ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော ပန်းမျိုးစုံ ဈေးနှုန်းအခြေအနေ

ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရာသီအလိုက်ပေါ်သည့်ပန်းများကို ရောင်းချလျက်ရှိရာ ဆောင်း ရာသီမှသာ လှိုင်လှိုင်ပေါ်သည့် မေမြို့ပန်း၊ ဂန္ဓာပန်းအဖြူ၊ ဂန္ဓာပန်းအဝါ၊ ရေစိုဂန္ဓာပန်းပန်းရောင် ဟူ၍ ရောင်းချလျက်ရှိပြီး၊ နေ့စဉ်စိုက်ပျိုးပြီး ထွက်ရှိသည့် ပန်းများအနေဖြင့် သပြေပန်း၊ အာဆီယံ သပြေ၊ နှင်းဆီပန်း၊ ရေမွှေးပန်း၊ ကျောက်စိမ်းပန်းများကို ရောင်းချလျက်ရှိရာ ထိုပန်းများကို အခြား မြို့များမှ သယ်ယူရောင်းချသည့်အပြင် ရွှေဘိုမြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာများမှလည်း စိုက်ပျိုး ကြပြီး ရွှေဘိုမြို့ပေါ်သို့ လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော ပန်းမျိုးစုံဈေးနှုန်း အခြေအနေမှာ မေမြို့ပန်း (၁)စည်းလျှင် (၁၀၀ဝိ/-)ကျပ်၊  ဂန္ဓာပန်းအဖြူအပွင့်ကြီး (၁)စည်းလျှင် (၁၃၀ဝိ/-)ကျပ်၊  ဂန္ဓာပန်းအဖြူအပွင့် သေး(၁) စည်းလျှင် (၁၀၀ဝိ/-)ကျပ်၊  ဂန္ဓာပန်းအဝါ(၁ )စည်းလျှင် (၁၂၀ဝိ/-)ကျပ်၊  ရေစိုဂန္ဓာပန်းပန်း ရောင်(၁)စည်းလျှင် (၁၂၀ဝိ/-)ကျပ်၊ သပြေပန်း (၁)စည်းလျှင်(၅၀ဝိ/-)ကျပ်၊ အာဆီယံသပြေ(၁) စည်းလျှင် (၇၀ဝိ/-)ကျပ်၊ နှင်းဆီပန်း ပိုက်စွပ်(၁၀)ပွင့်ပါ (၁)စည်းလျှင် (၃၅၀ဝိ/-)ကျပ်၊ ရေမွှေးပန်း (၁)စည်းလျှင် (၅၀ဝိ/-)ကျပ်၊ ကျောက်စိမ်းပန်း(၅)ခက်ပါ (၁)စည်းလျှင် (၂၀၀ဝိ/-)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မအူပင်မြို့မှ မြစ်ငါးသားလောက် ရန်ကုန်သို့ အနည်းငယ် နှစ်စဉ်တင်ပို့

          မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ရေချိုငါးများခွက်ရှိသလို မွေးမြေူရေး ငါးများလည်း ရှိ၍ ရန်ကုန်သို့ တင်ပို့လျှက်ရှိသည်။ မအူပင်တွင် တိုးမြစ်ရှိသောကြောင့် ၎င်းမြစ်မှ ငါးသလောက် များ ဖမ်းဆီးရရှိ၍ ရန်ကုန်သို့ ၄လအတွင်း အချိန် ၇၀ပိသာခန့် တင်ပို့ခဲ့ကြောင်း သိရသည်။

          မအူပင်ခရိုင် ကမ်းနားလမ်း အခွန်လွတ်ဈေးတွင် ရေချိုးငါးရောင်းချသူနှင့် မွေးမြူရေး ငါးရောင်းချသူများလည်း ရှိသည်။ မအူပင်မှ ရန်ကုန်သို့ ရေချိုးမြစ် ငါးသာလောက်သည် ၂၀၂၄ခုနှစ် အောက်ဆိုဘာလက စတင် မြစ်ငါးဖမ်းဆီး ရရှိပြီး ရန်ကုန်သို့ မြစ်ငါးများ စီးပွားဖြစ် တင်ပို့ခြင်း မရှိပဲ ငါးသားလောက် ထွက်ပေါ်ချိန်တွင် ရန်ကုန်မှ မှာယူခြင်းကြောင်း ပိဿာချိန် ၂၀၂၄ခုနှစ် အောက်တိုဘာလ မှ ၂၀၂၅ခုနှစ် ဇန်နဝါရီလအတွင်း ပိဿာချိန် ၇၀ခန့် တင့်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။

