆန်း  (၁၂၂၅)အိတ်၊ ပေါ်ကျွဲ (၃၅၀) အိတ်၊ ဧည့်မထ (၁၂၈၅)အိတ်နှင့် ဆန်ကွဲ(၂၅၀) အိတ်၊ ဖျာပုံမြို့နယ်မှ ရွှေဝါထွန်းရေယာဉ်ဖြင့် ကြားပျံ(၉၇၉) အိတ်၊ ပေါ်ဆန်း(၄၂၁) အိတ်၊ ပေါ်ကျွဲ(၉၇၇) အိတ်၊ ဧည့်မထ (၁၈၉၆) အိတ်၊ ဆန်ကွဲ(၁၉၇၂) အိတ်၊ မော်ကျွန်းမြို့မှ ရွှေမော်ကျွန်းရေယာဉ်ဖြင့် ပေါ်ဆန်း (၃၁၀၀) အိတ်၊  ပေါ်ကျွဲ(၂၂၉) အိတ်၊ ဧည့်မထ (၁၀၀၅) အိတ်၊ ဆန်ကွဲ(၁၄၇၀) အိတ်တို့ဝင်ရောက်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

          သို့ဖြစ်ပါ၍ ကြားပျံ(၁၄၇၉) အိတ်၊ ပေါ်ဆန်း(၄၇၄၆) အိတ်၊ ပေါ်ကျွဲ(၁၇၇၄) အိတ်၊ ဧည့်မထ (၅၇၇၃) အိတ် နှင့်ဆန်ကွဲ(၃၉၉၆) အိတ် စုစုပေါင်း (၁၇၇၆၈) အိတ်တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်၌ ဘူပင်းစိုက်ပျိုးရောင်းချသူများ ဝင်ငွေရရှိနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေး ကျေးရွာတွင် ဘူးပင်များစိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း၊ ဘူးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိကြောင်း၊ ပုံသဏ္ဍန်ကိုလိုက်၍ ဘူးသပိတ်၊  ဘူးရှည်နှင့် ဘူးရေမှုတ်ဟူ၍ အမျိုးမျိုးရှိကြောင်း သိရှိရသည်။

          ကန့်ဘလူမြို့နယ်တွင် ဘူးပင်ကိုခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိကြသော်လည်း မိသားစုတစ်နိုင် တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ဘူးသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချ လျက်ရှိရာ ဩဂုတ်လ တတိယပတ်တွင် ဘူးသီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ် လုံးလျှင် (၂၀၀၀)ကျပ်နှင့် ဘူးသီး(၁)စိတ်လျှင် (၅၀၀မှ ၁၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဘူးညွှန့်(၁)စီး လျှင် (၅၀၀)ကျပ်နှင့် (၅)စည်းလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ ဘူးသီးကို အကြော်ဆိုင်များ မှအဓိကဝယ်ယူပြီး စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များကလည်း ဝယ်ယူကြောင်း ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 

                                                         

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

              ၂၀.၈.၂၀၂၅ ရက်နေ့တွင် ဒေးဒရဲမြို့နယ်မှ ဇမ္ဗူထွန်းသင်္ဘောဖြင့် ပေါ်ဆန်း(၄၆၃) အိတ်၊  ဧည့်မထ(၂၆၅)အိတ်၊ ဆန်ကွဲ(၃၃၅) အိတ်၊ ကားဖြင့် ကြားးပျံ(၆၂၉) အိတ်၊ ပေါ်ဆန်း(၁၃၆) အိတ်၊ ဧည့်မထ(၅၀၀) အိတ်၊ မြောင်းမြမြို့နယ်မှ ရွှေသစ္စာဝင်း ရေယာဉ်ဖြင့်  ကြားပျံ(၅၀၀) အိတ်၊ ပေါ်ဆန်း(၁၅၀၀) အိတ်၊ဧည့်မထ (၂၀၀၀) အိတ်၊ ဆန်ကွဲ(၁၆၈) အိတ်၊ မော်ကျွန်းမြို့မှ အောင်သီရိသင်္ဘောဖြင့်  ကြားပျံ(၉၀၀) အိတ်၊ ပေါ်ဆန်း (၇၀၀) အိတ်၊ ပေါ်ကျွဲ (၁၉၄) အိတ်၊ ဆန်ကွဲ(၁၇၃၀) အိတ်၊ လပွတ္တာမြို့မှ ရွှေနဒီသင်္ဘောဖြင့် ကြားပျံ(၁၂၅၃) အိတ်၊ ပေါ်ဆန်း(၁၉၆) အိတ်၊ ပေါ်ကျွဲ(၁၈၂) အိတ်၊ ဆန်ကွဲ(၁၆၉) အိတ်၊ စုစုပေါင်း (၁၃၈၉၃) အိတ်တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်) 

