ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အညာဒေသ ရာသီစာ သမုန်းဖူး(သမုန်းပွင့်)များရောင်းချလျက်ရှိ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးအရှေ့ဘက်ကမ်းရှိ မုံရွာမြို့နယ်သည် အပူပိုင်း‌အညာဒေသဖြစ်သည့်အတွက် အပူပိုင်းတွင် ပေါက်ရောက်တက်သော ဆေးဖတ်ဝင်အပင် တစ်မျိုးဖြစ်သည့် သမားမုန်းသည့် ဆေးဘက်ဝင် သမုန်းဖူး(သမုန်းပွင့်)များဖူးပွင့်လျက်ရှိသည်။           သမုန်းဖူးများအား ခူးယူ၍ အပွင့်အစိမ်းအတိုင်း ရောင်းချကြသလို အဖူးအပွင့်များကို ရေနွေးဖြင့်ဖျော၍ ရောင်းချကြသည်။ ယခု တပို့တွဲနှင့် တပေါင်းလများတွင် မြိုင်မြိုင်ထွက်ပေါ် လေ့ရှိသည်။ ရာသီပေါ်သမုန်းဖူးများကို ဆေးဖက်ဝင်သောကြောင့် စားသုံးသူ များ   ကြိုက်နှစ်သက်ကြသည်။  သမုန်းပွင့်ပြုတ်ပြီးသားများကို ဈေးထဲတွင် လက်ပုံများပုံ၍ တစ်ပုံလျှင်(၅၀၀-၁၀၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ ပိဿာဖြင့် ဝယ်ယူမည်ဆိုပါက သမုန်းဖူး ပြုတ်ပြီးသား (၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ ရောင်းချသူများမှာ နေ့စား အလုပ်သမားများမှ မိသားစုဝင်ငွေတိုးရန်အတွက် ခူးဆွတ်၍ရောင်းချခြင်းဖြစ်ပါသည်။ ပြုတ်ပြီးသော သမုန်းပွင့်အရွက်နုနုလေးများကို ကတ်ကြေးဖြင့်ညှပ်၍ မြေပဲဆံထောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများဖြင့် ဆီသပ်ပြီး သုပ်၍စားခြင်း၊ ခရမ်းချဉ်သီးငပိချက်နှင့် အတို့အနေဖြင့် လည်းကောင်း တွဲဖက်စားသုံးကြသည်။ ရာသီအလိုက် လအလိုက်ပေါ်သော အညာဒေသ၏ ဆေးဖက်ဝင် ရာသီစာသမုန်းဖူးများကို ဝယ်ယူစားသုံးမှုများကြောင်း မိသားစုအပိုဝင်ငွေရရှိရန် သမုန်းဖူးခူးယူရောင်းချနေသူများထံမှ သိရပါသည်။

 

DOCA(စစ်ကိုင်း)

ဖူးစားပြောင်း(ခေါ်)သကြားပြောင်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ရိုးကိုင်းမြေနုများပေါ်တွင် ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ ကြာပိုင်၊ နဂါးတွင်းကျေးရွာတို့မှ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်း နှင့် ရာသီပေါ်သီးနှံ စိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်း(ခေါ်)သကြားပြောင်းဖူးကို မိမိတို့အိမ်ခြံဝင်း အတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ ကိုင်းမြေနုများပေါ်တွင်လည်းကောင်း စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

ဖူးစားပြောင်း(ခေါ်သကြားပြောင်းသည် ရေလုံလောက်စွာရရှိပါက (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်များအနေဖြင့် မျိုးသွင်းအားစု၊ ပိုးသတ်ဆေး၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း (သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ သကြားပြောင်းစိုက်ပျိုးပြီး ရက်ပေါင်း (၈၀မှ (၉၀ရက်အတွင်း အသီးများကို စတင်ခူးဆွတ်နိုင်ပြီး သကြားပြောင်း မျိုးစေ့ တစ်ဗူးလျှင် အဖူး(၁၀၀၀)ခန့်ထွက်ရှိပြီး တစ်ပင်လျှင်(၃)ဖူးအထိ ဖူးကြောင်း ဖူးစားပြောင်းစိုက် တောင်သူများထံမှ သိရသည်။