            ဈေးနှုန်း အနေဖြင့် ငါးသားလောက် စတင်ပေါ်ချိန်က ၅၀သား တစ်ကောင် ၁၀ ကျပ်သား လက်ကားဈေး ငွေကျပ် ၇၀၀၀ကျပ်ထိ ဈေးကောင်းခဲ့ပြီး လက်လီဈေး ၈၀၀၀ကျပ် ၊ ၁၀ပိဿာအထက် ငါးသားလောက် ၁၀ကျပ်သား ဈေးနှုန်း ငွေကျပ် ၁၀၀၀၀ဈေးထိ ဈေးကောင်းရပြီး လက်လီဈေး ၁၂၀၀၀ကျပ် ထိဈေးကောင်းရရှိခဲ့သည်။ လက်ရှိဈေး အနေဖြင့် ၅၀သားအကောင်း ၁၀ ကျပ်သားကို လက်ကားဈေး ငွေကျပ် ၄၀၀၀ခန့် ဈေးရနေပြီး၊ လက်လီဈေး ၆၀၀၀ကျပ်၊ ၁၀ပိဿာအထက်အကောင်ကြီး ငါးသားလောက်ဈေး ၁၀ကျပ်သားကို လက်ကားငွေကျပ် ၈၀၀၀၊ လက်လီဈေး ငွေကျပ် ၁၀၀၀၀ထိဈေးရနေကြောင်း၊ ငါးသားလောက်ဥကိုလည်းထွက်ရှိနေ၍ ငါးသားလောက်ဥ ၁၀ကျပ်သားဈေးနှုန်း ၁၀၀၀၀-၁၂၀၀၀ ကျပ်ထိ ဈေးဖြင့် ရောင်းချနေရကြောင်း မြစ်ငါးရောင်းချသူ ဒေါ်အေးရီထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်မှ တနင်္သာရီတိုင်းဒေသကြီး(မြိတ်မြို့)သို့ ဆန်တင်ပို့မှုအခြေအနေ

            ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ ထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် (မြိတ်မြို့)သို့ ရေလမ်းဖြင့် တင်ပို့လျက်ရှိပါသည်။  ဇန်နဝါရီ လ(၁)ရက်နေ့မှ(၂၁)ရက်နေ့အထိ (မြိတ်မြို)သို့ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်မှ  ဧည့်မထဆန်(၅၂၀၀)အိတ်၊  ပေါ်ဆန်းဆန်(၈၀၀)အိတ်၊ စုစုပေါင်း(၆၀၀၀)အိတ်၊ တင်ပို့ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့တင်ပို့ရာတွင် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် ( MRF )၏ ရည်ညွှန်းသတ်မှတ်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်သတင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်မြို့ရှိရာသီပေါ်မရမ်းသီးစျေးနှုန်းအခြေအနေ

            ထားဝယ်မြို့ အနီးဝန်ကျင်း ကျေးရွာများတွင် မရမ်းပင်များကို ခြံဝင်းအတွင်း စိုက်ပျိုး ကြပြီး မရမ်းသီးပေါ်ချိန်တွင် အပိုဝင်ငွေများရရှိပါသည်။ မရမ်းသီးကို အစိမ်းရော၊ အမှည့်ပါ စားသုံး နိုင်ပါသည်။ မရမ်းသီးအစိမ်းကို သုတ်စား၍ လည်းကောင်း၊ ထောင်းစား၍လည်းကောင်း၊ ငါးပိနှင့် ကြော်၍ လည်းကောင်း စားသုံးကြ ပါသည်။ ယခုအခါတွင် မရမ်းသီး‌ပေါ်ချိန်ဖြစ်ရာ ထားဝယ်မြို့မ စည်ပင်သာယာစျေး၊ ကမ်းနာပျံကျစျေးနှင့် ရပ်ကွက်စျေးငယ်များတွင် မရမ်းသီးအစိမ်းကို ရောင်းချ လျက်ရှိပါသည်။ ထားဝယ်မြို့ရှိစျေးများတွင် မရမ်းသီးနို့ဆီဘူးတစ်ဘူးလျှင် (၅၀၀၀)ကျပ်မှ(၆၀၀၀) ကျပ်အထိရောင်းချလျှက်ရှိရာ ပေါ်ဦးပေါ်ဖျားဖြစ်၍ ရောင်းအားကောင်းလျက်ရှိကြောင်း စျေးသည် တစ်ဦးထံမှ သိရပါသည်။

