ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အောင်လံကုန်စည်ဒိုင်၏ ဒီဇင်ဘာလ(ဒုတိယပတ်)အတွင်း နှမ်းသီးနှံ ဈေးနှုန်းနှင့် ဈေးကွက် အခြေအနေ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် အောင်လံမြို့နှင့် သရက်မြို့ တို့မှထွက်ရှိသည့်နှမ်းသီးနှံများနေ့စဉ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

နှမ်းနက်(စမုံ)

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၂၀၃၃၀၀ မှ၂၁၃၃၀၀)၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၂၀၆၆၀၀ မှ၂၁၆၆၀၀) ရှိခဲ့၍ ယခု ဒီဇင်ဘာလ ဒုတိယပတ်တွင် ယခင်ဒီဇင်ဘာလ ပထမပတ်ထက် (၁)တင်းလျှင် ကျပ်(၃၃၀၀)ဈေးနှုန်းမြင့် တက်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် ဒီဇင်ဘာလ (ဒုတိယပတ်)တွင် တင်းရေ(၂၈၅၀)တင်း တန်အနေဖြင့် (၆၉.၈)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

နှမ်းနီ

နှမ်းနီသီးနှံမှာ (ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)ရှိခဲ့ရာမှ (ဒုတိယပတ်)တွင် ကျပ်(၁၁၁၅၀၀)ရှိခဲ့၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် (၁)တင်းလျှင် ကျပ်(၁၁၅၀၀) ဈေးနှုန်းအမြင့်ဖြင့် တင်းရေ(၇၂၀)တင်း၊ တန်အနေဖြင့် (၁၇.၆၄)တန်ခန့် အရောင်းအဝယ် ရှိခဲ့ကြောင်း သိရသည်။

နှမ်းဖြူ

နှမ်းဖြူမှာ (ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၁၈၃၀၀မှ ၁၂၁၆၀၀)ဈေးနှုန်းရှိခဲ့၍ ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိ တည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်အနေဖြင့် (ဒုတိယပတ်)အတွင်း တင်းရေ (၅၁၀)တင်း၊  တန် အနေဖြင့်(၁၂.၅)တန်ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

အောင်လံကုန်စည်ဒိုင်အနေဖြင့် နှမ်းသီးနှံကို (ဒုတိယပတ်)တွင် တင်းရေစုစုပေါင်း (၄၀၈၀) တင်း၊ တန်အနေဖြင့်(၉၉.၉၄)တန်ခန့် အရောင်းအဝယ်ရှိခဲ့ပြီး နှမ်းသီးနှံများကို ရန်ကုန်နှင့် မန္တလေး မြို့ များသို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း၊ နှမ်းနီနှင့်နှမ်းဖြူ အချို့တဝက်အနည်းငယ်ကို အောင်လံ မြို့ရှိ ဆီကြိတ်ခွဲရောင်းချသည့် လုပ်ငန်းရှင်များနှင့် ပဲကြော်လုပ်ငန်းရှင်များသို့ တင်ပို့ရောင်းချရခြင်း ဖြစ်ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

မန္တလေး ပဲမျိုးစုံ ဈေးနှုန်း၊ဈေးကွက်

      မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်းမြေပဲကို ဩဂုတ်လတွင်းစိုက်ပျိုးခဲ့ကြပြီး၊ ဒီဇင်ဘာလဆန်းအတွင်း စတင်ထွက်ပေါ်ကာ ဒီဇင်ဘာလကုန်ပိုင်းတွင် လှိုင်လှိုင်ထွက်ပေါ် မည်ဖြစ်ပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် မြေပဲလုံးဆီနီ တစ်ပိဿာလျှင် ၈၄၀၀-၈၅၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

    ပဲတီစိမ်းကို မိုးကုန်ပိုင်းဖြစ်သော ဩဂုတ်၊ စက်တင်ဘာလများတွင် စိုက်ပျိုးခဲ့ကြပြီး၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ဆောင်းပဲတီစိမ်းများ ထွက်ပေါ်လျက်ရှိပါသည်။ မန္တလေး ဈေးကွက်အနေဖြင့် ပဲတီစိမ်းတစ်ပိဿာလျှင် ၄၉၇၈-၅၃၃၃ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

