ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကြည့်မြင်တိုင်မြို့နယ် ဗားကရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

          စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီ များသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းသို့ ၂၅.၈.၂၀၂၅ ရက်နေ့တွင် MT AU GEMINI သင်္ဘောဖြင့် MEC ဆီကန်သို့  3000 MT၊  မြဝတီ ဆီကန်သို့ 1375 MT၊ စုစုပေါင်းတန်ချိန်(4375) ဝင်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မုံရွာမြို့တွင် ရောင်းချနေသော  ဖီးကြမ်းငှက်ပျောနှင့် ဖရဲသီးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ဒေသအတွင်း စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ပြီး  ဥယျာဉ်ခြံ စိုက်ပျိုးလုပ်ကိုင်ရာတွင် ရာသီစာဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြသလို ဖီးကြမ်း ငှက်ပျောကိုလည်း အများအပြား စိုက်ပျိုးပါကြောင်း၊ ရာသီစာဖြစ်သည့်ဖရဲသီးများ လည်းဝင်ရောက်လာပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

      ငှက်ပျောသီးကို ငှက်ပျောသီးမှည့်အဖြစ်လည်း စားသုံးသလို၊ ငှက်ပျောသီးကြော်၊ ငှက်ပျောရွှေကြည်၊ ငှက်ပျောယို၊ ငှက်ပျောခြောက်၊ ငှက်ပျောပူတင်း အစရှိသော သရေစာများ လုပ်၍လည်း စားသုံးနိုင်ပါသည်။ ငှက်ပျောသီးမှည့်ကို ရှေ့လူကြီးများ အဆိုအရ မနက်ငှက်ပျော ညသင်္ဘောဆိုသလို မနက်စာ ဖီးကြမ်းငှက်ပျောသီးမှည့်တစ်လုံးကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေး ကိုများစွာအထောက်အကူပြုပြီး ကိုယ်ခံအားကောင်းစေပါသည်။အစာအုပ်စု(၃)စုအနက် အာဟာရ ပြည့်ဝသည့် အစာအုပ်စုတွင်ပါဝင်ပြီး အမျှင်ဓါတ်ပါရှိ၍ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါ သည်။ ဖီးကြမ်းငှက်ပျောသီးတစ်လုံးကို နေ့စဉ်စားသုံးပေးပါက ခန္ဓာကိုယ်အတွင်းရှိ မလိုအပ် သော အဆီပိုများကို လျော့ကျစေသည့်အပြင် ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရောဂါများမဖြစ် စေရန် ကာကွယ်ပေးပါသည်။

    ဖရဲသီးကိုအမျိုးမျိုးစားသုံးကြပါသည်။ အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင်ထည့်၍ စားသုံးခြင်း၊ ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာ ပါဝင်သော ကြောင့် ရေအစားထိုးအနေဖြင့် စားသုံးနိုင်ပြီး အပူကင်းအောင်စားပေးသင့်သော အသီးတစ်မျိုး လည်း ဖြစ်ပါသည်။ ဖရဲသီးကို စားသုံးခြင်းဖြင့် မိမိခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာကို ရရှိစေပါသည်။

    ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထအပတ်တွင် မုံရွာမြို့၊ ကန်သာယာဈေးအတွင်းရှိ အုန်း၊ ငှက်ပျောရောင်းဝယ်ရေးဆိုင်များတွင် ငှက်ပျောတစ်ဖီးလျှင် ကျပ်(၂၅၀၀-၃၅၀၀)ဖြင့်ရောင်းချပြီး ဖီးကြမ်းငှက်ပျောသီးကို ဈေးကွက်အတွင်းတွင် အဖီးလိုက်၊ အခိုင်လိုက် ရောင်းချလျက်ရှိပြီး၊ ဝင်ရောက်လာသည့်ဖရဲသီး‌စျေးမှာ တစ်လုံးလျှင် အလုံးကြီး ၂၅၀၀ ကျပ်၊ အလုံးလတ် ၂၀၀၀ ကျပ်နှင့် အလုံးသေး ၁၀၀၀ကျပ် စျေးဖြစ်ပြီး အသီးအရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုရှိကြောင်း သီးနံရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

၂၆.၈.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ နှင့် အာလူးဈေးနှုန်းများ

