
မန္တလေးစျေးကွက်သို့ မိုးရာသီချိန်ဖြစ်၍ ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့် ရှမ်းပြည်နယ်တို့မှ ကညွတ်ကုန်စိမ်းများ ဝင်ရောက်မှုများလျက်ရှိပြီး၊ အရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ၄၁လမ်းစျေးနှင့် သီရိမာလာကုန်စိမ်းစျေးရှိ ၂၀၂၅ ခုနှစ် စက်တင်ဘာလတတိယပတ်အတွင်း ကညွတ်ကုန်စိမ်းအနေဖြင့် လက္ကားစျေး (၁၀စီးပါ) တစ်စည်းလျှင် ၃၅၀၀၀ ကျပ်နှင့် ၅၀၀၀၀ကျပ်၊ လက်လီစျေးတစ်စည်းလျှင် (အဖူးကြီး) ၅၀၀၀ကျပ် နှင့် ၇၀၀၀ကျပ်၊(အဖူးငယ်) ၄၀၀၀ ကျပ်နှင့်၄၅၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ကညွတ်ကုန်စိမ်းမှာ ကျန်းမာရေး အစားအစာအဖြစ် စားသုံးခြင်းတို့ကြောင့် ကုန်စိမ်းစျေးကွက်တွင် အရောင်းသွက်သည့် အမယ်တစ်မျိုးဖြစ်ကြောင်း မြင်းတန်းစျေးရှိ စျေးသည်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)