
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၏ ပင်လယ်ပြင်နှင့် မြစ်ချောင်းများမှ ဖမ်းဆီး ရရှိသော ဂဏန်းများသည် ဒေသတွင်း စားသုံးမှုများပြားပြီး မြို့ပြင်မှ ရောက်ရှိလာသည့် ဧည့်သည်များ၏ ကြိုက်နှစ်သက်မှုကိုလည်း ရရှိထားသည်။
ဒေသခံများသည် ဂဏန်းကို ပြုတ်၍လည်းကောင်း ၊ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ကာ ဂဏန်းမဆလာအဖြစ်လည်းကောင်း ၊ ဂဏန်းအသားများကို ဂဏန်းခွက်ကြော်အဖြစ်လည်းကောင်း ၊ ဂဏန်းကော်ကြော်အဖြစ်လည်းကောင်း အများဆုံး ချက်ပြုတ် စားသောင်ကြပြီး အခြားသောနည်းလမ်းပေါင်းစုံဖြင့်လည်း ချက်ပြုတ်စားသောက်လေ့ရှိကြသည်။
ပုသိမ်မြို့နယ်၊ ကုလားကုန်းဈေးနှင့်ဘူတာဈေးများရှိ ငါး/ပုစွန်/ဂဏန်း အရောင်းဆိုင်များတွင် အရွယ်အစားအလိုက် ဂဏန်းတစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ မှ ၂၅,၀၀၀ ထိ ဈေးကွက် ခြားနားကာ ရောင်းချလျက်ရှိကြောင်း သိရှိရအပြင် ဂဏန်းများကို အကောင်လိုက်အပြင် ဂဏန်းလက်မသီးသန့် တစ်ပိဿာလျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ပင်လယ်မှ တိုက်ရိုက်ရရှိသော လတ်ဆတ်သည့် ဂဏန်းများဖြစ်သဖြင့် ဈေးကွက်ဝင်မှု ကောင်းမွန်နေ သည်ဟု ဆိုနိုင်ပါသည်။
DOCA (ဧရာဝတီ)