          ၂၆.၈.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ အမြင့်ဆုံးဈေး ကျပ် ၁၇၅၀၀၊ အောင်ပန်းထူး-၂ ကျပ် ၄၀၀၀၊  အောင်ပန်းထူး-၃ ကျပ် ၅၀၀၀အောင်ပန်းထူး-၄ ကျပ် ၆၀၀၀အောင်ပန်းထူး-၅ ကျပ် ၇၀၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၆၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၄၅၀၊  ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၁၅၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၇၅၀၊ မြင်းခြံ (သစ်) ရှယ် ကျပ် ၁၁၀၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၁၀၀၀၊ မြင်းခြံ(သစ်) လတ်သန့် ကျပ် ၈၀၀၊ မြင်းခြံ(သစ်) လတ်ချော ကျပ် ၆၀၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၄၅၀/၁၆၀၀၊  မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၃၀၀/၁၄၅၀၊ မုံရွာ(သစ်) လတ်သန့် ကျပ် ၁၁၀၀/၁၂၅၀၊ မုံရွာ(သစ်) လတ်ချော ကျပ် ၇၅၀/၈၅၀၊ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။ အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ အောင်ပန်းအိုကေ(သစ်) ကျပ် ၄၅၀၀၊ အောင်ပန်း အက်စ်ဝမ်း(သစ်) ကျပ် ၅၅၀၀၊ တရုတ်အာလူး ကျပ် ၅၈၀၀ ရှိကြောင်းသိရှိရပါသည်။ ယခုတစ်ပတ်တွင် ကြက်သွန်နီ/ ဖြူဈေးနှုန်းများမှာ ကျဆင်း လျက်ရှိပြီး အာလူးဈေးနှုန်းများမှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း    သိရှိရပါသည်။

DOCA(ရန်ကုန်)

သာစည်ဈေးရှိ ပဲတောင့်ရှည်သီး၊ တောကြက်ဟင်းခါးသီးနှင့်  ကြောင်လျှာသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီးများနှင့် ကြက်ဟင်းခါးသီးပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက် ရှိပြီး မုံရွာမြို့၊သာစည်ဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး ငါးတောင့်ပါတစ်စီးလျှင် (၃၅၀) ကျပ်ရှိပြီး ဆယ်တောင့်ပါ တစ်စီးလျှင်(၇၀၀)ကျပ်၊ တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တစ်ပြည်လျှင် (၅၅၀၀/ ၆၀၀၀)ကျပ်၊ ခဆော့သီးတစ်ပြည်လျှင် (၃၀၀၀/ ၃၅၀၀)ကျပ်၊ ကြောင်လျှာသီးအကြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ ကြောင်လျှာသီးအသေး တစ်တောင့်လျှင် (၈၀၀)ကျပ်နှုန်းတို့ ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA (စစ်ကိုင်း)

၂၆.၈.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

            ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငြုပ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငြုပ်သီးဈေးနှုန်းများမှာ ၂၆.၈.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးတစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀၊ ပန်းရဲ(AC) အမြင့်ဆုံးဈေး ကျပ် ၁၁၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ မြှားနီ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၉၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံး ကျပ် ၁၁၀၀၀၊ မြစ်ဝ မိုးထောင် အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၇၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၀၀၀၊ ဆင်ဖြူကျွန်း(ပု) (AC) ကျပ် ၂၁၀၀၀၊ မြစ်ဝ (ပု) (AC) အမြင့်ဆုံးဈေး ကျပ် ၁၉၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၂၀၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ငြုပ်သီးဈေးနှုန်းမှာ  ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်တွင် ဈေးနှုန်းပြောင်းလဲမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ုကုန်)

ပဲ၊နှမ်းကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီး မှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊နှမ်းကုန်စည်ဒိုင်၏ သီးနှံအမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍  အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

          ပဲ၊နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဩဂုတ်လ တတိယပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၈၆၅၀၀)ကျပ် ပေါက်ဈေးဖြင့်  (၇၅၀)တင်း ၊တန်အားဖြင့် (၂၄)တန် ၊ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၇၇၅၀၀)ကျပ် ပေါက်ဈေးဖြင့် (၃၀၀)တင်း၊တန်အားဖြင့် (၁၀)တန်၊ နှမ်းနက် တစ်တင်း လျှင်(၂၃၆၅၀၀)ကျပ် ပေါက်ဈေးဖြင့် (၁၃၅၀)တင်း တန်အားဖြင့် (၃၃)တန် ၊မြေပဲလုံးဆံဖြူ တစ်တင်းလျှင် (၁၂၈၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၄၅၀)တင်း၊တန်အားဖြင့် (၁၀)တန်အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ပဲ၊နှမ်း ဝင်ရောက်မှုနည်းပါးလာပြီး ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း  ပဲပွဲစားများ ကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်း ရရှိသည်။

DOCA (စစ်ကိုင်း)

                                                         

