ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ရှိ ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်တက်

      ထားဝယ်မြို့၊ သြဂုတ်လဒုတိယပတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို ရန်ကုန်၊ မန္တလေးပွဲရုံများမှကားလမ်းဖြင့် သယ်ယူရောင်းချကြပြီး ယခုပတ်တွင် လမ်းခရီးကျန့်ကြာနေသည့်အတွက်ဈေးတက်လျက်ရှိပြီး တစ်ပိဿာလျှင် ကျပ်(၄၀၀၀)ဈေးနှုန်းဖြင့် ထားဝယ်မြို့ကမ်းနားပျံကျဈေးနှင့် စည်ပင်သာယာဈေးကြီးတို့တွင် ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ ကုလားပဲဈေးနှုန်း

     ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်အတွင်း ထားဝယ်မြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကုလားပဲဆံ ဈေးနှုန်း အနေဖြင့် ကုလားပဲဆံ တစ်ပြည့်လျှင်(၈၈၀၀)ကျပ်၊ ကုလားပဲဆံ နို့ဆီဘူး(၄)ဘူးလျှင်(၄၄၀၀)ကျပ်နှင့် ကုလားပဲဆံ နို့ဆီ(၁)ဘူးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိ ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ သပြေပန်းဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင်သာမက အခြားသောဒေသများတွင် လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြပြီး ပန်းမျိုး ပေါင်း များစွာရှိသည့်အနက် မြန်မာလူမျိုးတို့သည်  သပြေပန်းကို ဘုရားပန်းကပ်လှူရာ၌သာ အများဆုံး အသုံးပြုကြကြောင်း၊ သပြေပန်းကို ယခင်ကတောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါမိမိတို့ခြံဝင်းများ၌ သပြေပင်များကို ခြံဖွဲ့၍စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

          သပြေပန်းကို အခက်စည်းနှင့် အငုတ်ဟူ၍ (၂)မျိုးရောင်းချလျက်ရှိပြီး၊ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်အတွင်း သပြေပန်းခက်(၁)စည်း လျှင် (၁၀၀၀)ကျပ်၊ သပြေငုတ် (၁) ငုတ် လျှင် (၃၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း ပန်းရောင်းသူများထံမှ သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ ပန်းတိမ်ငိုဈေးကွက်

        တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများ၌ စီးပွားဖြစ်ဘုရားပန်းများ စိုက်ပျိုးရောင်းချလျက်ရှိပြီး လူကြိုက်များပြီး  ပန်းတိမ်ငိုပန်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မော်လမြိုင်တို့ဘက်မှ ဝယ်ယူရောင်းချလျက်ရှိရာ လမ်းခရီးအခြေအနေအရ အခက်အခဲရှိ သည့်အတွက် ဈေးတက်လျက်ရှိကြောင်း သိရှိရပါသည်။

           ၂၀၂၅ခုနှစ်၊ သြဂုတ်လဒုတိယပတ်အတွင်း ပန်းတိမ်ငိုပန်းဈေးကောင်းလျက်ရှိပြီး (၁၀)ပွင့် တစ်စည်းလျှင် (၁၀၀၀၀)ကျပ်အထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ လူကြိုက်များသောနှင်းဆီဈေးမြင့်တက်လျက်ရှိ

     တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာ များ၌ စီးပွားဖြစ်ဘုရားပန်းများ စိုက်ပျိုးရောင်းချလျက်ရှိပြီး လူကြိုက်များသော နှင်းဆီပန်းများကို နေပြည် တော်၊ ရန်ကုန်နှင့် မော်လမြိုင်တို့ဘက်မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။ နှင်းဆီပန်းများမှာ ဘုရားပန်း အတွက်သာမက လက်ဆောင်ပေးရာ၌လည်း အဓိကထားအသုံးပြုကြသည့်အတွက် ဈေး‌ကောင်းရကြောင်းလည်း သိရှိရပါသည်။