DOCA(တနင်္သာရီ)

သရက်သီးဈေးနှုန်း/ဈေးကွက်

          သရက်သီးသည် လူတိုင်းကြိုက်နှစ်သက်သောအသီးမျိုးဖြစ်ပြီး ယခုဆောင်းရာသီတွင် ရှားပါးသီးနှံဖြစ်သည့်အတွက် စားသုံးများ ခံတွင်းတွေ့ကာ အရောင်းအဝယ်ကောင်းကြောင်း သိရပါ သည်။ သရက်သီးစိမ်းကို ငါးပိရည်ကျိုနှင့်တို့စား၍သော်လည်းကောင်း၊ သုပ်စား၍သော်လည်း ကောင်းစားကြပါသည်။ ထားဝယ်မြို့စည်ပင်သာယာဈေးနှင့်ဈေးငယ်များတွင် သရက်သီးများရောင်း ချလျက်ရှိရာ ဈေးကောင်းလျက်ရှိကြောင်း သိရှိရပြီးတစ်ကီလိုလျှင်(၃၅၀၀)ကျပ်ရှိကြောင်းသိရှိရပါ သည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိနာနတ်သီးဈေးနှုန်း/ဈေးကွက်

  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်နေ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်းများလုပ်ကိုင်ကြရာ နှစ်ရှည်သီးနှံများနှင့်  ရာသီပေါ်သီးနှံများစိုက်ပျိုးရောင်းချကြပြီး ယခုအချိန်တွင် ရာသီပေါ်သီးနှံအဖြစ် နာနတ်သီးပေါ်ချိန် ဖြစ်သည့်အတွက်  တောင်သူများက နာနတ်သီးများ ခူးဆွတ်ရောင်းချရာမှ မိသားစုစားဝတ် နေရေး အတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သရက်ချောင်းမြို့ပေါ်နေ စိုက်ပျိုး တောင်သူ များထံမှသိရှိရပါသည်။ နာနတ်သီးကို ယခုလပိုင်းများတွင် စတင်ခူးဆွတ်ပြီး ဈေးကွက် အတွင်းသို့ ရောင်းချကြပါသည်။ လက်ရှိစည်ပင်သာယာဈေးနှင့် ဈေးငယ်များတွင် နာနတ်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်မှ(၃၅၀၀)ကျပ်အတွင်းရှိပြီး ဈေးကောင်းလျက်ရှိကြောင်းသိရှိရ ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့အတွင်းရှိ ကြက်ဥ ဈေးနှုန်း

              တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချလျက် ရှိသော ကြက်ဥများမှာ ဒေသတွင်းကြက်ခြံများမှ ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းမှာ အကြီးတစ်လုံးလျှင်(၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၄၅၀)ကျပ်နှင့် အသေး တစ်လုံးလျှင်(၃၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ကာလက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက် အနည်းငယ်မြင့်တက်လာကြောင်းသိရပါသည်။

               ကြက်ဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး မိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ် ချက်ပြုတ်ရာတွင်လည်းအသုံးပြုကြသဖြင့် အရောင်း အဝယ်သွက်လျက်ရှိကြောင်း ဈေးသည်တစ်ဦး ထံမှသိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစုံစမ်းခြင်း

ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် စားသုံးသူရေးရာဦးစီးဌာန(ရုံးချူပ်)မှ ညွှန်ကြားလာသည့် ဘိလပ်မြေထုတ်လုပ်နေသည့်စက်ရုံများနှင့်ဘိလပ် မြေ ရောင်းချနေသည့်ဆိုင်များအား ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ၊ မြေပြင်လက်ကျန်အခြေအနေများ၊ စျေးနှုန်း စျေးကွက်အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးရန်ညွှန်ကြားလာမှုအပေါ်၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစုံစမ်း ရာတွင် မြေပြင်တွင်ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း၊ ပစ္စည်းများအလုံအလောက်မှုရှိပါကြောင်း သိရှိရပါ သည်။

