
ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းဂေါ်ဖီထုပ်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ ရောင်းစျေးအနည်းငယ် ကျဆင်းသွား ကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ၄၁လမ်းစျေးနှင့် သီရိမာလာကုန်စိမ်းစျေးတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပန်းဂေါ်ဖီထုပ် ၁ ခုလျှင် အပွင့် (ကြီး) ၁၆၀၀ ကျပ်နှင့် ၁၈၀၀ကျပ်၊အပွင့်(သေး) ၁၀၀၀ ကျပ်နှင့်၁၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀)စီးအကြား ဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)