ကြံစိုက်ပျိုး ထွက်ရှိ၍ တောင်သူအကျိုးအမြတ်ရ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ကြံစိုက်ပျိုးမှု (၇၈)ဧက စိုက်ပျိုးထားရှိပြီး စျေးကောင်းရရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

   မအူပင်မြို့နယ်အနေဖြင့် တလုပ်လပ်အနောက်ကျေးရွာတွင် ၁ဧကတွင် K-9584 ကြံဝါ၊ ကြံညို မျိုးများကို စိုက်ပျိုးကြသည်။ စိုက်ပျိုးမှု ၁ဧကတွင် ကြံဝါ ၃၆၀၀၊ ကြံညို ၂၅၀၀ ပင်စိုက်ပျိုး နိုင်သည်။ မျိုးအနေဖြင့် ၃ဆစ်မျိုးဟုခေါ် ပြီး ၁ပင်ကို ၃၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရသည်။ စိုက်နည်းစနစ်မှန်ကန်စေရေး၊ မြေသြဇာစနစ်တကျ ကျွေးရပြီး စိုက်ပျိုး မြေအနေအထားအရ တစ်ဧကလျှင် ကြံတန်ချိန်အထွက်နှုန်းမှာ (၃၀)တန်ထွက်ရှိမှု လျာထား သတ်မှတ်ခဲ့ရာ (၄၀)တန်ထွက်မည် ဖြစ်ကြောင်း ပျမ်းမျှ ခန့်မှန်းတွက်ချက်ရသည်။  

   ကြံဝါ၊ ကြံညိုကို စိုက်ပျိုးရာတွင် ပထမစိုက်မြောင်းထပ်တိုးခြင်းလုပ်ငန်း လုပ်ဆောင်ရခြင်း၊ ဒုတိယအကြိမ် အပင်ပေါက်အလွှာထိုး အစာလိုက်ပေးရခြင်း၊ တတိယ အစားထိုး စိုက်မြောင်းလုပ်ဆောင် ပေးရခြင်း တို့ကို လုပ်ဆောင်ရပြီး မိုးရာသီတွင် ရေလိုက်ပေးရန်မလိုကြောင်း၊ ၂၀၂၅ခုနှစ်  ဧပြီလကုန်တွင် စတင်စိုက်ပျိုးပြီး ၈-၉ လအကြာတွင် ရောင်းတမ်းဝင်မည်ဖြစ်သည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ရေတင်ခ၊ အနေဖြင့် ကြံဝါ ၂၅သိန်းကျပ်၊ ကြံညို ၂၀သိန်း ကုန်ကျကြောင်း သိရသည်။  ကြံချောင်း တစ်ချောင်းကို ၁၀၀၀ ကျပ်ရရှိခဲ့ပြီး ယခုနှစ်တွင် ကြံထွက်ရှိသူများက ကြံတစ်ချောင်းလျှင်  ၁၂၀၀-၁၅၀၀ ကျပ်အထိ ရရှိကြောင်းသိရသည်၊၊ စိုက်ပျိုးမှု အပင် ကြံဝါ ၃၆၀၀ပင်တွင် အထွက်နှုန်းအနေဖြင့်  ၅၀၀၀ ပင်အထိထွက်ရှိကြောင်း၊ ကြံညိုအထွက်နှုန်း ၄၀၀၀ထွက်ရှိ ကြောင်း သိရသည်။ အကျိုးအမြတ် အနေဖြင့် ငွေကျပ် ၇ ၅၀၀ ၀၀၀ ရရှိကြောင်း သိရသည်။

   မအူပင်မြို့နယ်မှ ထွက်ရှိလာသော ကြံများကို ရန်ကုန်သကြားစက်သို့ တင်ပို့ရောင်းချရ ကြောင်း ယခင်နှစ်ကထက်ပို၍ စျေးကောင်းရရှိကြောင်းနှင့် ဒေသတွင်း ကြံရည် ရောင်းချသူများ ကလည်း လာရောက်ဝယ်ယူကြကြောင်း ကြံဝါသည် အကျိုးအမြတ်ပေးနိုင်လို့ စီးပွားဖြစ်စိုက်ပျိုးထုတ် လုပ်သင့်တဲ့သီးနှံတစ်ခုဖြစ်ပြီး ကြံညိုကိုလည်း ပွင့်လင်းရာသီတွင် စီးပွားဖြစ် သီးနှံအဖြစ် ရောင်းချပြီး နှစ်စဉ် နှစ်စဉ်စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)