ယခုအချိန် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ဖူးစားပြောင်း(ခေါ်)သကြားပြောင်း ရောင်းချရသည့် ဈေးနှုန်းမှာ တစ်ဖူးလျှင် လက်ကားဈေးနှုန်း (၅၀၀ကျပ်ဖြင့်လည်းကောင်း၊ လက်လီဈေးနှုန်း (၆၀၀ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (သိန်းကျပ်ခန့်ရရှိကာ ဖူးစားပြောင်း (ခေါ်သကြားပြောင်းစိုက်တောင်သူများ ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ဖူးစားပြောင်းစိုက်တောင်သူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့နယ် ကန်သာယာဈေး၌ ရာသီစာတမာရွက်နုများ ရောင်းချလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကန်သာယာဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံ ရောင်းချလျက် ရှိရာ  ရာသီပေါ်အသီးအရွက်များဖြစ်သည့် တမာရွက်၊ ညောင်ရွက်၊ ထနောင်းဖူး၊ သမုန်းဖူး(သမုန်းပွင့်)၊ ကန့်လန့်ဖူး၊ မုန့်ညှင်းရွက်၊ နံနံပင်၊ ပဲကြီးအစို၊ ပန်းမုံလာပွင့်၊ မုံလာထုတ်၊ ခါကြက်ဥ၊ ခရမ်းသီး၊ သံပုရာသီး၊ နှင့် ခရမ်းချဉ်သီး စသည့်သီးနှံများ ရောင်းချလျက် ရှိကြောင်း သိရသည်။

တမာပင်သည် အပူပိုင်းအမြဲစိမ်းအပင်တစ်မျိုးဖြစ်ပြီး အညာဒေသများတွင် ပေါက်ရောက် သော အပင်ကြီးမျိုးဖြစ်သည်။ တမာရွက် အမျိုးအစား အမျိုးမျိုးရှိရာ ခြံစည်းရိုးတမာ၊ ရေတမာနှင့် စားတမာ ဟူ၍ ရှိသည့်အနက် စားတမာဖူး/တမာရွက်နုသည် လူတိုင်းနီးပါး ကြိုက်နှစ် သက်သော အရွက်တစ်မျိုးဖြစ်ပြီး ထမင်းမြိန်စေသော အရန်ဟင်းကြမ်းတစ်မျိုးအဖြစ် အသုံးပြုကြပါသည်။ တမာရွက်နုတွင် အမျှင်ဓာတ်၊ အဆီဓာတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်နှင့် ဗီတာမင်ဓာတ်တို့ပါဝင်ပြီး အသင့်အတင့်စားသုံးပေးပါက ကျန်းမာရေးအတွက် အထူးကောင်းမွန် ပါသည်။         

ယခင်နှစ်က တမာရွက်နု(၁၀)သားလျှင် (၈၀၀/၁၀၀၀)ကျပ်၊ ယခုနှစ်တွင်မူ (၁၀၀၀/၁၅၀၀)ကျပ်အထိ ရောင်းချရကြောင်းသိရသည်။ တမာရွက်နုများကို ပြုတ်၍ ခရမ်းချဉ်သီး ငါးပိချက်၊ ငံပြာရည်ချက်၊ ငါးပိရည်နှင့် ငါးခြောက်ချက်များ တို့ဖြင့် တွဲဖက်စားသုံးကြသည်။ တမာရွက်နုများသည် ပြာသိုလနှင့် တပိုတွဲလများတွင် ထွက်ရှိပြီး ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများ ကျဆင်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

          မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဇန်နဝါရီလ(နောက်ဆုံးပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ်(၉၀၀၀- ၁၂၀၀၀)များဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ငွေကျပ်(၈၀၀၀-၁၁၀၀၀) များဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ (ဒုတိယပတ်) တွင် ငွေကျပ် (၇၀၀၀-၁၀၀၀၀)များဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဆောင်းအကုန် နွေဦးရာသီတွင် ကွမ်းအထွက်နှုန်းတိုးပြီး ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများကာ  ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသာ မြေပဲလုံးဆံနှင့်မြေပဲအတောင့်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံနှင့် မြေပဲအတောင့်များကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော်စသည်ဖြင့်လည်းကောင်း၊ အစားအသောက်များနှင့်တွဲဖက်စားသုံးခြင်းတို့ ပြုလုပ်ကြ ကြောင်း၊ ကန့်ဘလူခရိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများသည် ဒေသတွင်းမှလည်း ကောင်း၊ မန္တလေးမြို့နှင့်ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်ကြောင်း သိရသည်။

ကန့်ဘလူခရိုင်၌ ဖေဖေါ်ဝါရီလ ပထမပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင် ငွေကျပ် (၃၇၀၀၀)နှင့် မြေပဲလုံးဆံ(၁)တင်းလျှင် ငွေကျပ်(၁၂၉၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဖေဖေါ်ဝါရီလဒုတိယပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင်(၃၈၀၀၀)ကျပ်နှင့် မြေပဲလုံးဆံ(၁) တင်းလျှင်(၁၃၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်လျက်ရှိသောကြောင့် မြေပဲအတောင့်(၁)တင်းလျှင် (၁၀၀၀)ကျပ်နှင့် မြေပဲလုံးဆံဈေးမှာ(၇၀၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း လုပ်ငန်းရှင်များ ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

