
မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်သည် ဆီထွက်သီးနှံမိုးနှမ်းကိုလည်း စိုက်ပျိုးဖြစ်ထွန်းရာ ဩဂုတ်လကုန်အတွင်း အပြီးသတ်ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။ မိုးနှမ်းကို မေ၊ ဇွန်လများတွင်စိုက်ပျိုးခဲ့ပြီး ဇူလိုင်၊ ဩဂုတ်လများတွင်ရိတ်သိမ်းရာ ယခုအခါရာသီကုန်ရိတ်သိမ်းခဲ့ပြီးဖြစ်ပါသည်။ တစ်ဧကကုန် ကျစရိတ်အနေနှင့် တစ်ပိုင်တစ်နိုင်မွေးမြူသည့်နွားများမှရရှိသည့်နွားချေးကို အဓိကအသုံးပြုကာလက် ကျန်ရှိသည့်နှမ်းမျိုးကိုသာသုံးခဲ့သည့်အတွက် (၂၀၀၀၀၀)ကျော်ကုန်ကျခဲ့ပြီး အထွက်နှုန်းမှာ (၅)တင်း ကျော်ရရှိခဲ့ပါသည်။ တောင်သူများအနေနှင့် မိသားစုလုပ်ငန်းများအသုံးပြုတဲ့အတွက် ရိတ်သိမ်းချိန်ကုန် ကျစရိတ်သာ အများဆုံးအရင်းပြုရကာ စုစုပေါင်း(၂)သိန်းခွဲဝန်းကျင်သာကုန်ကျခဲ့ပြီး ရိတ်သိမ်းချိန်မှာ တစ်ဧက(၅)တင်းကျော်ထွက်ရှိခဲ့ပါသည်။တစ်တင်းရောင်းဈေးအနေဖြင့် တင်းချိန်ပေါ်မူတည်မှုမရှိဘဲ ကတ္တားဖြင့်ပိဿာချိန်ဖြင့်ဝယ်ယူကြရာ တစ်တင်းနှုန်းတွင် နှမ်းညိုမှာ(၈၅၀၀၀)ကျပ်၊ နှမ်းဖြူမှာ (၈၉၀၀၀)ကျပ်ရရှိခဲ့ကြောင်း တောင်သူများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)