   ဆောင်းကုလားပဲများကို အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးကြသည်။ ယခုအခါ ဆောင်းကုလားပဲများ အောင်မြင်ဖြစ်ထွန်းချိန်ဖြစ်၍ ဖေဖော်ဝါရီလလောက်မှသာ ထွက်ပေါ်မည်ဖြစ်ပါသည်။ ကုလားပဲဈေးနှုန်းများအနေဖြင့် ကုလားပဲ(ဗမာ) တစ်ပိဿာလျှင် ၅၀၆၆ ကျပ်၊ ကုလားပဲထိုင်ဝမ် တစ်ပိဿာလျှင် ၅၀၆၇ ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၅၂၄၀ ကျပ်ဈေးဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ဒေသထွက်ပဲမြစ်ဈေးနှုန်းအခြေအနေ

         ပဲမြစ်သည်နွယ်ပင်တစ်မျိုးဖြစ်ပြီး ပဲစောင်းလျားသီးပင်၏ အမြစ်ဖြစ်သည်။ ပဲမြစ်ကို နေရာ ဒေသအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ကရင်ပြည်နယ်ဒေသထွက်ပဲမြစ်ကို ဘားအံမြို့ အနီးတဝိုက်  ကျေးရွားများနှင့်ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ တောင်သူများက တနိုင်တပိုင်စိုက်ပျိုးကြသည်။

ပဲမြစ်ကို ဩဂုတ်လတွင်စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့်ဖေဖော်ဝါရီလများတွင် တူးဖော် ရောင်းချကြောင်းသိရသည်။ ပဲမြစ်ကိုပြုတ်ပြီ ဆီ၊ ဆားတို့နှင့်တို့စားပါက အရသာချိုစိမ့်ပြီး အလွန် စားကောင်းလှပါသည်။ပဲမြစ်တွင် ကယ်စီယမ်ဓာတ်၊ ပရိုတိန်းဓာတ်များစွာပါဝင်သာကြောင့် လူသားတို့အတွက် ကျန်းမာရေးကိုလည်း အထောက်အကူပြုစေပါသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ဆောင်းကာ ကရင်ပြည်နယ်ဒေသထွက် ပေါ်ဦးပေါ်ဖျားသဘာဝ ပဲမြစ်များ၏ဈေးနှုန်းမှာ  ဘားအံမြို့ ရေပေါ်စံပြဈေးတွင် ပဲမြစ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ရာသီပေါ်စာ ဇီးသီးဈေးနှုန်း

           မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ဇီးပင်များကို တွေ့မြင်နိုင်ပါသည်။ အထူးတဖြင့် ခြောက်သွေ့သော မန္တလေး၊ မကွေးနှင့်စကိုင်းနယ်ပယ်များတွင် ဇီးပင်ပိုပေါများသည်။ ၎င်းဇီးပင်များသည် စိုက်ပျိုးရသော အပင်များမဟုတ်ဘဲ အလေ့ကျပေါက်သော အပင်များဖြစ်သည်။ ဇီးသီးသည်ရာသီစာဖြစ်၍ တစ်နှစ် ပတ်လုံး စားခွင့်မရှိပဲ  နှစ်တစ်နှစ်တွင် တစ်ခါသာစားသုံးခွင့်ရှိသော သီးနှံတစ်မျိုးလည်းဖြစ်သည်။ ဇီးသီးမှာ ဇီးချိုသီး၊ ဇီးချဉ်သီး၊ ဇီးပန်းသီး၊ စလေဇီးသီး၊ ဇီးကြက်ဥဟူ၍ အမျိုးမျိုးရှိသည်။ဇီးသီးကို ဇီးယို၊ ဇီးမုန့်၊ ဇီးပြားနှင့် ဇီးဖျော်ရည်အဖြစ်လည်းပြုလုပ်၍ စားသုံးနိုင်ပါသည်။ ဇီးသီးတွင် ဗီတာမင်နှင့် သတ္တုဓာတ် များစွာ ပါရှိသည့်အတွက် လူသားတို့၏ကျန်းမာရေးကိုလည်း အကျိုးပြုစေပါသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ဆောင်းကာလတွင် ပေါ်ဦးပေါ်ဖျားသဘာဝဇီးသီးများကို ဘားအံမြို့ ရေပေါ်ဈေး၌ တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊တစ်ဘူးလျှင် ၈၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။

