ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၏ ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေး လုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန် ကျော်အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဝေဝေခိုင် ကိတ်မုန့်လုပ်ငန်း ရှင်နှင့် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သိန်းသန်းဖြိုး ဆီစက်လုပ်ငန်းရှင်တို့အား ကွင်းဆင်း တွေ့ဆုံ၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး အတွက်ဆောင်ရွက်ရမည့် အစီအမံများ၊ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ထားမှုဆိုင်ရာတို့ကို ရှင်းလင်းပြောကြားပြီး လိုက်နာဆောင်ရွက်သွားရန် စသည်တို့ကိုဆွေးနွေးခဲ့ကြောင်း၊ စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိထားရန် လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြ ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၏ ရောင်းချနေသော ဂွေးသီး၊ စောင်းလျားသီးနှင့် သီးသီးဈေးနှုန်းများ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ဂွေးသီး၊စောင်းလျားသီးနှင့် သီးသီးပင်များကို  နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ရောင်းချ လျက်ရှိကြောင်းသိရသည်။  

      ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ ဂွေးသီး၊စောင်းလျားသီးနှင့် သီးသီးများကို ကန့်ဘလူမြို့ပေါ် နှင့်နတ်ပေး ကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ဂွေးသီး()လုံး လျှင်(၁၀၀)ကျပ်၊ စောင်းလျားသီး()လုံးလျှင်(၁၀၀)ကျပ်၊ သီးသီး()လုံးလျှင်(၁၀၀)ကျပ်နှင့် () လုံးလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဂွေးသီး၊ စောင်းလျားသီးနှင့် သီးသီးများကို  အချဉ်ပေါင်းရောင်းချသူများမှ အများဆုံးဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင်ရောင်းချနေသော သင်္ဘောသီးစိမ်းနှင့် ရွှေဖရုံသီးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်းသိရပါ သည်။ စိုက်ပျိုးသီးနှံများဖြစ်သည့် သခွားသီး၊ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ် ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်း နှင့်ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်း ချကြကြောင်း သိရှိရသည်။

     ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်းဈေးနှုန်း မှာသင်္ဘောသီးစိမ်း()ပိဿာလျှင် (၁၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀)ကျပ်နှင့် ရွှေဖရုံသီး()ပိ ဿာလျှင် (၃၀၀၀)ကျပ်၊ ရွှေဖရုံသီး()စိတ်လျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းများဈေးနှုန်းအခြေအနေ

      ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများမှာ ရန်ကုန်မြို့ မှမှာယူရောင်းချကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်း ဈေးနှုန်းများမှာ ပုဇွန်ခြောက်(အချို)(၁)ပိဿာလျှင် (၁၁၀၀၀၀)ကျပ်၊ ငါးရံ့ခြောက်(လုံး)(၁)ပိဿာ လျှင်(၂၈၀၀၀)ကျပ်၊ ငါးကြီးသားခြောက်(၁)ပိဿာလျှင် (၁၂၅၀၀၀)ကျပ်၊ ငါးနီတူခြောက်(၁)ပိဿာ လျှင်(၂၅၀၀၀)ကျပ်၊ လသာခြောက်(အချို)(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးရောင်ခြောက်(၁)ပိ ဿာလျှင်(၄၀၀၀၀)ကျပ်၊ အာပြဲခြောက်(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ အသားမျှင်ခြောက်(၁) ပိဿာလျှင်(၄၄၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခုအခါ အလှူအတန်းများပြုလုပ်ရာတွင် ရေထွက်ကုန်ပစ္စည်းများကို အသုံးပြုကြသဖြင့်အရောင်း ဝယ်သွက်လျက်ရှိကြောင်း  ကန့်ဘလူမြို့၊မြို့မဈေးအတွင်း ငါးခြောက်ရောင်းချသည့်လုပ်ငန်းရှင်ထံမှ သိရသည်။

         

DOCA(စစ်ကိုင်း)

 

