ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အရောင်အသွေးစုံလင်လှတဲ့ မေမြို့ပန်းဈေးကွက်

  မေမြို့ပန်းများသည် အရောင်အသွေးလှပမှုဖြင့် ဆွဲဆောင်မှုရှိတဲ့ ပန်းတစ်မျိုးဖြစ်ပါသည်။ ဘုရား ပန်းထိုးရာတွင်လည်း အမြတ်တနိုးထား အလှဆင်ကြသည်။ မေမြို့ပန်းသည် အခိုင်လိုက် အစုလိုက် ပွင့်သော ပန်းဖြစ်ပြီး အရောင်အားဖြင့် အဖြူ၊ အနီ၊ ပန်းရောင်၊ ဗေဒါရောင် တို့ရှိသည်။ မြန်မာနိုင်ငံတွင် Aster အဖြူ နှင့် Color မျိုးစေ့ပုလင်းများ မှာယူ၍ စိုက်ပျိုးကြပါသည်။ ရိုးစိမ်းအဖြူ ၊ ကျောက်နီ၊ ချင်းမိုင် စသည်ဖြင့် အပွင့်အရောင်၊ ပန်းပွင့်ပုံကို မူတည်၍ မြန်မာအခေါ်များရှိသည်။ နေရောင်အပြည့်အဝရရှိ မှု ကို ကြိုက်နှစ်သက်သော်လည်း မြင့်မားလွန်းသော အပူချိန်က ပန်းပွင့်ခြင်းကို နှောင့်နှေး ကြန့်ကြာစေပါ သည်။ မိုးဆက်တိုက် ရွာသောအခါ၊ အေးလွန်းသောအခါများတွင် ပန်းပွင့်ခြင့်ကို လျော့ကျစေပါသည်။ မည်သည့်မြေအမျိုးအစားတွင်မဆို ရှင်သန်ပေါက်ရောက်နိုင်သော်လည်း ခြောက်သွေ့ပြီးမြေဆီ ညံဖျင်း ပါက ပန်းအနည်းငယ်သာ ပွင့်ပါမည်။ ရေငတ်ဒဏ်ကို အနည်းငယ် ခံနိုင်ရည်ရှိသည်။ ပျိုးပင်များအား ပင်ကြားတန်းကြား ၁၈-၂၄ လက်မ အကွာ မိမိ စိုက်ပျိုးမည့်မျိုးမှ ပန်းပွင့်မည့် အနေအထားပေါ် မူတည် ၍ စိုက်ပျိုးရပါမည်။ မိမိစိုက်ပျိုးသည့်မျိုး၏ ပန်းပွင့်အနေအထားပေါ် မူတည်၍ ခေါင်နှိမ်ပေးရမည် ဖြစ်ပါ သည်။ ခေါင်နှိမ်ခြင်းဖြင့် ပန်းပွင့်များရရှိမည့် ဘေးကိုင်းဖြာမှုကို ဖြစ်စေပါမည်။ နေရောင်ခြည် အပြည့်အဝ ရရှိပြီး ပင်ကြားတန်းကြား လေဝင်လေထွက်ကောင်းရန် ဖန်တီးပေးရန် လိုအပ်ပါသည်။ ထိုသို့ ပြုလုပ် ခြင်းဖြင့် Powndery Mildew မှိုရောဂါကို မဖြစ်ရန်အတွက် ကာကွယ်ပြီး ဖြစ်သည်။အပင်ဖြစ်ရန် လွယ်ကူ သော်လည်း ပန်းပွင့်ရန်အတွက် ဂရုတစိုက်စောင့်ရှောက်ရသော ပန်းပင်ဖြစ်သည်။ အစိုဓာတ်သည် ပန်းပွင့်ခြင်းကို လွှမ်းမိုးသည်။ မြန်မာနိုင်ငံတွင် မေမြို့ပန်းများကို အပင်လိုက် နှုတ်စည်း၍ ဈေးများတွင် ရောင်းချကြသည်။ အပင်ကြီးထွားမှုနှင့် အပွင့်အရောင်သွေးပေါ် မူတည်ပြီး ဒေသအလိုက်ဈေးနှုန်း မတူ ကြပါ။ ဥပမာ အဖြူရောင်ပန်းများသည် အခြားအရောင်ပန်းများထက် ဈေးရရှိမှု လျော့နည်းပါသည်။ အပင်ငယ်များမှာ အပင်ကြီးများထက် ဈေးလျော့နည်းပါသည်။ လက်လီဈေးတွင် အပင်ကြီးများ နှစ်ပင် စီး တစ်စီးလျှင် ၅၀ဝ ကျပ် ဖြစ်ပြီး အပင်ငယ် ၅ ပင်ပါ တစ်စီးလျှင် ကျပ် ၈၀၀ ဖြစ်သည်။ တချို့ဒေသများ တွင် အပင်အရေတွက် အရွယ်အစား အပင်လိုက်နှုတ်၍ရောင်းချသည်။ တချို့ဒေသများတွင် အပင်လိုက် နှုတ်၍ လက်ဆုတ်စည်းများဖြင့် ရောင်းကြပါသည်။ တစ်ဧကအထွက်နှုန်းမှာ မိမိစိုက်ပျိုးသော မျိုး အလိုက် ပင်ကြားတန်းကြားဖြင့် စိုက်ပျိုးသည့် အပင်အရေအတွက် ဝင်ဆန့်မှုပင် ဖြစ်ပါသည်။