DOCA(ကရင်)

မန္တလေးသစ်သီးဈေးကွက်

    ဒေသအသီးသီးမှဝင်ရောက်လာသော သစ်သီးများကို ကုန်သည်များက ဈေးချို၊ ၂၉လမ်းx ၃၁လမ်းကြား၊ ၈၄လမ်းx ၈၅လမ်းကြားရှိ မန္တလေးသစ်သီးပွဲရုံများသို့ ရောင်းချကြကြောင်း သတင်းရရှိပါတယ်။  သစ်သီးဈေးသူအချို့သည် ဈေးချိုသစ်သီးပွဲရုံများမှ လက်ကားဝယ်ယူပြီး မန္တလေးမြို့ပေါ်ရှိ ဈေးများသို့ ပြန်လည်ရောင်းချကြောင်း သတင်းရရှိပါတယ်။

    မန္တလေးမြို့၊ မနော်ရမ္မံဈေးရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး(အပွ) အလုံးကြီး လက်လီ(၁) ပိဿာလျှင် (၂၀၀၀ဝိ)၊ ပန်းသီး (အကျွတ်) အလုံးကြီး လက်လီ(၁)ပိဿာလျှင် (၂၀၀၀ဝိ)၊ ဆန်းကစ်သီး (၁)လုံး (၂၅၀ဝိ/-)၊ မော်လမြိုင်ဒေသထွက် ရှောက်ပန်းသီး(ကျွဲကောသီး)လက်ကား  (၁)လုံး (၄၀၀ဝိ/-) လက်လီ (၄၅၀ဝိ/-)၊ စတော်ဘယ်ရီ အသင့်ထုပ်ပိုးထားသော ပလတ်စတစ်ဗူး (၁)ဗူးလျှင် (၄၅၀ဝိ/-) တောင်ကြီးမှဝင်သော ထောပတ်သီး(Hass)များကို ၂၅ ကျပ်သားလျှင် (၂၅၀ဝိ/-)မှ(၃၀၀ဝိ/-)ထိ ရောင်းချပြီး စားသုံးသူများကြိုက်နှစ်သက်၍ အရောင်းအဝယ်ဖြစ်ကြောင်း သစ်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

             

လွိုင်လင်ခရိုင်နှမ်းဈေးကွက်သတင်း

         လွိုင်လင်ခရိုင်အတွင်း နှမ်းစိုက်ဧက (၆၄၃) ဧကရှိပြီး၊ ရိတ်ဧက(၆၄၃)၊ အထွက်နှုန်း (၈.၀၄) နှုန်း ဖြင့် စုစုပေါင်း အထွက်တင်း (၅၁၆၉) တင်း၊ အထွက်တန်(၁၂၆) မတ်တန်ရှိကြောင်း စာရင်းများအရ သိရှိရပါသည်။ လွိုင်လင်ခရိုင်အတွင်း သုံးစွဲမှုအနေဖြင့် (၁၇၄.၄၈)မတ်တန်ရှိသဖြင့် ဒေသအတွင်း နှမ်းသုံးစွဲမှုမလုံလောက်သဖြင့် လင်းခေးခရိုင်မှ ထွက်ရှိသောနှမ်းများ ဝယ်ယူသုံးစွဲကြောင်း လေ့လာသိရှိရပါသည်။ ဒေသအတွင်း ပေါက်ဈေးအနေဖြင့် တစ်ပြည်ပေါက်ဈေး (၁၂၀၀)ကျပ်ရှိကြောင်း သိရပါသည်။
DOCA(ရှမ်း)

