
ဂေါ်ဖီထုပ်သည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အာရှတိုက် တစ်ဝန်းလုံးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင်လည်း ဒေသမရွေး စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ ဒေသမရွေးစိုက်ပျိုးနိုင်သော်လည်း သင့်တင့်သောရာသီဥတုရှိသည့် ရှမ်းပြည်နယ်၌ ပိုမိုဖြစ်ထွန်း သည်။ ဂေါ်ဖီထုပ်များသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံးနိုင်သောသီးနှံတစ်မျိုး ဖြစ်သည့်အတွက် စိုက်ပျိုးသူတောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချနိုင်ပြီး ဝင်ငွေကောင်းသော သီးနှံ တစ်မျိုးလည်း ဖြစ်ပါသည်။
ထားဝယ်မြို့ပေါ်ရှိ မြို့မဈေးကြီးနှင့်ရပ်ကွက်ဈေးများတွင် မေးမြန်းသိရှိရသောဈေးနှုန်းများ အရ ဂေါ်ဖီထုပ်တစ်လုံးလျှင် (၅၀၀၀)ကျပ်အထိ စျေးကောင်းရရှိနေသဖြင့် မိသားစုအပိုဝင်ငွေများ ရရှိ ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)