
မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး၊ ခရမ်းသီးမှာ ဝင်ရောက်မှုများပြားသည့်သီးနှံအမယ်ဖြစ်ကြောင်း သိပါသည်။ ခရမ်းသီးမှာ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ ဝင်ရောက်လျက်ရှိပြီး၊ မိုးရာသီချိန်ဖြစ်၍ ဝင်ရောက်မှုများသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလဒုတိယပတ်အတွင်း ခရမ်းသီးတစ်ပိဿာလျှင် လက္ကားစျေး ၁၃၀ဝိ/- နှင့် ၁၅၀ဝိ/- ကျပ်၊လက်လီစျေး ၁၈၀ဝိ/- နှင့် ၂၀၀ဝိ/-စျေး ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက် လျက်ရှိ ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)