၂၀၂၄ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

        ယခုတစ်ပတ် ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် ၁၄၀၀-၁၄၅၀ကျပ် ဈေးပေါက်နေပြီး ကုန်အဝင်များပြည်ပအဝယ်ရှိသဖြင့် စီးဆင်းမှုအားကောင်းသော်လည်းဈေးနှုန်းအငြိမ်ဖြင့် အရောင်း အဝယ်ဖြစ်လျှက်ရှိကာနေပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၁၁၅၀၀ကျပ်၊ ထူး ၂-၁၂၅၀၀ကျပ်၊ ထူး ၃-၁၃၅၀၀ကျပ်၊ ထူး ၄-၁၄၅၀၀ကျပ်၊ ထူး ၅-၁၅၅၀၀ကျပ်၊ ထူးလွန်-၁၆၀၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းထူးခြားစွာပြောင်းလဲမှုမရှိဘဲ လက်ကျန်ပါးသော်လည်း လှောင်လက်ငယ် များထံမှ ဈေးကွက်အဝင်ရှိသဖြင့် စီးဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။

        ချင်းသီးနှံမှာ တစ်ပိဿာလျှင် ချင်းအခက်ကြီးမှာ (၃၀၀၀)ကျပ် နှင့် ချင်းဥမမြေနီအလတ်စမှာ (၂၀၀၀-၂၅၀၀)ကျပ်ဖြင့် ပြည်ပအဝယ်မရှိခြင်းကြောင့် ဈေးနှုန်းမှာကျဆင်းနေပြီး ပြည်တွင်းသုံးသာရှိ ၍ ပုံမှန်သာစီးဆင်းနေပါသည်။

        အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကီး S2-၇၅၀၀ကျပ်၊ S1-၇၀၀၀ကျပ်၊ မျက်နီ S1-၆၀၀၀ ကျပ်၊ OK-၅၅၀၀ကျပ်၊ A1-၄၅၀၀ကျပ်၊ ဆွဲသီး-၃၅၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၅၀၀ကျပ်ဈေးရှိနေကြ ပြီး အဝင်များကာ ဝယ်လိုအားကောင်းသောကြောင့် ဈေးအနည်းငယ်တက်လာသော်လည်း သယ်ယူ ပို့ဆောင်မှုအခက်အခဲများရှိသဖြင့် စီးဆင်းမှုမှာ အနည်းငယ်လျော့နည်းခဲ့ပါသည်။

       ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၁၅၀၀-၁၇၀၀ကျပ်၊ ပန်းမုံလာ ၁၅၀၀-၁၇၀၀ကျပ်၊ ရွှေပဲ ၅၀၀၀-၅၅၀၀ကျပ်၊ မုန်ညှင်း ၁၅၀၀-၂၀၀၀ကျပ်၊ ဖရုံသီး ၁၆၀၀-၁၈၀၀ကျပ်၊ ခရမ်းသီး ၂၀၀၀-၂၅၀၀ကျပ်၊ ခရမ်းချဉ်ဂွတ်ရှယ်သီး ၅၀၀၀ကျပ်၊ ငြုပ်ပွ ၄၀၀၀-၄၅၀၀ကျပ်၊ မုန်လာဥနီ ၂၅၀၀-၃၀၀၀ နှင့် ဘိုစား ၃၀၀၀-၃၅၀၀ကျပ် အသီးသီးဈေးရှိနေကြပြီး အဝယ်များသဖြင့် ကုန်စိမ်းသီးနှံများမှာ ဈေးအနည်းငယ် တက်လာသော်လည်း ပြောင်းဆံသယ်ယူပို့ဆောင်သည့်ကားများ များလာသဖြင့် ယာဉ်ကြောအနည်း ငယ်ပိတ်ဆို့မှုများကြောင့် ကုန်စိမ်းသီးနှံများမှာ အထားမခံ၍ စီးဆင်းမှုမှာ အနည်းငယ်လျော့နည်းခဲ့ပါ ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ဧရာဝတီတိုင်းဒေသကြီးဆန်စပါးဈေးကွက်ဒီဇင်ဘာလဈေးနှုန်း အပြောင်းအလဲဖြစ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်စပါးဈေးကွက်ခရိုင်အများစုဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဟင်္သာတခရိုင် ဧည့်မထဆန်ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်းသိရသည်။

