ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

 စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ စည်ပင်သာယာဈေး ဈေးများတွင် ဒီဇင်ဘာလ (တတိယ) ပတ်အတွင်း ‌ရွှေဘို ပေါ်ဆန်း (တစ်အိတ်)လျှင် ၁၆,၀၀၀၀ ကျပ်၊ ဧရာမင်း(ဆန်) (သစ်) (တစ်အိတ်)လျှင် ၁၃၅,၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၆၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၄၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၄၅၀၀ ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၈၃၅၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၉၀၀ မှ ၁၀၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၄၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ကြက်သွန်နီ(သစ်) (တစ်ပိဿာ) ၃၅၀၀ မှ ၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၁၃၅၀၀ မှ ၁၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၂၂၀၀၀ မှ ၂၃၀၀၀ ကျပ်၊ အာလူး (တစ်ပိဿာ) ၆၅၀၀ မှ ၇၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၈၅၀၀ မှ ၉၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၁၅၀၀၀ မှ ၁၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၅၀၀၀ ကျပ်၊ ဂေါ်ဖီထုတ် (တစ်ထုတ်) ၂၅၀၀ ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စီး) ၈၀၀ ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၂၀၀၀၀ မှ ၂၁၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၂၆၀၀၀ မှ ၂၇၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၉၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၁၀၀၀ မှ ၂၂၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၁၁၀၀၀ မှ ၁၂၀၀၀ ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၄၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၅၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံး လျှင် ၄၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်ဖြစ်သည့်‌ ပဲဆီ(တစ်ပိဿာ)လျှင် ကျပ် ၁၀၀၀၊ ဝက်သား (တစ်ပိဿာ)လျှင် ကျပ် ၁၀၀၀   ဈေးနှုန်းအနည်းငယ် မြင့်တက်နေပြီး၊ ခရမ်းချဉ်သီး (တစ်ပိဿာ)လျှင် ကျပ် ၁၅၀၀၊ ဂေါ်ဖီထုတ် (တစ်ထုတ်) လျှင် ကျပ် ၅၀၀ အစရှိသဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းနေကြောင်းနှင့်   စားအုန်းဆီ ဈေးနှုန်းများမှာ ရည်ညွှန်းဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

သာစည်ဈေးရှိ မာလကာသီးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သာစည်ဈေးတွင် မာလကာသီးများ ရောင်းချလျက်ရှိ ပါသည်။ မာလကာသီးများကို ညောင်ဖြူပင်၊ ဘုမ္မနိုး၊ သပြေတောနှင့် အခြားဒေသများမှ ထွက်ရှိပြီး မုံရွာမြို့အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

ယခုဒီဇင်ဘာလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသောဈေးနှုန်းမှာ မာလကာ သီးအသေး (၁)လုံး(၅၀၀)ကျပ်၊ မာလကာသီးအကြီး (၁)လုံး(၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း သစ်သီးရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ကျောက်ဆည်မြို့၏ဘူးသီးဈေးနှုန်းဈေးကွက်အခြေအနေ”

