ရာသီစာ ဆေးဘက်ဝင်မာလကာနှင့် ကျွဲကောသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

     လူသားများ နေ့စဉ်စားသုံးနေကြသော အစားအစာများထဲတွင် ဆေးဘက်ဝင်အသီးအနှံများ၊  စိမ်းစိုလတ်ဆတ်သော အသီးများသာမက အရည်ရွှမ်းသောအသီးများသည်လည်း လူသားများ၏ ကျန်းမာရေးကိုအကျိုးပြုပါသည်။ အသီးတစ်မျိုးစီတိုင်းတွင် မတူညီကွဲပြားသောအကျိုးအာနိသင်များ များစွာပါရှိပြီး အကျိုးရှိစွာမှီဝဲသုံးဆောင်ပါက လူသားတိုင်းအတွက်များစွာအကျိုးဖြစ်ထွန်းလှပါသည်။ ဆေးဘက်ဝင်သောအသီးအနှံများ များစွာရှိသည့်အနက် ကျန်းမာရေးကို ဘက်ပေါင်းစုံမှ အကျိုးပြု သော မာလကာသီးနှင့် ကျွဲကောသီးများအား ရာသီစာအဖြစ် ဒေသတွင်း အရောင်းအဝယ်သွက်လျက်ရှိ ကြောင်း သိရှိရပါသည်။  

     ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ရာသီစာ မာလကာသီးနှင့် ကျွဲကောသီးများကို ဒေသတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် ပဲခူး၊ ပြည်၊ မော်လမြိုင် နှင့် ရန်ကုန် သီရိမင်္ဂလာဈေးမှ တစ်ဆင့် ဝယ်ယူရောင်းချလျက်ရှိပါသည်။  မာလကာသီး အကြီးတစ်လုံးလျှင် ၁၀၀၀/-ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀-၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး  ကီလိုဂရမ်ဖြင့် (1kg လျှင် ၅၀၀၀- ၅၅၀၀)ကျပ် ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ရာသီစာ ကျွဲကောသီးသည် အရည်ရွှမ်းပြီး အချဉ်ဓါတ် အပြင် အခါးဓါတ်ပါဝင်ခြင်းကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါသည်။ ဈေးနှုန်းအနေဖြင့် ကျွဲကောသီး အကြီးတစ်လုံးလျှင်(၅၀၀၀ ကျပ်မှ ၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ အလတ်တစ်လုံးလျှင် (၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်)ထိ အရောင်းအဝယ်ဖြစ်လျက်ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)