DOCA(ပဲခူး)

ဒေသထွက် ရာသီစာ ဩဇာသီးဈေးနှုန်း

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ပေါ်ရှိ ဈေးကွက်အတွင်း၌ ဈေးကောင်းရကာ အရောင်းသွက်နေသော ဩဇာသီးများ ရောင်းချနေကြောင်း သိရသည်။ ပြည်ခရိုင်အတွင်းရှိ မြို့နယ်၊ ကျေးရွာများတွင် လယ်ယာလုပ်ငန်းအပြင် သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သော ဩဇာသီးကို ဥယျာဉ်ခြံမြေများနှင့် နေအိမ်ခြံစည်းရိုး များတွင် စီးပွားဖြစ် စိုက်ပျိုးကြကြောင်းသိရသည်။

          ပြည်ခရိုင်အတွင်း ဧရာဝတီမြစ်တစ်လျှောက်ရှိ တောင်ကုန်း၊ တောင်ဇွယ်များတစ်လျှောက်တွင် ဩဇာခြံများ အစီအရီ စိုက်ပျိုးထားသည်။ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်သည် ဩဇာသီးအထွက် အများဆုံးဖြစ်ပါသည်။ ဩဇာသီးကို ဇွန်၊ ဇူလိုင်လတို့တွင် စိုက်ပျိုးပြီး (၅)နှစ် သက်တမ်းအကြာတွင် အသီးများ စတင်ခူးဆွတ်လို့ ရပြီဖြစ်ကြောင်းသိရသည်။ တစ်ဧကလျှင် အပင် (၂၅၀)ခန့် စိုက်ပျိုး၍ရကြောင်း၊ အထွက်နှုန်းမှာ အလုံးရေ (၁၀၀၀၀)ကျော်ခန့်ထွက်ရှိကြောင်းသိရသည်။

          ရာသီအလိုက်ပေါ်သော သီးနှံတစ်မျိုးဖြစ်သည့်အပြင် ချိုချိုအေးအေး အရသာရှိသည့် ပြည်ဩဇာကို အများပြည်သူတို့က ခုံခုံမင်မင် ဝယ်ယူစားသောက်ကြသည်။

          ဩဇာသီးဈေးနှုန်းများမှာ ယခင်ဇူလိုင်လတွင် ဩဇာသီး အလုံးကြီးတစ်လုံးလျှင် ကျပ် (၁၀၀၀)၊ အလုံးလတ် တစ်လုံးလျှင် (၈၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀)ကျပ်တို့ဖြင့် ဈေးကောင်းရခဲ့ပြီး ယခု စက်တင်ဘာလ ဒုတိယပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အလုံးကြီးတစ်လုံးလျှင် ကျပ် (၈၀၀)၊ အလုံးလတ်တစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၀၀)ကျပ်ဖြစ်ပြီး စက်တင်ဘာလတွင် ဩဇာသီးဈေးနှုန်း အနည်းငယ်ကျလာကြောင်း တွေ့ရသည်။

          ယခုကဲ့သို့ ဈေးအနည်းငယ်ကျလာရခြင်းမှာ ဩဇာသီးများ လှိုင်လှိုင်ထွက်ပေါ်လာသောကြောင့် ဈေးလျော့နည်းလာခြင်းဖြစ်ကြောင်း သိရသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက် ရှောက်ရွက်ဈေးကွက်

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးအပါအဝင် အခြားဈေး များတွင် ရှောက်ရွက်များ ရောင်းချနေကြောင်း သိရပါသည်။ ရာသီပေါ် ဟင်းသီးဟင်းရွက် သစ်သီးဝလံ များအပြင် ရှောက်ရွက် များလည်း ရောင်းချနေကြောင်း သိရပါသည်။ ရှောက်ရွက်များကို လူနေအိမ်ခြံဝန်းအတွင်းနှင့် ခြံစည်းရိုးများတွင် မြေပို၊ မြေကွက်လွတ်များတွင် စိုက်ပျိုးကြောင်းသိရ သည်။