အနည်းငယ်ကျဆင်းလာသော စက်သုံးဆီဈေးနှုန်းများ

                ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည် ဖွင့်လှစ်ရောင်းချလျက်ရှိပါသည်။   ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း စက်သုံး ဆီဈေးနှုန်းများမှာ Octane(92)တစ်လီတာလျှင် (၄၀၂၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၄၀၈၀) ကျပ်၊ ပရီမီယမ်ဒီဇယ်(HSD) တစ်လီတာလျှင်   (၃၅၉၅)ကျပ်၊ ရိုးရိုး ဒီဇယ် (PD) တစ်လီတာ လျှင်(၄၂၃၀)ကျပ်ဖြင့် ရောင်းချနေကြပြီး ယခင်တစ်ပတ်ဈေနှုန်းများမှာ စက်သုံးဆီ ဈေးနှုန်း များမှာ Octane(92)တစ်လီတာလျှင် (၄၀၄၅)ကျပ်၊ Octane(95) တစ်လီတာလျှင် (၄၁၂၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(HSD) တစ်လီတာလျှင်   (၃၆၈၀)ကျပ်၊ ရိုးရိုးဒီဇယ် (PD) တစ်လီတာ လျှင်(၄၃၅၀)ကျပ်ရှိခဲ့ပြီး ယခင်တစ်ပတ်ဈေးနှုန်းများနှင့် ယခုဈေးနှုန်းများ နှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၂၅)ကျပ်၊ Octane(95) တစ်လီတာလျှင် (၄၀) ကျပ်၊ ပရီမီယမ် ဒီဇယ် (HSD) တစ်လီတာလျှင်   (၈၅)ကျပ်၊ ရိုးရိုး ဒီဇယ် (PD) တစ်လီတာလျှင်(၁၂၀)ကျပ် စီဖြင့် အနည်းငယ်ကျဆင်းလာကြောင်း သိရှိရပါသည်။

DOCA(ကယား)

ကန့်ဘလူမြို့နယ်၌ ရာသီစာထောပတ်ပဲများ အရောင်းအဝယ်သွက်

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ထောပတ်ပဲများကို စိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲအစိုများကို ကန့်ဘလူမြို့မ ဈေးတွင်ရောင်းချကြောင်း ၊ ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ထောပတ်ပဲစို(၁)ပြည်လျှင် ၅၅၀၀ ကျပ်၊ ထောပတ်ပဲနို့ဆီဗူး(၂)ဗူးလျှင် ၁၃၀၀ကျပ်နှင့် ထောပတ်ပဲနို့ဆီဗူး(၁)ဗူးလျှင် ၇၀၀ကျပ် ဖြင့်ရောင်းချကြောင်း၊ ရာသီစာဖြစ်သည့်အတွက် ထောပတ်ပဲအစိုများ အရောင်းအဝယ်သွက်လျက် ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်နီဈေးနှုန်း

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင် တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့်အခြားကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီများစိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ မြစ်သားကြက်သွန်နီ အလုံးသေးတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ အလုံးကြီးတစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့် တက်လာကြောင်း ကြက်သွန်နီရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကွမ်းသီးဈေးနှုန်း၊ဈေးကွက်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကွမ်းသီးများကို ကန့်ဘလူ ခရိုင်အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် ၊ ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် ကန့်ဘလူခရိုင်၏ ကွမ်းသီးစိတ်ဈေးနှုန်းများ မှာအရည်အသွေးပေါ်မူတည်၍ ကွမ်းသီးစိတ်လက်ကားဈေး(ရှယ်)တစ်ပိဿာလျှင် (၁၈၅၀၀)ကျပ်၊ လက်လီဈေး(ရှယ်)တစ်ပိဿာလျှင်(၁၉၅၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်)တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ကွမ်းသီးစိတ် (ရှယ်)လက်လီ/လက္ကားဈေးမှာ (၅၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်)တစ်ပိဿာလျှင် (၂၀၀၀)ကျပ် မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်ရှိဆိုင်များနှင့်ကျေးရွာများ၊ ကျွန်းလှမြို့ နယ်သို့ လက်လီ/လက္ကားဖြန့်ဖြူးလျက်ရှိကြောင်း  ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကွမ်းသီးစိတ် ရောင်းဝယ်ရေး လုပ်ငန်းရှင်၏ပြောပြချက်အရ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကွမ်းဈေးနှုန်း

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

          ယခုလိုဆောင်းရာသီတွင် ကွမ်းရွက်များအထွက်နည်းလာကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဖေဖေါ်ဝါရီ လဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေး ပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ၁၄၅၀၀-၁၅၀၀၀ကျပ် ၊ ကွမ်းရွက်(ကြီး)တစ်ပိဿာ လျှင် ၅၈၀၀ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် ၄၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်အပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှင့်နှိုင်ယှဉ်ပါက ယခုလဒုတိယ ပတ်အတွင်း ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ၅၀၀ကျပ်၊ အခြားကွမ်းရွက်ဈေးနှုန်းမှာ ၃၀၀ကျပ် ပြန်လည်မြင့်တက်လာကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း