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘောများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

             ၂၁.၈.၂၀၂၅ ရက်နေ့ လပွတ္တာမြို့နယ်မှ ဇော်မြင့်မြတ်ရေယာဉ်ဖြင့် ပေါ်ဆန်း(၈၁၂)  အိတ်၊ ပေါ်ကျွဲ(၇၄၆) အိတ်၊ ဆန်ကွဲ(၄၅၇) အိတ်၊ ဘိုကလေးမြို့နယ်မှ အောင်ချမ်းသူ ရေယာဉ်ဖြင့် ပေါ်ဆန်း (၅၀၀) အိတ်၊ ဧည့်မထ (၂၀၀) အိတ်၊ ကော့မှူးမြို့နယ်မှ  ပေါ်ဆန်း (၅၀၀)  အိတ်၊ ဧည့်မထ(၂၀၀) အိတ်၊ ကော့မှူးမြို့မှ ပေါ်ဆန်း(၈၅၀) အိတ်၊ ပေါ်ကျွဲ(၆၀၀) အိတ်၊ ဧည့်မထ(၂၈၅၀) အိတ်တို့ဝင် ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          သို့ဖြစ်ပါ၍ ရန်ကုန်မြို့သို့  ပေါ်ဆန်း(၂၁၅၂) အိတ်၊ ပေါ်ကျွဲ(၁၃၄၆) အိတ်၊ ဧည့်မထ(၃၀၅၀) အိတ်၊ ဆန်ကွဲ(၄၅၇) အိတ် စုစုပေါင်းဆန်အိတ်ရေ(၇၀၀၅) အိတ်တို့ဝင်ရောက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

ပခုက္ကူကြက်သွန်နီ ဩဂုတ်လ(စတုတ္ထပတ်)ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက် ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များ သာမက ရေနံချောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေမှလွဲ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင် ယခုတစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၃၅၀၀၀)ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။

     ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ် နေသောဈေးနှုန်းမှာ  တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၂၅၀) ၊ အလတ် ကျပ်(၁၀၀၀)၊ အနိမ့်စ ကျပ် (၈၀၀)ဖြစ်ပြီး ယခင်ဇူလိုင်(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၁၀၀) ခန့်ဈေးကျနေ၍  အရောင်းအဝယ်ဖြစ်ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့ များသို့ နေ့စဉ်တင်ပို့နေပြီး ပိဿာချိန်(၃၀)ဝင်အိတ် (၁၀၀၀ မှ ၂၀၀၀ ထိ)တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

          ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ လက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀) မှ အနိမ့်ဈေး ကျပ်(၁၂၀၀)ထိ အရောင်းအဝယ် လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

 