      မန္တလေးတိုင်းသေသကြီး၊ ကျောက်ဆည်ခရိုင်တွင်သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရာသီအလိုက်သီးနှံမျိုးစုံကိုလည်းစိုက်ပျိုးကြရာ ၄င်းတို့အနက်မှ ဘူးပင်ကိုလည်းမိသားစုတစ်နိုင် တစ်ပိုင်စိုက်ပျိုးလာကြပါသည်။ ဘူးသီးသီးနှံကိုကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာပန်း လောင်မြစ်ဘေးတွင်စိုက်ပျိုးကြပါသည်။ ဘူးပင်စိုက်ပျိုးရာတွင် မြေဆွေး၊မြေသြဇာများကို သမအောင်ရောစပ်ပြီး စိုက်ဘောင်များပြုလုပ်၍ စိုက်ပျိုးရပါသည်။ ဘူးပင်အမျိုးအစား အများအပြား ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသောဘူးမျိုးများမှာ ဘူးသပိတ်၊ ဘူလည်လှ၊ ဘူးရှည်မျိုးတို့ကို စိုက်ပျိုးကြကြောင်း၊ဘူးပင်မှာ တစ်နှစ်ပတ်လုံးစိုက်ပျိုး၍ရပါကြောင်း၊ ဘူးပင်စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် (၈၀၀၀၀၀)ကျပ်ခန့် ကုန်ကြကြောင်း ဘူးပင်သည်စိုက်ပျိုးပြီး (၇၅-၉၀)ရက်အကြာတွင် ဘူးသီးများ စတင်ခူးဆွတ်၍ ရပါသည်။ ဘူးသီးကို မနုမရင့်အနေအထားတွင် ခူးဆွတ်၍ရပါကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် ဘူးသီးအလုံးရေ (၇၀၀၀-၇၅၀၀)အထိထွက်ရှိကြောင်း၊ဘူးသီးဈေးနှုန်းအနေဖြင့် အလုံးအရွယ်အစားပေါ်မူတည်၍  လက်လီတစ်လုံးလျှင် (၁၀၀၀-၁၅၀၀)ကျပ် ၊ဖောက်သည် လက်ကား ဈေးအနေဖြင့်တစ်လုံးလျှင်   (၅၀၀-၈၀၀)ကျပ်အထိ စျေးများရှိကြောင်း၊ စိုက်ခင်းများ အထိလာရောက် ဝယ်ယူကြသော ပွဲစား များရှိကြောင်း၊ပွဲစားများမှ ခရီးသည်တင်ယာဉ်ကား များဖြင့် ရန်ကုန်၊မော်လမြိုင်နှင့် ညောင်တုန်း မြို့များရှိစျေးများသို့ ပို့ဆောင်ရောင်းချပေးကြောင်း၊ ဘူးပင်စိုက်ပျိုးခြင်းဖြင့် ဘူးသီးအပြင် ဘူးအညွှန့်များပါ ရောင်းချ၍ရပါကြောင်း ၊ ဘူးညွှန့် တစ်စီးလျှင် (၅၀၀/-) ကျပ်ဖြင့် ရောင်းချ၍ရပါကြောင်း မိသားစုအတွက် အပိုဝင်ငွေများရရှိကြောင်း ဘူးသီးစိုက်ပျိုးပြီး စျေးကောင်းရရှိသောကြောင့်  တောင်သူများအကျိုးအမြတ်များကြောင်း ဘူးသီးစိုက်ပျိုးသောတောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

ဒီဇင်ဘာလ  (ဒုတိယ)ပတ်တွင်    အာမို (၁၀:၁၀:၅) တစ်အိတ်(၉၇,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ် (၁၃၈,၀၀၀)ကျပ်၊ ယူရီးယား (အာမို)တစ်အိတ်(၁၃,၀၀၀၀)ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၁၃၀၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်(၁၁,၃၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ် (၁၀၉၀၀၀)ကျပ်၊ တီစူပါ တစ်အိတ် (၁၀၁၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ် (၂၀၃၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၁၃၀၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ် (၁၉၂,၀၀၀)ကျပ်၊ သံကွင်း (၁၅:၁၅:၁၅)တစ်အိတ် (၁၁၇,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ် (၁၉,၀၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၁၄၅,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ် (၉၅,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများ ဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူး (၆,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူး (၂၇၀၀၀) ကျပ်၊ ဘက်တား (250 g)တစ်ထုပ် (၃၀၀၀၀)ကျပ်၊ ဆန်နာဂျီ(250 g)) တစ်ထုပ် (၁၂,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC)တစ်ဘူး (၁၇၅၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူး (၄၃,၀၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1 Liter)တစ်ဘူး (၅,၃၀၀၀) ကျပ်၊ ဒိုင်နီပီယွန်(ဩဘာ) (1 Liter)တစ်ဘူး (၅၄၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500 g)တစ်ဘူး (၆၅၅၀၀)ကျပ်၊ ရွှေစိုက်ပါ(1 Liter) တစ်ဘူး (၄,၅၀၀၀)ကျပ်၊ အီမာ(1 Liter) တစ်ဘူး (၅၈,၅၀၀) ကျပ်၊ သန်းဒါး(1 Liter)) တစ်ဘူး (၇၆၀၀၀)ကျပ်၊ ဒိုဇာ(100 g)တစ်ဘူး (၁၆၅၀၀)ကျပ်၊ ထိသေစားသေ (1 Liter)တစ်ဘူး (၁၃၀၀၀) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

