ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် မွေးမြူ ရောင်းချနေသော ဝက်ကောင်ပေါက် ဈေးနှုန်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် စိုက်ပျိုးရေးနှင့် မွေးမြူ‌ရေးကို အဓိကထား လုပ်ကိုင်ကြရာမှ ဝက်မွေးမြူရေးလုပ်ငန်းကိုပါ‌ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

    ယခုလို ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိရာတွင် အသားတိုးဝက်နှင့် အသားကျဝက်ဟု နှစ်မျိုးမွေးမြူကြပါသည်။ ဝက်သားကျ မွေးမြူသူများမှ သားဖောက်ရောင်းသော သားပေါက်ကလေးများကို အသားတိုးဝက်မွေးမြူရန်အတွက် ဝက်ပေါက်ကလေး တစ်လခွဲသားများကို ဝယ်ယူပြီး မွေးမြူရကြောင်း၊ ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဝက်သားပေါက် ဈေးနှုန်းများမှာ အကောင်အကြီးအသေး နှင့် မျိုးကောင်း မကောင်း အပေါ်မူတည်၍ ဝက်သားပေါက် အကြီး တစ်ကောင်လျှင် (၄၀၀၀၀၀)ကျပ်၊ ဝက်သား ပေါက် အလတ် တစ်ကောင်လျှင်(၃၈၀၀၀၀)ကျပ် ဝက်သားပေါက် အသေး တစ်ကောင်လျှင် (၃၅၀၀၀၀) ကျပ်ဈေးအထိ ဈေးနှုန်းအစားစားဖြင့် ရောင်းချလျက်ရှိပြီး ဈေးကောင်းရရှိသည့်အတွက် ဝက်သားကျ ဖောက် ရောင်းသူများ အနေဖြင့် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ‌ရွှေပဲသီး နှင့် ဘိုစားပဲသီး

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ ‌ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း‌ ရောင်းချလျက်ရှိသော  ‌ရွှေပဲသီးဈေးနှုန်းမှာ  တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၈၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဖြင့်လည်းကောင်း၊ ဘိုစားပဲသီး ဈေးနှုန်းမှာ ဘိုစားပဲသီးအပြား တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ် နှင့် ဘိုစားပဲသီးအလုံး လက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ (၂၅) ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော ရွှေပန်း၊ ငွေပန်း နှင့် နှင်းဆီပန်း ဈေးနှုန်း

      ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ရွှေပန်း၊ ငွေပန်း၊ ဆောင်းစံပါယ် ပန်း၊ ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ရွှေပန်း၊ ငွေပန်း ဈေးနှုန်းအနေဖြင့် (၅)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ (၃)ခိုင်ပါ တစ်စီးလျှင် (၈၀၀)ကျပ်၊ (၂)စီးလျှင်(၁၅၀၀)ကျပ် နှင်းဆီပန်း အကြီး တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ အသေး တစ်ပွင့်လျှင်(၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းသည်ထံမှ သိရှိရပါသည်။     

DOCA(စစ်ကိုင်း)

                                     

ကျွန်းလှမြို့မှ မန်ကျည်းသီးစိမ်း ဈေးနှုန်းကျဆင်းလျက်ရှိ

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင် ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ မန်ကျည်းသီးစိမ်း များကို ဒေသထွက်ဖြစ်သည့် မြို့ပေါ်ရပ်ကွက်အသီးသီး နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာအချို့တို့မှ လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ခုနစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချနေ သည့်  မန်ကျည်းသီးစိမ်း ဈေးနှုန်းအနေဖြင့် တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ နို့ဆီ(၁) ဘူး လျှင် (၅၀၀)ကျပ်နှင့် (၁)ပုံလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသော ကြောင့် ယခင်အပတ်ထက် မန်ကျည်းသီးစိမ်း ဈေးနှုန်း တစ်ပြည်လျှင်(၁၅၀၀)ကျပ် ကျဆင်းပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ‌ပဲလင်းမြွေသီးနှင့် သခွားသီး ဈေးနှုန်း

    ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် မြို့ပေါ်ရပ်ကွက်များနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး  တို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီးများကို စိုက်ပျိုးကြပြီးသစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချရကြောင်း  သိရှိရပါသည်။

    ၂၀၂၅ခုနစ်၊ စက်တင်ဘာလ ပထမအပတ်တွင် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး ဈေးနှုန်း အနေဖြင့် ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး အကြီး စ်တောင့်လျှင် လက်လီဈေး(၀၀)ကျပ်၊ အလတ် စ်တောင့်လျှင် လက်လီ ဈေး(၀၀)ကျပ် နှင့် အသေး စ်တောင့်လျှင် လက်လီဈေး(၃၅၀)ကျပ်၊ ငွေကျပ် (၁၀၀၀)ဖိုး လျှင်(၃)တောင့် တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ သခွားသီး ဈေးနှုန်း အနေဖြင့် ဒေသထွက် ရိုးရိုး ဗမာသခွားသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ် နှင့် အသေးတစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