ပုသိမ်ခရိုင်၊မြောင်းမြခရိုင်၊မအူပင်ခရိုင်များတွင် ပေါ်ဆန်းဆန်တစ်အိတ်လျှင်ကျပ် ၁၁၀၀၀၀/ ၁၂၄၀၀၀ဈေးအတွင်းနှင့် ဆန်တစ်တင်းကျပ် ၂၄၃၀၀/၂၈၀၃၈ ဝန်းကျင်ဈေးအတွင်း ရောင်းဝယ် လျက်ရှိပြီး ဧည့်မထမိုးစပါးတစ်တင်းလျှင်ကျပ် ၁၇၀၀၀/၁၉၀၀၀ ဈေးအတွင်းနှင့် ဧည့်မထမိုးစပါး ဆန်တစ်အိတ်ကျပ် ၇၃၀၀၀/၈၁၀၀၀ဈေးအတွင်းပုံမှန်ရောင်းဝယ်လျက်ရှိပြီး ဟင်္သာတခရိုင်တွင်း မိုးဆန်တစ်အိတ်ယခင်ကျပ် ၇၃၀၀၀/၇၄၀၀၀ဈေးမှ ယခုဈေးကျပ်၇၂၀၀၀/၇၃၀၀၀ ဈေးဖြစ်သွား သည့်အတွက် ဆန်တစ်အိတ်ကျပ် ၁၀၀၀ဈေးနှုန်းကျဆင်းလျက်ရှိပြီး ကျန်ခရိုင်များတွင် ဈေးနှုန်း တည်ငြိမ်မှုရှိပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း တိုင်းအတွင်းရှိ မြို့နယ်တစ်ချို့တွင် စပါး အရည်အသွေးကွာခြားမှုဈေးကွက်အရောင်းအဝယ်သွက်မှုအခြေအနေနှင့်ပတ်သက်၍ စပါးတစ်တင်း ကျပ်သောင်းဂဏန်းနှင့်ဆန်တစ်အိတ်လျှင်ကျပ် ၄၀၀၀/၅၀၀၀ခန့် ဈေးနှုန်းကွာခြားမှုရှိကြောင်း ဈေးနှုန်းသတင်းများမှသိရသည်။

DOCA(ဧရာဝတီ)

မန်ကျည်းသီးမှည့် ဈေးနူန်းဈေးကွက်

     ကျောက်ပန်းတောင်း၊ရမည်းသင်း၊မြင်းခြံမြို့များမှ ထွက်ရှိသောမန်ကျည်းသီးများသည် ယခုအချိန်တွင်မန်ကျည်းသီးအစိမ်းအဆင့်မှ ကြက်ဆူအဆင့်သို့ ရောက်ရှိချိန်ဖြစ်ပါသည်။ မတ်လပိုင်းလောက်တွင် မန်ကျည်းသီးမှည့် အသစ်များ ထွက်ပေါ်လာတော့မည်ဖြစ်ပါတယ်။

   ယခုနှစ်ဒီဇင်ဘာလတွင်မန်ကျည်းသီးမှည့်ဈေးလက်လီ တစ်ပိဿာလျှင် (၁၀၀၀၀-၁၁၀၀၀) ကျပ်ရှိပြီး ယခင်နှစ်ကတစ်ပိဿာဈေးနှုန်းမှာ(၅၀၀၀-၆၀၀၀)ကျပ်ခန့်သာရှိပြီး ယခုနှစ်နှင့်နှိုင်းယှဉ်ပါက (၅၀၀၀)ကျပ်ဝန်းကျင်ခန့် မြင့်တက်လာကြောင်း တွေ့ရပါတယ်။

