
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှု နည်းပါးခြင်းကြောင့် ဒေသတွင်း စားသုံးမှု မလုံလောက်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ကြက်ဥဈေးနှုန်းများ ဈေးငြိမ်၍ အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ကြက်ဥအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၄၂၀၀၊ ၄၅၀၀၊ ၄၇၀၀)ဈေးရှိပြီး တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ယခင်ဩဂုတ်လ (ပထမပတ်)တွင် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ယခု ဈေးနှုန်း နှိုင်းယှဉ်ပါက တစ်လအတွင်း ကြက်ဥများ ဈေးငြိမ်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရ သည်။
ကြက်ဥသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရ ပြည့်ဝသော အစားအစာတစ်မျိုး ဖြစ်ပြီး စားသုံးပြည်သူများအနေဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူစားသုံးရ သော အစားအစာတစ်မျိုးဖြစ်ခြင်းအပြင် စားသောက်ဆိုင်လုပ်ငန်းရှင်များမှလည်း ဝယ်ယူမှုများခြင်း ကြောင့် အရောင်းအဝယ်သွက်ကြောင်း ကြက်ဥရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(မကွေး)