 

ထမင်းမြိန်စေသည့် ပဲပုတ် ပဲငပိအစို နှင့် ပဲပုတ်ပဲငပိခြောက် ဈေးနှုန်း

     ကျွန်းလှမြို့ရှိ ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင်များတွင် ပဲပုတ် ပဲငပိများကို မိမိတို့ဒေသထွက် ကိုယ်တိုင်လုပ်ရောင်းခြင်းနှင့် ကာဘိုးကျေးရွာတို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပဲပုတ်၊ပဲငပိ ဈေးနှုန်းအနေဖြင့် လက်လီ တစ်ပိဿာ လျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင် (၁၅၀၀) ကျပ် နှင့် ခြောက် ဈေးနှုန်း အနေဖြင့်  တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၁၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ပဲစိမ်းကြော် ဈေးနှုန်း

     ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ပဲစိမ်းကြော် ထုတ်များကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂ ခုနှစ်၊ ယခု စက်တင်ဘာလ ပထမပတ် ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပဲစိမ်းကြော်ထုတ် ဈေးနှုန်းအနေဖြင့် ပဲစိမ်းကြော် တစ်ထုတ် လျှင်(၇၀၀)ကျပ်၊ (၃)ထုတ်လျှင်(၂၀၀၀)ကျပ်၊ (၁၀)ထုတ်လျှင်(၆၈၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပဲစိမ်းကြော်များကို ရေဦးမြို့ နှင့် ပြင်ဦးလွင်မြို့(၂၁)မိုင်တို့မှ မှာယူရောင်းချကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ငှက်ပျောပန်းပျိုးပင် နှင့် ငှက်ပျောပန်းပွင့် စိုက်ပျိုးရောင်းချလျက်ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်တွင် ၊ မိသားစု စားဝတ် နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း ဝါသနာအရသော်လည်း ကောင်း  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ ပန်းပျိုးပင်မျိုးစုံ ဖြစ်သည့် တယူဇနာပန်း(ခေါ်) တောင်ကြီးသနပ်ခါးပန်း၊ ငှက်ပျောပန်း၊ ပိန်းပန်း၊ ရှင်သီဝလိဂမုန်းပန်း၊ သစ်ခွပန်း၊ ဒေစီပန်း၊ သဇင်ပန်း ၊ ခွာညိုပန်း နှင့် နှင်းဆီပန်းများကို ပျိုးပင်ရော အပွင့်ပါ ရောင်းချရန်အတွက်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြ သည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ် ကျွန်းလှမြို့၏ ငှက်ပျောပန်း ပျိုးပင်ဈေးနှုန်း နှင့် ငှက်ပျောပန်းအပွင့် ဈေးနှုန်းအနေဖြင့် ငှက်ပျောပန်းပျိုးပင် အရောင်မရွေးလျှင် တစ်ပင်လျှင်(၂၀၀၀)ကျပ်  ကြိုက်တဲ့အရောင်ရွေးယူလျှင် တစ်ပင်ကို(၃၀၀၀)ကျပ် ဈေးနှုန်းရှိပြီး ငှက်ပျောပန်း တစ်ခက်လျှင်(၈၀၀)ကျပ်၊ (၂)ခက်လျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းစိုက်ပျိုး ရောင်းချသူများထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ဆီးကျန်းမာရေးအတွက် ကောင်းမွန်သည့် ကျောက်ဖရုံသီး နှင့် ဂေါ်ရခါးသီး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ကုန်စိမ်းသီးနှံ မျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ကျောက်ဖရုံသီးကို မိမိတို့‌ ဒေသတွင်း ထွက်ရှိသည့်များကိုရောင်းချလျက်ရှိပြီး ဂေါ်ရခါးသီးကို မန္တလေးမြို့မှ မှာယူ ရောင်းချပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်းများမှာ အလုံးကြီးတစ်လုံးလျှင် (၈၀၀)ကျပ် နှင့် အလုံးသေးတစ်လုံးလျှင်(၇၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း အလားတူပင် ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၄၅၀၀)ကျပ်၊ ကျောက်ဖရုံသီး သေးတစ်လုံးလျှင်(၃၀၀၀)ကျပ် နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံ မျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခါကြက်ဥ နှင့် မုန်ညင်းထုပ် ဈေးနှုန်း

       ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ငရုတ်သီးစိမ်း၊ ခဝဲသီး၊ ဗုံလုံသီး သင်္ဘောသီး ကင်မုံသီး၊ ကြက်ဟင်းခါးသီး နှင့်  ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင် ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမအပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ် နေသော  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်ဈေးနှုန်းဖြင့် လည်းကောင်း  မုန်ညင်းထုပ် ဈေးနှုန်း မှာ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း