ရာသီစာ ကန်စွန်းဥ

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးအတွင်း နှင့် မြို့ပေါ်ဈေးများတွင် ရာသီပေါ် သီးနှံမျိုးစုံကို ရောင်းချလျက်ရှိရာ ယခုအခါ ရာသီပေါ်စဖြစ်သော ကန်စွန်းဥများကို ရောင်းချနေ ကြောင်း တွေ့ရှိရပါသည်။ ဒေသထွက် အတွင်းပိုင်းခရမ်းရောင်ရှိသော ငချိတ်ကန်စွန်းနှင့် အဝါရောင် ရှိသော ရွှေဝါကန်စွန်းမျိုးများကို အဓိကထား ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း လားရှိုးမြို့၊ မြို့မဈေးတွင်း ရောင်းချနေသော ကန်စွန်းဥဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် အလုံးသေးအလှ (၃၅၀ဝိ/-) ကျပ်မှ အလုံးကြီးအလှ (၅၀၀ဝိ/-)ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်သည် ကန်စွန်းဥများ ရာသီ ပေါ်စအချိန်ဖြစ်သဖြင့် ဈေးနှုန်းများမှာ ယခင်အပတ်နှင့် အပြောင်းအလဲမရှိ တည်ငြိမ်လျက်ရှိ ကြောင်းကိုလည်း သိရှိရပါသည်။ ကန်စွန်းဥတွင် ဗီတာမင် အေ၊ စီ၊ ကေ၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်များပါဝင်သောကြောင့် သွေးတွင်းအဆီဓာတ်နှင့် သကြားဓာတ်ကို ထိန်းညှိပေးနိုင်သည့်အပြင် ကိုယ်အလေးချိန်ထိန်းရန်အတွက်လည်း စားသုံးရန် အထူးသင့်တော် ကောင်းမွန်သော ရာသီစာသီးနှံတစ်မျိုးဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။

DOCA(ရှမ်း)