အရောင်းသွက်သည့်ကင်းပုံသီး

Powered by Drupal

       မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး၊ ကင်းပုံသီးမှာ ဝင်ရောက်မှုများပြားသည့် သီးနှံအမယ်ဖြစ်ကြောင်း   သိရပါသည်။      ကင်းပုံသီးမှာ အချိုမျိုး နှင့် အခါး မျိုးနှစ်မျိုးရှိပြီး၊အချိုမျိုးသည် အသီးနှင့်အရွက် နှစ်မျိုးစလုံးစားသုံး နိုင်ကြောင်း သိရပါသည်။   ၂၀၂၅ ခုနှစ်  စက်တင်ဘာလဒုတိယပတ်အတွင်း  ကင်းပုံသီးအချိုသီး  (၂၅) လုံးလျှင် ၂၅၀၀ ကျပ်နှင့်၃၀၀၀ ကျပ်၊အခါးသီး (၂၅)လုံးလျှင် ၁၃၀၀ကျပ်နှင့် ၁၅၀၀ကျပ်၊အခါးမျိုး(အလုံးသေး) စျေးမှာ တစ်ပိဿာလျှင်၂၅၀၀ကျပ်နှင့် ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)