ရေစကြိုုမြို့ပွဲရုံများ၏ ပဲမျိုးစုံရောင်းဝယ်မှုအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင်နယ်မြေအခြေအနေရ ကုန်စည်ဒိုင် အရောင်းအဝယ်မပြုလုပ်နိုင်သော်လည်း ရန်ကုန်၊ မန္တလေးတွင်ဖြစ်ပေါ်နေသော ဈေးကွက်အခြေ အနေနှင့် ဒေါ်လာဈေးအတက်အကျပေါ်မူတည်၍  ပွဲစားများစုစည်းနိုင်သည့်နေရာတွင် ဈေးနှုန်း သတ်မှတ်ပြီး နောက်မိမိတို့၏ ပွဲရုံများတွင် ပဲမျိုးစုံ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်)တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် (၇၀၀၀၀) ကုလားပဲ (V2) တစ်တင်းလျှင် ကျပ် (၈၄၂၀၀) ကုလားပဲ (929) တစ်တင်းလျှင် ကျပ်(၈၃၃၀၀) ပဲတီစိမ်း တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀) နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၉၅၀၀၀) ထောဖြူ(ကျွန်း) တစ်တင်း လျှင် ကျပ်(၇၅၀၀၀)ဖြစ်ပြီး ဇူလိုင်လ(တတိယပတ်)တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် (၇၀၀၀၀) ကုလားပဲ (V2) တစ်တင်းလျှင် ကျပ် (၈၃၀၀၀) ကုလားပဲ (929) တစ်တင်း ကျပ် (၈၂၀၀၀) ပဲတီစိမ်း တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀) နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၉၅၀၀၀) ထောဖြူ(ကျွန်း) တစ်တင်း လျှင်ကျပ်(၇၅၀၀၀)ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ပဲမျိုးစုံနှင့် နှမ်းသီးနှံ ဈေးနှုန်းများ ဈေးနှုန်းများ တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရောင်းဝယ်မှုအနေဖြင့် ဩဂုတ်လ (စတုတ္ထပတ်) အတွင်း ပဲတီစိမ်း တစ်တင်းဝင်အိတ် (၁၅၀)ခန့် အများဆုံးအရောင်းအဝယ်ဖြစ်ပြီး နှမ်းဖြူတစ်တင်း ဝင်အိတ် (၅၀)ခန့်၊ မတ်ပဲ တစ်တင်းဝင်အိတ် (၇၀)ခန့်၊ ကုလားပဲ(V2) တစ်တင်း ဝင်အိတ် (၅၀)ခန့်၊ ကုလားပဲ(929) တစ်တင်းဝင်အိတ် (၅၀)ခန့်၊ ထောဖြူ(ကျွန်း) တစ်တင်းဝင်အိတ် (၅၀)ခန့် အရောင်း အဝယ် ဖြစ်ကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

မိုးမြေပဲဆံအသစ်များ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်လာသဖြင့် မြေပဲလုံးဆံဈေးအနည်းငယ်ကျ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ခုနှစ် ဒေသထွက်မိုးမြေပဲများ ဩဂုတ်လ၊ တတိယအပတ်မှ စတင်၍ ရွှေဘိုမြို့ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ တိယအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ()ပြည်လျှင် (၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(၁)ပြည်လျှင်(၁၁၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆံ(၁)ပြည်လျှင်(၂၃၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်စုံရောင်းချသည့်ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဘိုပဲနှင့် မြေထောက်ပဲဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ဘိုပဲနှင့် မြေထောက်ပဲ စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ရွှေဘိုမြို့ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။

              ရွှေဘိုမြို့တွင်ရောင်းချသည့် ဘိုပဲများကို ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဩဂုတ်လ၊ တတိယအပတ်တွင် ရောင်းချသည့် ဘိုပဲဈေးနှုန်းမှာ()ပြည်လျှင် (၁၃၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၁၆၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ဘိုပဲ(၁)ပြည် လျှင်(၁၃၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

             ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများ ကိုရွှေဘိုမြို့တွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဩဂုတ်လ၊ တတိယအပတ်တွင်ရောင်းချသည့် မြေထောက်ပဲ (ဖြူ)ဈေးနှုန်းမှာ ()ပြည်လျှင်(၈၆၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၇၆၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ (ဖြူ)(၁)ပြည်လျှင် (၈၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ မြေထောက်ပဲ(ညို)(၁)ပြည် လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ညို)(၁)ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း