    ရှောက်ရွက်သည် အိမ်ရှင်မများ၏ မီးဖိုချောင်သုံးအနေဖြင့် အဓိကဟင်းလျာမဟုတ်သော်လည်း ဖြည့်စွက်စာ အဖြစ် စားသုံးကြသည်။ အသုပ်စုံအမျိုးမျိုးနှင့် ငါးချဉ်၊ ပုဇွန်ချဉ်၊ နှမ်းဖတ်ချဉ်များ သုပ်စားရာတွင်လည်း အနံ့မွေးစေရန် ရှောက်ရွက်ကို ပါးပါးလှီးထည့်လေ့ရှိပါသည်။ ဟင်းရည်ပူ တွင်လည်း ထည့်၍ စားသုံးကြသည်။ရှောက်ရွက်ကို တို့စရာ အဖြစ် အစည်းလေးများပြုလုပ်ကာ ဈေးများတွင် ရောင်းချကြသည်။ ရှောက်ရွက်ကို တို့စရာအဖြစ်သာမက ကျန်းမာရေးအတွက်လည်း အထောက်အကူပြုသဖြင့် စားသုံးသင့်သည်။ ငွေကုန်ကြေးကျ အလွန်များသည့် ရောဂါများ ဖြစ်သော ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ၊ ကင်ဆာရောဂါတို့ကို ရှောက်ရွက်စားသုံးခြင်းဖြင့် ထိရောက်စွာ ကာကွယ်ပေးသော ဓါတ်စာဖြစ်ပါသည်။

      ရှောက်ရွက် ဈေးနှုန်းများမှာ ရှောက်အညွှန့် (၅)ညွှန့်ပါ (၁)စည်းလျှင် (၃၀၀)ကျပ်၊ (၂)စည်း (၅၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းသူ တစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ရောင်းချနေသည့် ဟင်းကပေါင်းသီး

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ မြို့မစည်ပင်သာယာဈေးကြီးအပါအဝင် အခြားဈေးများတွင် ဟင်းကပေါင်းသီးများ ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ပြည်မြို့၊ တောင်ခွေးရဲကျေးရွာတွင် ဟင်းကပေါင်းသီးများ လှိုင်လှိုင်ပေါ်ထွက်ပြီး ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။

          ဟင်းကပေါင်းသီးကို မိုးရာသီမှာသာ အများဆုံးရရှိတတ်သော သီးနှံတစ်မျိုးဖြစ်ပြီး စားလိုက်ရင်လည်း နူးညံ့ကာ ချိုဆိမ့်ပြီးအရသာရှိသောကြောင့် စားဖူးသူတိုင်း စွဲမက်ကြသည်။ ဟင်းကပေါင်းသီးကို ကြော်ချက်လေးချက် စားကြသလို အသားအမျိုးမျိုးနှင့်ရောပြီး ကြော်စားချက်စားကြပါသည်။

          ဟင်းကပေါင်းသီးဈေးနှုန်းများမှာ (၁၀)လုံး တစ်တွဲလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိ အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းမွှေး တစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် (၂၇၅၀)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ စားဖိုဆောင်စားကုန်များအနေဖြင့် ကြက်သွန်နီ (၁)ပိဿာလျှင် (၁၈၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းအသစ်) (၁)ပိဿာ လျှင် (၉၀၀၀)ကျပ်၊ ကုလားပဲ (၁)ပိဿာလျှင် (၆၇၀၀)ကျပ်၊ အာလူး (၁)ပိဿာလျှင် (၆၅၀၀)ကျပ်၊ ဆား(ချော) (၁)ပိဿာလျှင် (၁၈၀၀) ကျပ်၊ သကြား (၁)ပိဿာလျှင် (၄၉၀၀)ကျပ်၊ ငရုတ်ရှည် (၁)ပိဿာလျှင် (၁၁၅၀၀)ကျပ်၊ ငရုတ်ပွ (၁)ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ကြက်သား (CP)(၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ကြက်သား(ဒေသကြက်) (၁) ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ဝက်သား (၁)ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ အမဲသား (၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးကြင်း (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကြက်ဥ (၁)လုံးလျှင် (၃၆၀)ကျပ်၊ ဘဲဥ (၁)လုံးလျှင် (၄၁၀)ကျပ်၊ ငါးပိ (၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ ငါးတံခွန်ခြောက် (၁)ပိဿာလျှင် (၁၅၀၀၀)ကျပ် တို့ဖြင့် ဈေးနှုန်းများ တည်ငြိမ်လျှက်ရှိကြောင်း သိရပါသည်။         