ယခု ဒီဇင်ဘာလ  (တတိယ)ပတ်တွင်    အာမို (၁၀:၁၀:၅) တစ်အိတ်(၉၇,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ် (၁၃၈,၀၀၀)ကျပ်၊ ယူရီးယား (အာမို)တစ်အိတ်(၁၃,၀၀၀၀)ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၁၃၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်(၁၁,၃၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ် (၁၁၄၀၀၀)ကျပ်၊ တီစူပါ တစ်အိတ် (၉၈၀၀၀) ကျပ်၊ နိုက်ထရိုဖော်စကာ (သြဘာ)တစ်အိတ် (၂၀၃၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၁၃၀၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ် (၁၉၂,၅၀၀)ကျပ်၊ သံကွင်း (၁၅:၁၅:၁၅)တစ်အိတ် (၁၁၇,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ် (၁၉,၀၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၁၄၅,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ် (၉၅,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများ ဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူး (၆,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူး (၂၇၀၀၀) ကျပ်၊ ဘက်တား (250 g)တစ်ထုပ် (၃၀၀၀၀)ကျပ်၊ ဆန်နာဂျီ(250 g)) တစ်ထုပ် (၁၂,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC)တစ်ဘူး (၁၈၀၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူး (၄၅,၀၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1 Liter)တစ်ဘူး (၅,၄၀၀၀) ကျပ်၊ ဒိုင်နီပီယွန်(ဩဘာ) (1 Liter)တစ်ဘူး (၅၄၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500 g)တစ်ဘူး (၆၀၈၀၀)ကျပ်၊ ရွှေစိုက်ပါ(1 Liter) တစ်ဘူး (၄,၅၀၀၀)ကျပ်၊ အီမာ(1 Liter) တစ်ဘူး (၅၈,၅၀၀) ကျပ်၊ သန်းဒါး(1 Liter)) တစ်ဘူး (၇၆၀၀၀)ကျပ်၊ ဒိုဇာ(100 g)တစ်ဘူး (၁၆၅၀၀)ကျပ်၊ ထိသေစားသေ (1 Liter)တစ်ဘူး (၁၃၀၀၀)  ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိရာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ဓာတ်မြေဩဇာ အမျိုးအစားများဖြစ်သည့် ပုလဲ(ရွှေတောင်)တစ်အိတ် လျှင် ကျပ် (၅၀၀၀)၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် ကျပ် ၅၀၀၀ ခန့် ဈေးနှုန်းမြင့်တက်နေပြီး၊  တီစူပါ တစ်အိတ် လျှင် ကျပ် (၃၀၀၀)၊ အစီဖိတ် (ဩဘာ)(500g)တစ်ဘူးလျှင် ကျပ်(၄၇၀၀)၊ ရွှေတောနစ်(မြင်းကြား) (500CC)တစ်ဘူးလျှင် ကျပ် (၅၀၀)၊ မိုရယ်မုန် (500CC)တစ်ဘူးလျှင် ကျပ် (၂၀၀၀)၊ ဖို့စတင်း(သြဘာ) (1 Liter) တစ်ဘူးလျှင် ကျပ် (၁၀၀၀) စသည်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းနေပြီး ကျန်ဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်း မုံရွာမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင် များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ရာသီစာ ကန်ဇွန်းဥ၏ အကျိုးအာနိသင်နှင့် ဈေးနှုန်း၊ ဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ကန့်ဘလူမြို့နယ်တွင် ရာသီအလိုက်သီးနှံများ ဖြစ်သော ကန်ဇွန်းဥ၊ ပိန်းဥ၊ အာတာလွတ်ဥ နှင့် ပဲမြစ်တို့ကို မန္တလေးမြို့မှ တဆင့် မှာယူရောင်းချ လျက်ရှိပါသည်။

          ဆောင်းရာသီ၏ ရာသီစာ တစ်ခုဖြစ်သော ကန်ဇွန်းဥသည် ကျန်းမာရေးအကျိုး အာနိသင်များ အနေဖြင့် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးခြင်း၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝခြင်း၊ အမြင် အာရုံ ကောင်းမွန်စေခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန်စေခြင်း၊ ကိုယ်အလေး ချိန်ကျ စေခြင်း၊ အစာအိမ်နာကိုသက်သာစေခြင်း၊ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံအား စနစ်ကိုအားကောင်းစေခြင်း နှင့် လေးဘက်နာ ကြောင့်နာကျင်မှုကိုသက်သာစေခြင်း စသည့် အကျိုး အာနိသင်များရရှိစေသည့်အတွက် ကန်ဇွန်းဥသည် စားသုံးသင့်သော ရာသီစာ တစ်မျိုးဖြစ်ပါသည်။

