မန္တလေးသစ်သီးစျေးကွက်ရှိ မင်းကွတ်သီး

Powered by Drupal

    မန္တလေးသစ်သီးစျေးကွက်သို့ ပဲခူးတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့မှ ထွက်သည့်မင်းကွတ်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။ မန္တလေးမြို့၊ စျေးချိုတော်၊ ၂၈လမ်းသစ်သီးတန်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်မင်းကွတ်သီးစျေးနှုန်းများမှာ ၁၀လုံးလျှင်(လုံးကြီး) ၉၀၀၀ ကျပ်နှင့် ၉၅၀၀၀ကျပ်၊ (လုံးလတ်) ၆၀၀၀ကျပ်နှင့်၇၅၀၀ ကျပ်၊(လုံးသေး) ၃၅၀၀ ကျပ်နှင့် ၄၀၀၀ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံး အရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ဝါတွင်းကာလဘုရားပွဲနှင့် အလှူပွဲတော်များကျင်းပသည့်ရာသီဖြစ်၍ မင်းကွတ်သီးအပါအဝင် သစ်သီးမျိုးစုံအရောင်းသွက်ကြောင်း  စျေးသည်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)