ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရှားပါးလာပြီဖြစ်သော မြိတ်မြို့ရှိ ဥသျှစ်သီးနှင့် စျေးနှုန်း

     ဥသျှစ်ပင်ကို မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရှိနိုင်ပြီး အင်္ဂလိပ်လို Custard Apple (သို့မဟုတ်) Sugar Apple, Sweetsop လို့ ခေါ်ကြပါတယ်။ ပူနွေးပြီးမိုးများသောဒေသများတွင် စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံတောင်ပိုင်း‌‌ ဒေသဖြစ်သော တနင်္သာရီတိုင်းတွင်လည်း တွေ့ရှိနိုင် သည်။ ယခင်က မြိတ်မြို့ မြို့ပေါ်များတွင် ဒေသတွင်းစားသုံးရန် ခြံများတွင် စိုက်ပျိုးထားလေ့ရှိပြီး ယခုနောက်ပိုင်းတွင် ဥသျှစ်ပင်များ စိုက်ပျိုးထားရှိမှုမရှိသလောက်နည်းပါးလာကြောင်း သိရှိရပါ သည်။ ကျန်းမာရေးအခြေအနေအရ ဘေးအန္တရာယ်ကင်းပြီး လူမျိုးမရွေးစားသုံးရန်သင့်သောအသီး တစ်မျိုးဖြစ်ပြီး ဖျော်ရည် သို့မဟုတ် အစိမ်းစားကြလေ့ရှိသည်။ အရသာမှာ အသားတင်နူးနူးနဲ့ ချိုချဉ်သက်သက်ရှိသည်။ အထဲမှာ အမျှင်များနှင့် များပြားတဲ့ အစေ့လေးတွေ ပါတတ်သည်။ အရွက်ကိုလည်း ငပိရည်တို့စရာအဖြစ်စားသုံးကြပြီး အခွံကိုလည်း သနပ်ခါးအဖြစ်သုံးလေ့ရှိကြပါသည်။ စျေးကွက်တွင် ဥသျှစ်သီးတစ်လုံးလျှင် ၁၅၀၀ကျပ်ခန့်ရရှိပြီး အရွယ်အစားပေါ်မူတည်ပြီး စျေးနှုန်းကွဲ ပြားလျက်ရှိသည်။

DOCA(တန‌င်္သာရီ)

 

 

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၆၁၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော်၊ စက်တင်ဘာလ ၂၁

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ၂၀၂၅ခုနှစ်၊စက်တင်ဘာလ၂၂ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၆၁၀ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါ​သည်။      

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။

ရာသီစာ ကန်စွန်းဥ

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးအတွင်း နှင့် မြို့ပေါ်ဈေးများတွင် ရာသီပေါ် သီးနှံမျိုးစုံကို ရောင်းချလျက်ရှိရာ ယခုအခါ ရာသီပေါ်စဖြစ်သော ကန်စွန်းဥများကို ရောင်းချနေ ကြောင်း တွေ့ရှိရပါသည်။ ဒေသထွက် အတွင်းပိုင်းခရမ်းရောင်ရှိသော ငချိတ်ကန်စွန်းနှင့် အဝါရောင် ရှိသော ရွှေဝါကန်စွန်းမျိုးများကို အဓိကထား ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း လားရှိုးမြို့၊ မြို့မဈေးတွင်း ရောင်းချနေသော ကန်စွန်းဥဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် အလုံးသေးအလှ (၃၅၀ဝိ/-) ကျပ်မှ အလုံးကြီးအလှ (၅၀၀ဝိ/-)ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်သည် ကန်စွန်းဥများ ရာသီ ပေါ်စအချိန်ဖြစ်သဖြင့် ဈေးနှုန်းများမှာ ယခင်အပတ်နှင့် အပြောင်းအလဲမရှိ တည်ငြိမ်လျက်ရှိ ကြောင်းကိုလည်း သိရှိရပါသည်။ ကန်စွန်းဥတွင် ဗီတာမင် အေ၊ စီ၊ ကေ၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်များပါဝင်သောကြောင့် သွေးတွင်းအဆီဓာတ်နှင့် သကြားဓာတ်ကို ထိန်းညှိပေးနိုင်သည့်အပြင် ကိုယ်အလေးချိန်ထိန်းရန်အတွက်လည်း စားသုံးရန် အထူးသင့်တော် ကောင်းမွန်သော ရာသီစာသီးနှံတစ်မျိုးဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။

DOCA(ရှမ်း)

 

                                                                                            

 

 

လားရှိုးမြို့ရှိ သခွားသီးဈေးနှုန်းများ

         ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘူတာဈေး(ခေးနင်းဈေး)တွင် အသား၊ ငါး၊ အသီး အရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ သခွားသီးများကိုလည်း ပေါများစွာရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

       သခွားသီးကို အတို့မြှုပ်ဖြစ်လည်းကောင်း၊ အချဉ်ပြုလုပ်၍လည်းကောင်း၊ မျိုးစုံပြုလုပ် စားသုံးနိုင်သလို၊ အရေပြားယားယံခြင်းနှင့် အလှအပရေးရာတွင်လည်း အသုံးပြုကြောင်းသိရသည်။ သခွားသီးဈေးနှုန်းမှာ တစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ (၃၀၀ ကျပ်မှ ၅၀၀ - ၁၀၀၀) ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့ရှိ ရုံးပတေသီး‌ဈေးနှုန်းများ

