ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက် များတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ဒေသခံများသည် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့် သီးနှံများကို စိုက်ပျိုးကြသည့်အပြင် ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ပုသိမ်မြို့မဈေးနှင့် ကျေးရွာဈေးများသို့ လာရောက် ရောင်းချကြကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ပုသိမ်မြို့နယ်ဈေးများ၌ ရောင်းချ လျက်ရှိသော ရွှေဖရုံသီးဈေးနှုန်းမှာ ရွှေဖရုံသီး(၁)ပိဿာလျှင် (၃,၅၀၀)မှ (၄,၀၀၀)ကျပ်၊ ရွှေဖရုံသီး(၁)စိတ်လျှင် (၁,၅၀၀)မှ (၂,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံ ကုန်စိမ်းရောင်းချသူများထံမှ သိရှိရသည်။ ပုသိမ်မြို့နယ်အတွင်း ရွှေဖရုံသီးများကို မြို့ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ကညင်ကွန်းကျေးရွာ၊ ကျွန်းတောကျေးရွာ၊ ဘိုကလေး ကျေးရွာနှင့် ကျောင်းကုန်းကျေးရွာများမှ အဓိကရောင်းချကြပြီး ဒေသထွက်ဟင်းသီးဟင်းရွက် များအဖြစ် စားသုံးသူများက နှစ်သက်စွာ ဝယ်ယူစားသုံးလျက်ရှိကြောင်း သိရှိရသည်။ မိုးရာသီဖြစ်သည့်အလျောက် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ အနည်းငယ်မြင့်တက် နေသော်လည်း ဒေသထွက်ထုတ်ကုန်များဖြစ်သည့်အတွက် ဈေးနှုန်းအတန်အသင့် သက်သာမှု ရှိကြောင်း သိရသည်။ ရွှေဖရုံသီးသည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ကာ ဒေသခံများအနေဖြင့် ဟင်းချို ချက်သောက်ခြင်း၊ ကြော်စားခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။
DOCA (ဧရာဝတီ)