          ယခု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ကန်ဇွန်းဥ ဈေးနှုန်းများမှာ ကန်ဇွန်းဥ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၀၀၀) ကျပ်၊ ၅၀ကျပ်သားလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ‌ရောင်းချလျက်ရှိကြောင်း မြို့မဈေးအတွင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

“ကျောက်ဆည်မြို့နယ်၌ မိုးစပါးများစတင်ထွက်ပေါ်”

ကျောက်ဆည်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကိုအဓိကထားစိုက်ပျိုးလျှက်ရှိရာ ယခုအချိန်တွင် မိုးစပါးများစတင်ထွက်ပေါ်နေပြီ ဖြစ်ပါသည်။ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုအနေဖြင့်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် (၁၄၄၃၅၈)ဧက လျာထားခဲ့ပြီး ( ၁၄၄၉၀၈ )ဧက စိုက်ပျိုးခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ စိုက်ပျိုးရာတွင်တောင်သူ အများစုမှာ ဧရာပဒေသာနှင့် မနောသုခမျိုးများအား အဓိကစိုက်ပျိုးကြပြီး ၊ဇွန်၊ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြကြောင်း၊ယခုအချိန်တွင် ကျောက်ဆည်ခရိုင်၌ မိုးစပါးများစတင်ထွက်ရှိနေပြီ ဖြစ်ပြီး (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၉၄၀၀၀၀) ကျပ်ကုန်ကျကြောင်း၊(၁)ဧကထွက်ရှိနေမှုအနေဖြင့် (၈၀-၈၅)တင်း ထွက်ရှိပြီးစပါး ဈေးနှုန်းအနေဖြင့် စပါးအရည်အသွေးပေါ်မူတည်ပြီး  ဧရာပဒေသာ(၁၀၀)တင်းလျှင် (၂၇၀၀၀၀၀- ၃၀၀၀၀၀၀) ကျပ် နှင့်မနောသုခ(၁၀၀)တင်းလျှင် (၂၂၀၀၀၀၀-၂၃၀၀၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျှက် ရှိပြီး၊ဆန်စျေးနှုန်းအနေဖြင့်(၂၄)ပြည်တစ်အိတ်လျှင် ဧရာပဒသာ (သစ်) (၁၁၀၀၀၀-၁၁၅၀၀၀)ကျပ် နှင့် မနောသုခ(သစ်) (၈၀၀၀၀-၈၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ဒေသတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

  

“အညာမြေရဲ့ထန်းမြစ်”