ပန်းဂေါ်ဖီ၊ မုန်လာထုပ်နှင့် မုန်လာဥဖြူဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းရတနာဈေးနှင့်သံလမ်းဈေးရှိ  ဟင်းသီးဟင်းရွက် ဈေးတန်းများ၌ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နှင့် မုန်လာဥဖြူများလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ၊ မုန်လာထုပ်နှင့် မုန်လာဥဖြူများကို အိမ်ရှင်မများက အိမ်သုံး အတွက် ဝယ်ယူကြသလို စားသောက်ဆိုင်များမှလည်း အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၃၀၀၀ /၃၂၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၅၀၀/၃၀၀၀)ကျပ်၊ မုန်လာဥဖြူမှာ အသေးစည်း (၁၀)ပင်ပါ တစ်စည်းလျှင် (၉၀၀) ကျပ်နှင့် အကြီးစည်း(၅)ပင်ပါ တစ်စည်းလျှင် (၁၂၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA (စစ်ကိုင်း)

‌ မုံရွာမြို့တွင် ရောင်းချနေသော ပန်းဂေါ်ဖီစိမ်း ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင်  ပန်းဂေါ်ဖီများ ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။

     ပန်းဂေါ်ဖီမှာ အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး  ဗီတာမင်C၊ ပိုတက်ဆီယမ်၊ ဗီတာမင်Bနဲ့ ကယ်ဆီယမ် ဓာတ်တစ်ချို့နဲ့သံဓာတ်တို့ ပါဝင်သောကြောင့် ကျန်းမာရေး အတွက် ကောင်းမွန်ကြောင်းသိရှိရပါသည်။

     ၂၀၂၅ခုနှစ်၊ ဩဂုတ်လစတုတ္ထအပတ်အတွင်း ဖြစ်ပေါ်နေသော  ရောင်းချနေသော ကုန်စိမ်းသည် များထံမှ ပန်းဂေါ်ဖီစိမ်းစျေးနှုန်း အသေးတစ်ပွင့်လျှင့် (၁၂၀၀-၁၅၀၀)ကျပ် ရှိကြောင်းသိရှိရသည်။

DOCA (စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဒူးရင်းသီး ဈေးနှုန်း အခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်တွင် ဒူးရင်းသီးများ ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ ဒူးရင်းသီးဟာ ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသတွေ အပါအဝင် အရှေ့ တောင်အာရှနိုင်ငံများဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာ တို့မှာ အဓိကပေါက် ရောက်လေ့ရှိပါတယ်။ မြန်မာပြည်မှာဆိုရင် မြန်မာပြည်တောင်ဘက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသော အသီးတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒူးရင်းသီးပေါ် ချိန်မှာ မေ၊ ဇွန်၊ ဇူလိုင် လတို့၌ ဒူးရင်းသီးလှိုင်လှိုင် ထွက်သောအချိန်ဖြစ်သည်။

      ဒူးရင်းသီးများကိုဒေသတွင်း စားသုံးခြင်းသာမက ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒူးရင်းစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက် လျက်ရှိပြီး အသီးသီးပေါက်ဈေးရှိကြောင်းသိရှိရပါသည်။

    ယခုဩဂုတ်လစတုတ္ထအပတ်အတွင်း ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ရာ ဈေးနှုန်းများမှာ  အလုံးကြီး (၃၀၀၀၀)ကျပ်၊ အလတ် (၁၅၀၀၀)ကျပ်၊ အသေး (၈၀၀၀)ကျပ် ရှိကြောင်းသိရှိရပါသည်။

DOCA (စစ်ကိုင်း)

မုံရွာမြို့၊ သာစည်ဈေးရှိ ဆူးပုတ်ကြီးရွက်နှင့် ကန်စွန်းရွက်ဈေးနှုန်းအခြေအနေ

         မုံရွာမြို့၊ ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် မိမိတို့အိမ်ခြံမြေများနှင့် လယ်ယာမြေများ တွင်  ဆူးပုတ်ကြီးပင်နှင့် ကန်စွန်းပင်များကို  မီးဖိုချောင်စရိတ်သက်သာစေရန် စိုက်ပျိုးလေ့ရှိ ကြပြီး၊  စီးပွားဖြစ်စိုက်ပျိုးမှုများလည်း ရှိကြပါသည်။ ဆူးပုတ်ရွက်နှင့် ကန်စွန်းရွက်သည် ရာသီ မရွေးပေါ်ထွက်သော သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။ စိုက်ပျိုးရရှိသော ဆူးပုတ်ကြီးရွက် များနှင့် ကန်စွန်းရွက်များကို     မုံရွာမြို့၊ သာစည်ဈေးတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ဩဂုတ်လ စတုတ္ထပတ်တွင် သာစည်ဈေးတွင် ဆူးပုတ်ကြီး(၁) စည်းလျှင် (၃၀၀) ကျပ် မှ (၃၅၀)ကျပ်နှင့် ကန်စွန်းရွက် (၁)စည်းလျှင်(၂၀၀)ကျပ်၊ (၃)စည်းလျှင်(၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း