ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘူတာဈေး(ခေးနင်းဈေး)တွင် အသား၊ ငါး၊ အသီး အရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ သခွားသီးများကိုလည်း ပေါများစွာရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။
သခွားသီးကို အတို့မြှုပ်ဖြစ်လည်းကောင်း၊ အချဉ်ပြုလုပ်၍လည်းကောင်း၊ မျိုးစုံပြုလုပ် စားသုံးနိုင်သလို၊ အရေပြားယားယံခြင်းနှင့် အလှအပရေးရာတွင်လည်း အသုံးပြုကြောင်းသိရသည်။ သခွားသီးဈေးနှုန်းမှာ တစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ (၃၀၀ ကျပ်မှ ၅၀၀ - ၁၀၀၀) ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)