       အညာဒေသတွင်ထန်းပင်များ အလေ့ကျပေါက်ရောက်သလို စနစ်တကျစိုက်ပျိုးထားသော ထန်းတောများလည်းရှိပါသည်။ တောင်သူဦးကြီးများမှ မိမိလယ်ကန်သင်းရိုးဘေးများတွင် လည်းအမှတ်အသားအနေဖြင့် စိုက်ပျိုးထားရှိကြပါသည်။ ထန်းပင်အဖိုမှ ထန်းရည်ခါးနှင့် ထန်ရည်ချို များထွက်ရှိပြီး ထန်းရည်ချိုမှထန်းလျှက်ချက်၍ ရောင်းချကြသလို ထန်းရည်ခါးအဖြင့်လည်း ရောင်းချကြပါသည်။ ထန်းမအပင်မှ ထန်းသီးများသီးလာသောအခါ ထန်းသီး အနုဆံ များကိုလည်းကလေး၊လူကြီးများကြိုက်နှစ်သက်၍ စားသုံးကြသလို မနုမရင့်များကိုလည်း နုတ်နုတ်စဉ်း၍နွားစာအဖြစ်ကျွေးကြပါသည်။ထန်းပင်မှ ထန်းသီးများရင့်မှည့်ပြီး ကြွေကျလာ သောအခါ အလုံးများကိုစုပုံ၍ တွင်းနက်နက်ထဲတွင်ထည့်၍ မြေမြုပ်ထားရ ပါသည်။ မြေမြုပ်ပြီး(၃)လအကြာတွင် ထန်းမြစ်များတူးဖော်၍ မိသားစုအပိုဝင်ငွေ ရရှိအောင် (၁၀)ချောင်း တစ်စည်း စည်း၍ဈေးထဲ/ရပ်ကွက်ထဲ/ရွာထဲသို့ရောင်းချကြပါသည်။ ထန်းမြစ်သည် ယခုလို ဆောင်းရာသီအချိန်တွင် ထွက်ပေါ်လေ့ရှိပြီးချမ်းအေးသောညများတွင် လူကြီး၊ ကလေး မီးလှုံ၍ ထန်းမြစ်ဖုတ်လေးများစားကာ စကားစမြည်းပြောလေ့ရှိပါသည်။ ထန်းမြစ်နှင့်ဆောင်းရာသီသည် အလိုက်ဖက်ဆုံးဖြစ်ပါသည်။  ထန်းမြစ်(၁၀)ချောင်း တစ်စည်းကို (၆၀၀)ကျပ်ဖြင့် ရောင်းဝယ် လျှက်ရှိကြောင်း၊ထန်းမြစ်ဖုတ်ပြီးသား တစ်ချောင်းကို (၂၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ထန်းမြစ်စားသုံးခြင်းဖြင့် ခန္တာကိုယ်အတွင်း အပူဓါတ်ကို လျော့ချပေးနိုင်ကြောင်း၊ အညာဒေသတွင် ထန်းမြစ်ကို ဖုတ်၍ စားသုံးကြသလို ပြုတ်၍လည်းစားသုံးကြပါသည်။ ထန်းပင်စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိသလို ကျန်းမာရေးနှင့် ညီညွတ်သော ထန်းမြစ်ကို စားသုံး‌ပေးသင့် ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

 

မုံရွာမြို့တွင် အာလူးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲ လျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ ကိုလေ့လာ၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်အထက်အဆင့်ဆင့်သို့တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်း မြို့မှတစ်ဆင့် မုံရွာမြို့ရှိ လက္ကားကုန်သည်များမှတစ်ဆင့် မုံရွာခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင် များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ အာလူးသီးဈေးနှုန်း များမှ  အာလူးသီး (၁) ပိဿာလျှင်  ၇၀၀၀ ကျပ်၊ ၉၀၀၀ ကျပ် တို့ဖြင့် ရောင်းချကြောင်း၊ ဒီဇင်ဘာလ ဒုတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် အာထူးသီး (၁) ပိဿာလျှင် (၁၀၀၀)  ဈေးနှုန်းမြင့်တက် လျှက်ရှိပြီး  ပုံမှန်အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

“ဂွေးပင်စိုက်ပျိုးဝင်ငွေတိုး”

