ထားဝယ်မြို့ စည်ပင်သာယာဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက် ဈေးနှုန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုး ဖြစ်သော ရုံးပတီသီး၊ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဒညင်းဝက်၊ မုန်လာဥနီ၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်း ခါးသီး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက်နှင့် ခရမ်းချဥ်သီးတို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ထားဝယ်မြို့၊ စည်ပင်သာယာဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ရုံးပတီသီး(၁၀) လုံးလျှင် (၁၀၀၀) ကျပ်၊ ဂေါ်ဖီထုတ် တစ်ထုတ်လျှင်(၄၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၃၀၀၀)ကျပ်၊ ဒညင်းဝက် (၁၀)လုံးလျှင် (၁၀၀၀)ကျပ်၊ မုန်လာဥနီ တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ပဲသီးတောင့်ရှည်တစ်စည်းလျှင် (၁၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်လုံးလျှင်(၁၅၀၀)ကျပ်၊ ကန်ဇွန်းရွက် တစ်စည်းလျှင် (၃၅၀)ကျပ်၊ ချဥ်ပေါင်ရွက်တစ်စည်းလျှင် (၃၀၀)ကျပ်၊ ခရမ်းချဥ်သီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
DOCA(တနင်္သာရီ)