   မန်ကျည်းသီးမှည့်ကို အိမ်ရှင်မများလိုရာအသုံးပြုခြင်းနှင့်မန်ကျည်းသီးမှည့်အဟောင်းများကို ပရဆေးဆိုင်များမှ  လေပုတ်ထုတ်ဆေးပြုလုပ်ခြင်း တွင် အဓိကထား အသုံးပြုပြီး အခြားပရဆေးများထုတ်လုပ်ရာတွင်လည်းအသုံးပြုခြင်း၊ မန်ကျည်းသီးမှည့်များကို အဖျော်ယမကာလုပ်ငန်းများ၊မန်ကျည်းတော်ဖီအစရှိသည့် စားသောက်ကုန်လုပ်ငန်းများ၊ အလှကုန်ပစ္စည်းများတွင် အသုံးပြုခြင်းများ များပြားလာခြင်းတို့ကြောင့် မန်ကျည်းသီးမှည့်များ ဈေးကောင်းရလာကြသည့်အတွက်ယခုနှစ်မတ်လပိုင်းတွင် ထွက်ပေါ်လာတော့မည့်မန်ကျည်းသီးမှည့်အသစ်များဈေးနှုန်း မြင့်တက်နိုင်ကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာခရိုင်တွင်ဖြစ်ပေါ်နေသောအခြေခံစားကုန်ဈေးနှုန်း

   မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးတွင်း လူသုံးကုန်၊ စားသောက်ကုန်များ လက်လီ၊ လက်ကားရောင်းချလျက်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည် ၆၅၀၀-/ကျပ် ၊ မနောသုခ(အဟောင်း) တစ်ပြည် ၃၅၀၀-၄၅၀၀/ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ ၈၁၀၀/ကျပ်၊  မြေပဲဆီ တစ်ပိဿာ ၁၅၀၀၀-၁၆၀၀၀ / ကျပ် ၊ နှမ်းဆီ တစ်ပိဿာ ၁၅၀၀၀-၁၅၅၀၀ /ကျပ် ၊ ကုလာပဲဆံ တစ်ပိဿာ ၇၄၀၀/ကျပ် ၊ ကြက်သွန်နီ တစ် ပိဿာ၃၅၀၀/ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၃၅၀၀/ကျပ် ၊ ငရုတ်သီး ပု ၁၆၅၀၀/ကျပ် ၊ ငရုတ်ရှည် ၁၄၀၀၀/ကျပ်၊ အာလူး တစ်ပိဿာ ၇၀၀၀-၈၀၀၀/ကျပ် ၊ ဂျင်းတစ်ပိဿာ၄၀၀၀-၅၀၀၀/ကျပ်၊ ခရမ်းချဉ် သီးတစ်ပိဿာ ၆၀၀၀-၇၀၀၀/ကျပ်တို့ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥ တစ်လုံး(လက်လီ)၄၂၀/ကျပ် ၊ ဘဲဥတစ်လုံး ၅၆၀/ ကျပ်ဖြစ်ပြီး သား/ငါး တစ်ပိဿာ ဈေးနှုန်းများမှာ ကြက်သား(ဒေသမျိုး)၂၆၀၀၀ ကျပ်၊ (စီပီကြက်) ၁၈၀၀၀/ ကျပ်၊ ဝက်သား ၃၆၀၀၀/ကျပ် ၊ ဆိတ်သား ၂၄၀၀၀/ကျပ်၊ အမဲသား ၂၄၀၀၀/ကျပ် ၊ ငါးကြင်း ၁၈၀၀၀/ ကျပ်၊ ငါးရံ့ ၂၀၀၀၀/ကျပ် ၊ ငါးမြစ်ချင်း ၁၆၀၀၀/ကျပ် ၊ ငါးခူ ၁၂၀၀၀/ကျပ် ၊ ရေချိုပုဇွန် (အလတ်) ၄၀၀၀၀/ကျပ် ၊ ငါးခြောက်(လက်လီ)အာဗြဲခြောက်၂၂၀၀၀/ကျပ်၊ ငါးနီတူ၁၄၀၀၀/ကျပ် ၊ ငါး တံခွန် ၁၂၀၀၀/ကျပ် ၊ ငါးရောင်၄၅၀၀၀/ကျပ်၊ ပုဇွန်ခြောက်(အသေး)၆၀၀၀၀/ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း