      ကျောက်ဆည်မြို့နယ်သည်မြေဆီ၊ မြေလွှာကောင်းမွန်သောဒေသဖြစ်ပြီး၊ ရာသီပေါ်သီးနှံ မျိုးစုံ စိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံများလည်း စိုက်ပျိုးလျက်ရှိရာ ၄င်းတို့အနက်မှ   မိသားစု အပိုဝင်ငွေ ရရှိသည့် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံး နိုင်သည့် ဈေးကွက်ဝယ်လိုအား ရှိသည့်ဂွေးပင် များကိုတိုးချဲ့စိုက်ပျိုးလာကြပါသည်။ ဂွေးပင်မှာ မည်သည့် မြေအမျိုးအစားကို မဆို ရှင်သန်ဖြစ်ထွန်းနိုင်ပါသည်။ မိုးဦးကျကာလများတွင် စတင်စိုက်ပျိူးပါက အပင်များ ပိုမိုရှင်သန်ပြီး အသေအပျောက်နည်းပါးပါသည်။ တစ်ဧကစိုက်ပျိုးမှုတွင်အပင် (၅၀)မှ (၆၀) အထိ စိုက်ပျိုးရကြောင်း၊ ဂွေးပင်အမျိုးမျိုးရှိရာ ခြောက်လဂွေးမျိုး၊ တစ်နှစ် ပတ်လုံးသီးသောဂွေးမျိုးနှင့် ပင်ကြီးဂွေးဟူ၍ရှိရာ နှစ်ရှည်စားသုံးစိုက်ပျိုးသောအပင်မှာ ပင်ကြီး ဂွေးမျိုးကိုသာ စိုက်ပျိုးကြပါ သည်။ ခြောက်လဂွေးပင် ပျိုးပင်တစ်ပင်လျှင်(၄၀၀၀-၄၅၀၀)ကျပ်၊ တစ်နှစ်လုံးသီးသော ဂွေးပင် ပျိုးပင်တစ်ပင်လျှင်(၅၀၀၀)ကျပ်ခန့်ရှိပြီး ပင်ကြီးဂွေးပင် တစ်ပင် လျှင် အပင်ပေါ် မူတည်၍ (၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ်အထိရှိကြောင်း၊ ဂွေးပင်စိုက်ပျိုးမှုတစ်ဧက ကုန်ကျစရိတ်အနေဖြင့် မိသားစုလုပ်အားခမပါ(၇၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး သုံးနှစ်ကြာလျှင် အသီး များစတင်ခူးဆွတ်ရောင်းချနိုင်ပါသည်။ ဂွေးသီးပင်သည် တစ်နှစ်ကို နှစ်ကြိမ် အသီးသီးပြီး တစ်ကြိမ် လျှင်ခြံပြတ်ရောင်းမည်ဆိုပါက အသီးပါးလျှင်(၃၀၀၀၀၀-၃၅၀၀၀၀) ကျပ်ရရှိပြီး အသီး များလျှင် (၄၀၀၀၀၀-၄၅၀၀၀၀)ကျပ်အထိ ရောင်းချရကြောင်း၊   တစ်ချို့ပွဲစားများက တစ်နှစ် ပတ်လုံးသီးသော အသီးကိုကြိုတင်ပေးဖြင့်လည်း ဝယ်ယူကြောင်း၊ တစ်ချို့ခြံရှင်များမှာ ကြိုတင်ပေးရောင်းချခြင်းကို မပြုလုပ်ဘဲ အသီးများကိုနေ့စဉ်ခူး၍ ကျောက်ဆည်မြို့၊ အေးမြ ကြည်လင်ဈေး တွင်နေ့စဉ်ဖောက်သည် ပေးရောင်းချသလို လက်လီဈေးများဖြင့် စားသုံး သူများ စိတ်ကြိုက်ဝယ်ယူလို့ရအောင်လည်းရောင်းချ ပေးလျက်ရှိပါသည်။ ဖောက်သည်ဝယ်ယူသူများ အနေဖြင့် (၂)တင်းဝင်အိတ် တစ်အိတ်လျှင်(၂၅၀၀၀-၃၀၀၀၀)ကျပ် အထိရောင်းချရပြီး လက်လီဈေး အနေဖြင့် အလုံးပေါ်မူတည်၍ (၁၀)လုံးလျှင်(၅၀၀)ကျပ်၊ အလုံး(၃၀)ကို (၂၁၀၀) ကျပ်၊ အလုံး(၂၅)လုံးကို(၁၇၅၀)ကျပ်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ဂွေးသီး များကို မြို့ပေါ်ရှိပွဲစားများမှာ ခြံမှအသီးကိုကြည့်၍ ကြိုတင်လာဝယ် ယူမှုများရှိသလို အချဉ် ပေါင်းသည်၊ ကျောင်းမုန့်ဈေးသည်များမှလည်း လာရောက်ဝယ်ယူကြပါသည်။   လက်လီ ဝယ်ယူသူများမှ အိမ်တွင် ဂွေးသီးကိုငရုတ်သီး၊ ကြက်သွန်နီတို့ဖြင့်ရော၍ ထောင်းကာထမင်းဖြင့် တွဲဖက်၍ စားသုံးကြသလို ဂွေးသီးကို ပါးပါးလှီး၍ ငပိ၊ ပုဇွန်ခြောက်တို့ဖြင့်ရောကာ ဂွေးသီးငပိချက် အဖြစ်လည်း ချက်၍စားသုံးကြပါသည်။ ဂွေးသီးစားသုံးခြင်းဖြင့် ဗီတာမင်စီ ကြွယ်ဝစွာ ရရှိသဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး စီးပွားလည်းဖြစ်ဝင်ငွေတိုးသော ဂွေးပင်ကိုတိုးချဲ့စိုက်ပျိုးသင့် ပါကြောင်း ဂွေးသီးစိုက်ပျိုးသော  ပင်တလည်ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)

