
မန္တလေးစျေးကွက်အတွင်း ရာသီစာသီးမွှေးငှက်ပျောသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊မတ္တရာ၊ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ငှက်ပျောသီးအများအပြား စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။ ဖီးကြမ်း၊ သီးမွှေး၊ရခိုင်၊ငှက်ပျောချဉ်နှင့် ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက်အတွင်း အများဆုံး တွေ့ရှိရပါသည်။ ငှက်ပျောသီး သီးနှံကို အဟာရဓါတ်စာ၊ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင် ထည့်သွင်းသုံးစွဲခြင်း၊ ဘုရားပွဲနှင့် မိရိုးဖလာကန်တော့ပွဲများတွင် သုံးစွဲကြောင်း သိရပါသည်။ မတ္တရာမြို့နယ်ထွက် ငှက်ပျော သီးမှာ အခွံထူပြီး၊အရသာမှာ အချိုဓါတ်အနည်းငယ်လျော့ကြောင်းနှင့် ကျောက်ဆည်မှ ထွက်သည့် ငှက်ပျောသီးမှာ အခွံပါးပြီး၊အချိုဓါတ်များကြောင်း သိရပါသည်။ ဖီးကြမ်း၊ သီးမွှေးနှင့် ရခိုင်ငှက်ပျော သီးများကို ဘုရားပွဲနှင့် မိရိုးဖလာပွဲများတွင် သုံးစွဲမှုများပြီး၊ ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီး တစ်လုံး နှင့်သုံးစွဲသည့်ငှက်ပျော ခိုင်အရေ အတွက်အလိုက်၊ အလုံးအရွယ်အစားအလိုက် စျေးနှုန်းအမျိုးမျိုး ရောင်းချကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်း များ အနေဖြင့် တစ်ဖီးလှျင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- ၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/-၊သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊(တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ရခိုင် ငှက်ပျောသီးနှင့် ငှက်ပျောချဉ်သီးမှာ ၁၅၀ဝ/- နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး(တောင်ငူသီး) မှာ ၅၀၀ဝိ/- နှင့်၈၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ ရာသီစာသီးမွှေးငှက်ပျောသီးမှာ အရောင်းသွက်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)