ကွင်းဆင်းစုံစမ်းရာတွင် ဘိလပ်မြေစျေးနှုန်းမှာ ယခင်လတွင် ဘိလပ်မြေအမှတ်တံဆိပ် ထိုင်းဆင် (SCG)  ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၈၇၀၀ ကျပ်ရှိပြီး ယခုလတွင် ထိုင်းဆင် (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၈၈၅၀ ကျပ် ဖြစ်ပေါ်လျက်ရှိပြီး၊ ဘိလပ်မြေ အမှတ်တံဆိပ် ထိုင်းကျား (SCG) ၅၀ ကီလို ဂရမ် တစ်အိတ်လျှင် ၁၆၁၅၀ ကျပ်ရှိပြီး ယခုလတွင် ထိုင်းကျား (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၆၂၅၀ကျပ် ဖြစ်ပေါ်လျက်ရှိရာ ယခင်လနှင့်ယခုလနှိုင်းယှဉ်ပါက အနည်းငယ်မြှင့်တက်လျက်ရှိကြောင်းသိ ရှိရပါသည်။

DOCA(တနင်္သာရီ)

မင်းဘူးမြို့ရှိ သီးနှံရောင်းဝယ်ရေးပွဲရုံများအား အသိပညာပေးဆွေးနွေး

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက် စေရေးအတွက် မင်းဘူးမြို့ရှိပွဲရုံများသို့ သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များအား ကွင်းဆင်း နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် ပဲမျိုးစုံသီးနှံများ၏ ဈေးနှုန်းဈေးကွက် အခြေအနေအား မေးမြန်းခဲ့ရာ ပဲစင်းငုံ တစ်တင်းလျှင် ကျပ်(၉၂၀၀၀)၊ ပဲလွန်း တစ်တင်းလျှင် ကျပ်(၇၃၀၀၀)နှင့် မတ်ပဲတစ်တင်းလျှင် ကျပ်(၇၅၀၀၀)ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်ပြီး သီးနှံများအား မကွေး၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချပါကြောင်း၊ ပဲမျိုးစုံသီးနှံများအား မင်းဘူးမြို့အနီးရှိ ချောင်းဖြူ၊ ကံသစ်၊ ကံကုလား၊ မယ်ဘေ့ ကုန်းကျေးရွာများမှ အများဆုံး လာရောက် ရောင်းချကြကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သိရှိခဲ့ရပြီး ခရိုင်ဦးစီးမှူးမှ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် တောင်သူများအပေါ် သတ်မှတ်ရည်ညွှန်း ဈေးထက်ပို၍ ဝယ်ယူခြင်း မပြုရန်နှင့် သတ်မှတ်ရည်ညွှန်းဈေး အတိုင်းသာ ဝယ်ယူကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မင်းဘူးမြို့နယ်၌ ပဲစင်းငုံနီစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကြီးပင်ကန်ကျေးရွာအုပ်စုရှိ ကြီးပင်ကန်ကျေးရွာသည် စပါးနှင့်ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ တောင်သူများမှ ပဲစဉ်းငုံနီစိုက်ဧက (၅)ဧကခန့်အား သီးညှပ်အဖြစ် ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မျိုးအနေဖြင့်  ယခင်နှစ် ပဲစဉ်းငုံနီစိုက်ခင်းမှ ထွက်ရှိသည့်ပဲစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ (၁)ဧကလျှင် မျိုး(၂)ပြည်နှုန်းကုန်ကျပြီး ထွန်ကြောင်းဆွဲအစေ့ချစနစ် ဖြင့်စိုက်ပျိုးကြောင်း၊  ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ(စတုတ္ထပတ်)တွင် စတင်ရိတ်သိမ်းကာ အထွက်နှုန်း အနေ ဖြင့်  (၁)ဧကလျှင် (၇)တင်းခန့် ထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ကျပ်(၃)သိန်းခန့် ကုန်ကျပြီး ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၉၁၀၀၀)ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၃)သိန်းကျော်ရရှိကြောင်း၊ ဈေးနှုန်းဈေးကွက် အနေဖြင့် ထွက်ရှိသည့် ပဲစင်းငုံနီများကို မင်းဘူးမြို့ပေါ်ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခု၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၉၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း