“ကီလိုမာလကာသီးဈေးကောင်းရရှိ”

     ကျောက်ဆည်မြို့နယ်ရှိ တောင်သူအများစုမှာ စပါးစိုက်ပျိုးမှုအပြင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ တောင်လွှဲကျေးရွာ၊ တောင်နောက်ကျေးရွာ၊ သံရွာကျေးရွာ၊ သံနောက်ကျေးရွာနှင့်  အရှေ့သပြေကုန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး  မိသားစု အပိုဝင် ငွေရရှိသည့် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သည့် ဈေးကွက်ဝယ်လိုအားရှိသည့် ကီလိုမာလကာပင်များကိုလည်း စိုက်ပျိုးလာကြပါသည်။ ၎င်းသီးနှံ ကို  ယာမြေများတွင် ဩဂုတ်၊ စက်တင်ဘာလများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ မိုးဦးကျ ကာလများတွင် စိုက်ပျိုးပါက အပင်များ ပိုမိုရှင်သန်နိုင်ပြီး  အစေ့မျိုးပင်(သို့မဟုတ်) မြေထုပ် စည်းမျိုးပင်ကို (၁)နှစ် သားအရွယ်ရောက်လျှင် မြေချစိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရာတွင် (၁)ပင် နှင့်(၁)ပင် (၁၅-၁၆)ပေ ခြား၍ စိုက်ပျိုးရပါသည်။ မာလကာပင်ကို အစေ့မှ စိုက်ပျိုးလျှင် (၄-၅) နှစ်ထိ ကြာနိုင်ကြောင်း၊ ကိုင်းဆက်မြေထုပ်ပျိုးပင်ကို (၁)နှစ်ခွဲ(၂)နှစ်အတွင်းမှာ အသီးသီး ပါကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးသော တောင်သူဦးကြီးများက ကိုင်းဆက်မြေထုပ်စည်း အပင်ကို သာ အများဆုံးစိုက်ပျိုး ကြပါသည်။ ပျိုးပင်တစ်ပင်လျှင် အပင်အရွယ်အစားပေါ်မူတည်၍ (၁၅၀၀-၂၅၀၀-၃၅၀၀-၄၀၀၀)ကျပ်အထိ ဈေးနှုန်းရှိကြောင်း၊ တစ်ဧကလျှင် ကီလိုမာလကာပင် (၃၅၀)ပင် စိုက်ပျိုးကြပြီး (၁)နှစ်ခွဲသားတွင် ရောင်းတန်းဝင် အသီးများ စတင်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် မာလကာသီးအလုံး(၉၀၀-၁၀၀၀)ခန့် ခူးဆွတ်ရကြောင်း၊ မိုးဦးကျနှင့် မိုးရာသီတွင် အသီးအမြောက်အမြားထွက်ရှိသော်လည်း ဆောင်းနှင့်နွေတွင် အသီးအထွက်နှုန်း လျော့နည်းပါသည်။ ကီလိုမာလကာသီး တစ်လုံးလျှင်လက်လီဈေး (၇၀၀-၅၀၀)ကျပ် အထိ ရောင်းချရကြောင်း၊ လက်ကားဈေးအနေဖြင့် အလုံးအကြီး၊ အသေးပေါ်မူတည်၍ (၃၀၀-၄၀၀) ကျပ် ဈေးများဖြင့် ရောင်းချပေးကြောင်း၊ကျောင်းဖွင့်ရာသီချိန်မျိုးတွင် ပိုမိုအရောင်းသွက်ကြောင်း၊ မာလကာသီးကို ဒေသတွင်းမြို့နယ်များရှိ ဈေးများနှင့်  ရွှေသိမ်တော်ဘုရားသို့ လာရောက် ဘုရားဖူးကြသူများမှာလည်း အိမ်ပြန်လက်ဆောင်အနေဖြင့် အများဆုံးဝယ်ယူကြကြောင်း၊ မာလကာသီးစားသုံးခြင်းဖြင့် ဗီတာမင်စီများစွာ ရရှိသဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး စီးပွား လည်းဖြစ် ဝင်ငွေလည်းတိုးသော ကီလိုမာလကာပင်များကို မိသားစု အပိုဝင်ငွေရရှိအောင် တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း မာလကာသီးအများဆုံး စိုက်ပျိုးသော တောင်နောက်ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း