မြို့မဈေးတွင် ရောင်းချနေသော ပန်းကုံးမျိုးစုံဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ၂၀၂၅ခုနှစ်၊ဩဂုတ်လ စတုတ္ထပတ်တွင် ရောင်းချလျက်ရှိသော ပန်းကုံးဈေးနှုန်းများမှာ ဇွန်ပန်း()ကုံးလျှင် (၃၀၀)ကျပ်၊ ဇွန်ပန်း()ကုံးလျှင် (၅၀၀)ကျပ်၊ ခရေပန်း()ကုံးလျှင်(၂၀၀)ကျပ်၊ ခရေပန်း()ကုံးလျှင် (၅၀၀) ကျပ်၊မြတ်လေးပန်း()ကုံးလျှင်(၂၀၀)ကျပ်၊ မြတ်လေးပန်း()ကုံးလျှင်(၅၀၀)ကျပ်၊ ရွှေပန်း၊ ငွေပန်း ()ကုံးလျှင်(၁၀၀)ကျပ်၊ ရွှေပန်း၊ငွေပန်း()ကုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ထိုပန်းကုံးများကို ဘုရားပန်းကပ်လှူရန်အတွက်လည်းကောင်း၊ အမျိုးသမီးများအလှပန် ရန်အတွက်လည်းကောင်း၊ ကားများ၊ ဈေးဆိုင်များတွင် သဘာဝပန်းအလှများ ချိတ်ဆွဲရန်အတွက် လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ဩဂုတ်လ စတုတ္ထပတ်အတွင်းရောင်းချလျက်ရှိသော ငါးဖယ်ဈေးကွက်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံ များ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးအမျိုးမျိုးကိုလည်း‌ ရောင်းချလျက်ရှိရာ ငါးဖယ်မှာလည်း အပါအဝင်ဖြစ်ပါသည်။ ငါးဖယ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက် လျက်ရှိပြီး ငါးဖယ်ကို  အကောင်အတိုင်းရောင်းချမှုအပြင် အသားကိုခြစ်၍လည်း ငါးဖယ်ခြစ်အ ဖြစ်ရောင်းချလျက်ရှိကြောင်း၊ငါးဖယ်ခြစ်မှာ  အရိုးမပါသဖြင့် ချက်ပြုတ်သူအိမ်ရှင်မများအတွက် လွယ်ကူကောင်းမွန်သော ငါးတစ်မျိုးဖြစ်သည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း  ရောင်းချလျက်ရှိသော ငါးဖယ်အကောင်လိုက်ဈေးနှုန်းမှာ ငါးဖယ်အကောင်လိုက် (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် ငါးဖယ် ခြစ်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဘိုစားပဲသီး၊ ခါကြက်ဥနှင့် ပြောင်းဖူး ဈေးနှုန်းများ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချ လျက်ရှိပါသည်။ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရှိ ရပါသည်။

     ဘိုစားပဲသီး၊ ခါကြက်ဥဈေးနှုန်းများ

      ၂၀၂၅ခုနှစ် ၊ဩဂုတ်လ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော ဘိုစားပဲသီးဈေးနှုန်းများ မှာဘိုစားပဲသီး()ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)()ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊(၂၅) ကျပ်သားလျှင်(၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှသ တင်းရရှိပါသည်။

ပြောင်းဖူးဈေးနှုန်း

      ပြောင်းဖူးများကို ကန့်ဘလူ ဒေသတွင်းမှလည်းကောင်း ဝင်ရောက်လျက်ရှိသည်။ နေ့စဉ်ရောင်းချလျက်ရှိသော ပြောင်းဖူးအမျိုး အစားမှာ ထိုင်ဝမ်ပြောင်းဖူးနှင့် ဗမာပြောင်းအမျိုးအစားဖြစ်ပြီး ပြောင်းဖူးပြုတ်နှင့် ပြောင်းဖူးမီးဖုတ် ကိုလူကြီးလူငယ် မရွေးသရေစာ အဖြစ်စားသုံးကြသလို အိမ်ရှင်မများကလည်း ပြောင်းဖူးအစိမ်းကို ဟင်းချက်ရာတွင်လည်း ထည့်သွင်းချက်ပြုတ်ကြသည်။၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ပြောင်းဖူးများကို ကန့်ဘလူမြို့မဈေးတွင် လက်လီ၊ လက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး ၏ပြောပြချက်အရ ထိုင်ဝမ်ပြောင်းဖူးအစိမ်းအကြီး()ဖူးလျှင် (၅၀၀)ကျပ်၊ အသေး()ဖူးလျှင် (၃၅၀)ကျပ်၊ ()ဖူးလျှင် (၁၀၀၀)ကျပ်နှင့် ဗမာပြောင်းဖူး()ဖူးလျှင်(၂၀၀)ကျပ်၊ ()ဖူးလျှင် ( ၁၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ကွမ်းဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

      မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူမြို့နယ်၏ ကွမ်းရွက် ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၅၀၀၀မှ ၆၀၀၀) ကျပ်၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၂၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ် အတွင်း ကွမ်းရွက်ရှယ် တစ်ပိဿာလျှင်(၅၀၀)ကျပ် ဆက်လက်မြင့်တက်လာကြောင်း၊ ကွမ်းရွက်များ ကို ကန့်ဘလူခရိုင်အတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၌ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်း အနည်းငယ်မြင့်တက်

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေ ဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၄၅၀၀၀)ကျပ်၊ မြားကမ္ဘာ (50)kgတစ်အိတ်လျှင် (၁၂၅၀၀၀)ကျပ်၊ အာမို၊ ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေ ဩဇာ(50)kg တစ်အိတ်လျှင်(၁၈၀၀၀၀)ကျပ်၊ ရွှေနဂါးပုလဲသာ(50)kg တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီ တစ်ဘူးလျှင် (၁၆၅၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီတစ်ဘူးလျှင်(၄၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့မဈေး၌ ခရမ်းချဉ်သီးဈေးနှုန်း ဆက်လက်ကျဆင်းနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရ ကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းများမှာ အင်းသီးအလုံး ကြီး(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၃၀၀)ကျပ်နှင့် အလုံးသေး(၁)ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းချဉ်သီးသည် ဟင်းလျာအမျိုးမျိုးနှင့် တွဲဖက်အသုံးပြုကြ သည့်အတွက် အိမ်ရှင်မများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြုကြသည့် အတွက် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း