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘူတာဈေး(ခေးနင်းဈေး)တွင် အသား၊ ငါး၊ အသီး အရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ ရုံးပတေသီးကိုလည်းပေါများစွာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

   ရုံးပတေသီးကို ကြော်၍လည်းကောင်း၊ သီးစုံအချဉ်ရည် ဟင်းထဲတွင်ရော၍‌သော်လည်းကောင်း၊ အတို့မြှုပ်ဖြစ်လည်းကောင်း မျိုးစုံပြုလုပ်စားသုံးကြသည်။ ရုံးပတေသီးဈေးနှုန်းမှာ တစ်စည်းလျှင် (၅၀၀ ကျပ်မှ ၈၀၀ - ၁၀၀၀) ကျပ်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့မဈေးမှ မုန်ညှင်းဖြူနှင့် ပဲတောင့်ရှည်ဈေးနှုန်းများ

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ မုန်ညှင်းရွက်နှင့် ပဲတောင့်ရှည်များကိုလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

    မုန်ညှင်းဖြူဈေးနှုန်းများမှာ (၁) စည်းလျှင် (၁၀၀၀) ကျပ် မှ (၁၅၀၀) ကျပ်အထိရှိပြီး၊ ပဲတောင့်ရှည်ဈေးနှုန်းမှာ (၁) စည်းလျှင် (၅၀၀) ကျပ်မှ (၈၀၀ - ၁၀၀၀) ကျပ်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့မှ မန်ကျည်းသီးမှည့် ဈေးကွက်

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ  မန်ကျည်းသီးအမှည့်များကိုလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

     မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့်အစေ့လွတ် (၁) ပိဿာလျှင် (၇၀၀၀) ကျပ် မှ (၈၀၀၀) ကျပ်အထိရှိပြီး၊ မန်ကျဉ်းသီးမှည့်အစေ့ပါ(၁) ပိဿာလျှင် (၅၀၀၀) ကျပ်မှ(၆၀၀၀) ကျပ် အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့မှ ခရမ်းသီးဈေးနှုန်းများ

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးနှင့် ရပ်ကွက်ဈေးများတွင် ဒေသထွက် သီးနှံမျိုးစုံရောင်းချလျက်ရှိရာ  ခရမ်းသီးများကိုလည်း ပေါများစွာရောင်းချလျက်ရှိကြောင်း တွေ့ရှိ ရပါသည်။ ခရမ်းသီးသည် နှလုံး၊ ဦးနှောက်၊ အရေပြားနှင့် အရိုးကို များစွာအကျိုးပြုစေသည့်အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး အမျိုးအစား (၂) ဆီးချိုရောဂါကိုပါထိန်းချုပ်နိုင်စွမ်းရှိကြောင်း သိရသည်။

     ခရမ်းသီးကို ကြော်ချက်ပြီးစားနိုင်သလို၊ မီးဖုတ်ပြီးသုပ်၍လည်းကောင်း၊ ခရမ်းသီးနှပ် အဖြစ်လည်းကောင်း၊ သီးစုံအချဉ်ရည်ဟင်းထဲတွင်ရော၍လည်းကောင်း မျိုးစုံပြုလုပ်စားသုံးနိုင်သည်။ ခရမ်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ (၅၀၀) ကျပ်မှ (၁၀၀၀) ကျပ်အထိ ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်းမြောက် လားရှိုးမြို့မှ ရာသီစာ မန်ကျည်းသီးအစိမ်း ဈေးကွက်

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ  ရာသီစာမန်ကျည်းသီးအစိမ်းများကို ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

     မန်ကျည်းသီးအစိမ်းဈေးနှုန်းများမှာ  စတင်ထွက်ပေါ်သည့် အချိန်တွင် နို့ဆီဘူး (၁) ဘူးလျှင် (၃၀၀၀)ကျပ်မှ(၄၀၀၀)ကျပ်အထိ ရှိခဲ့ပြီး၊ ယခု စက်တင်ဘာလ ပထမပတ်တွင် မန်ကျည်းအစိမ်းများ လှိုင်လှိုင်ထွက်ပေါ်လာသည့်အတွက် နို့ဆီဘူး(၁)ဘူးလျှင် (၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ်ဖြင့် ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ဈေးနှုန်းတည်ငြိမ်လျက်ရှိသော မြန်အောင်မြို့၏ ဘိလပ်မြေဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး  ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများအား စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ  ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် (၈.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မြန်အောင်မြို့နယ် အတွင်းရှိ ဘိလပ်မြေရောင်းချသည့်  အိမ်ဆောက်ပစ္စည်းဆိုင်များသို့ ကွင်းဆင်းလေ့လာခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းလေ့လာရာတွင် စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေ ဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၂၂၅၀၀/-) ကျပ်နှင့် Alpha တစ်အိတ်လျှင် (၂၂၅၀၀/-)ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ အခြား အိမ်ဆောက်ပစ္စည်းများအနေဖြင့် သံ ၁ တန်လျှင် ၁၅၀၀၀၀၀/- ကျပ်၊ ကျောက်တစ်ကျင်းလျှင် ၁ သိန်းကျပ်၊ သဲတစ်ကျင်းလျှင် ၃၀၀၀၀/-ကျပ်နှင့် အုတ်တစ်လုံးလျှင် ၃၅၀/- ကျပ်ဖြင့် ဒေသတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှ သိရှိရပါသည်။

 (DOCA ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း