            ၂၀၂၅ခုနှစ်၊ သြဂုတ်လဒုတိယပတ်အတွင်း ပန်းရောင်းချသူများ၏ ပြောပြချက်အရ နှင်းဆီပန်း တစ်စည်းလျှင် ( ၇၀၀၀  )ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ ဂန္ဓမာပန်းဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ထားဝယ်မြို့နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများ၌ စီးပွားဖြစ် ဘုရားပန်းများစိုက်ပျိုးရောင်းချလျက်ရှိပါသည်။ ပန်းစိုက်ပျိုးရောင်း ချသူများ အနေဖြင့် မြို့ပေါ်ရှိပန်း ရောင်းချသူများထံသို့ ကား၊ ဆိုင်ကယ်များဖြင့်တင်ပို့ကြပြီး ပန်းဈေးကောင်းရလျက်ရှိကြောင်းလည်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်အတွင်း ဂန္ဓမာပန်းဈေးကောင်းလျက်ရှိပြီး (၁၀)ပွင့် တစ်စည်း လျှင် (၆၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ဝက်အူချောင်းဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီးအတွင်း၌ ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ လူကြီး၊ လူငယ်မရွေးကြိုက်ကြသော  အစားအစာ ဖြစ်ပြီး လျင်မြန်ချက်ပြုတ်စား‌သောက်နိုင်သည့်အတွက် အချိန်ကုန်လူသက်သာသော အစားအစာလည်းဖြစ်ပါ သည်။

          ဝက်အူချောင်းများမှာ ထားဝယ်မြို့မှ စီးပွားဖြစ်ထုတ်လုပ်ရောင်းချမှုနည်းသည့်အတွက် ပုလောဘက်မှကားများဖြင့် သယ်ယူရောင်းချကြပြီး ယခုအပတ်တွင် ကားလမ်းအခြေအနေ အခက်အခဲရှိသဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပြီး ဝက်အူချောင်း တစ်ပိဿာလျှင် (၄၅၀၀၀) ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိသံပုရာသီးဈေးနှုန်းအခြေအနေ

     တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ ဈေးကွက်အတွင်းသို့  ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့်ဒေသအသီးသီးမှ သံပုရာသီးများ ဝင်ရောက်လျက်ရှိသည့် အတွက် ဈေးကွက်အတွင်းပေါများ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

   ထားဝယ်မြို့ပေါ်၌ သံပုရာသီးဈေးကျလျက်ရှိပြီးအရွယ်အစားအပေါ်မူတည်၍ တစ်လုံးလျှင်(၁၀၀)မှ(၂၀၀)ကျပ် အသီးသီးရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ စပျစ်သီးနှင့် ဒညင်းသီးဈေးနှုန်းမြင့်တက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီးများ ရောင်းချလျက်ရှိပြီး စပျစ်သီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း သိရသည်။ ကန့်ဘလူသစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ဒုတိယပတ် အတွင်း စပျစ်သီးတရုတ်မျိုး(၁)ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၅၀၀၀)ကျပ်၊ စပျစ်သီးဗမာမျိုး (၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၇၅၀၀)ကျပ်ဈေးတို့ဖြင့် လည်းကောင်း၊ ဒညင်းသီးအကြီး(၁)လုံးလျှင် (၃၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၂၅၀)ကျပ်နှင့် (၁၀)လုံးလျှင် (၂၇၀၀)ကျပ်၊ စပျစ်သီးဝင်ရောက်မှု နည်းသော်လည်း လူကြီးလူငယ်မရွေး စားသုံးကြ သည့်အတွက် အရောင်းသွက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ထားဝယ်မြို့အတွင်းရှိ ငါးချဉ်ပေါင်ဈေးကွက်အခြေအနေ

     တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းရိုးတန်းဒေသဖြစ်သည့် အတွက်ရေလုပ်ငန်းလုပ်ကိုင်သူပေါများပြီး ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြပါသည်။  ကမ်းနီးကမ်းဝေးငါးဖမ်း လုပ်ငန်းများကို တစ်နိုင်တစ်ပိုင် ငါးဖမ်းလှေများဖြင့်လည်းကောင်း၊၊ ငါးဖမ်းစက်လှေကြီးများဖြင့်လည်းကောင်း  ဖမ်းယူကြပြီး  ဖမ်းယူရရှိသောငါးများကို ထားဝယ်မြို့ပေါ်ရှိ ကမ်းနားပျံကျဈေးနှင့် ရပ်ကွက်ဈေးများ၊ ငါးဒိုင်များ၊  ကုမ္ပဏီ များသို့လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

     ယနေ့ဈေးကွက်အခြေအနေအရ ငါးချဉ်ပေါင် တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း