DOCA(ပဲခူး)

ပြည်ဒေသထွက် ပဲစောင်းလျားသီးဈေးကွက်

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားသော ဈေးများတွင် ဟင်းသီး ဟင်းရွက်များရောင်းချသည့်အထဲမှ ပဲစောင်းလျားသီးများလည်း ရောင်းချနေကြောင်းသိရှိရပါသည်။ ပဲစောင်းလျား သီးကို မြန်မာနိုင်ငံ အနှံ့အပြား စိုက်ပျိုးကြပါသည်။ ပဲစောင်းလျားသီးအတောင့်ကို ဟင်းသီးဟင်းရွက် အဖြစ် အသုံးပြု ကြပြီး ပဲစောင်းလျားမြစ်ကိုတော့ ပဲမြစ်အဖြစ် လူတို့စားသုံးကြပါသည်။

          ပဲစောင်းလျားသီးများကို ဇွန်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးကြကြောင်းသိရသည်။ စိုက်ပျိုးပြီး ရက် (၁၀၀)ခန့် အကြာတွင် အသီးများ ခူးဆွတ်နိုင်ပြီဖြစ်သည်။ တစ်ဧက စိုက်ပျိုးလျှင် အသီးနု (၁၅၀၀ - ၂၀၀၀)ပိဿာအထိ ထွက်ရှိနိုင်ကြောင်း အမြစ်မှာ (၁၂၀၀ - ၁၇၀၀)ပိဿာအထိရရှိကြောင်းသိရပါသည်။ ယခု စက်တင်ဘာလ၊ ဒုတိယ ပတ်တွင် ပဲစောင်းလျားသီး (၁၀)တောင့်လျှင် (၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ ဈေးကွက် အခြေအနေ

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသီးနှံစိုက်ပျိုးမှုများတွင် နေကြာသီးနှံရိတ် သိမ်းမှုများသာကျန်ရှိနေသည့်အနေအထားကို တွေ့ရှိရပါသည်။ ဆောင်းမြေပဲအဖြစ် စိုက်မှုများ ကြားလိုက်၊ ပေါင်းပေါက်လုပ်ငန်းများဆောင်ရွက်နေမှုများကိုတွေ့ရှိလာရသည်။ သီးနှံပွဲရုံများသို့ နှမ်းဝင်ရောက်မှုနည်းပါးခဲ့ပြီး၊ မြေပဲဝင်ရောက်မှုအား‌ကောင်းနေဆဲရှိနေပါသည်။ နှမ်း(နက်)အနေ ဖြင့် မန္တလေးစျေးကွက်သို့တင်ပို့မှုအနည်းငယ်ရှိခဲ့ပြီး၊ မြေပဲ(လုံးဆံ)မန္တလေးနှင့် ရန်ကုန်သို့ တင်ပို့ မှုရှိခဲ့သည်ကိုတွေ့ရှိရပါသည်။ နှမ်း(နက်)စျေးနှုန်းမြင့်တက်မှုရှိခဲ့ပြီး၊ နှမ်း(နီ) စျေးနှုန်း တည်ငြိမ်ပါ သည်။ မြေပဲစျေးနှုန်းများတွင် အတောင့်၊အဆံစျေးနှုန်းများတည်ငြိမ်မှုရှိနေပါသည်။ စျေးကွက်များ သို့ဖြန့်ဖြူးမှုတွင်ပုံမှန်ကြိတ်ခွဲမှုရှိနေပြီး၊ မြေပဲကြိတ်ခွဲမှုအများဆုံးတွေ့ရှိရပါ သည်။ နဝလီကြိတ်ခွဲမှု လျော့ကျသွားခြင်းမရှိခဲ့ပါ။ ဆီစျေးနှုန်းများတည်ငြိမ်မှုရှိနေပြီး၊ မြေပဲဆီ (16000)ကျပ်၊ နှမ်းဆီ (16000)ကျပ်၊ နေကြာဆီ(18000)ကျပ် စျေးနှုန်းဖြစ်ပေါ်မှုကို‌ တွေ့ရပါသည်။ ဆီကြိတ်ဖတ် တင်ပို့ မှု  ရန်ကုန်နှင့် မန္တလေးသို့ စျေးကွက်များသို့တင်ပို့မှုရှိခဲ့ပြီး၊ မြေပဲဖတ် (5200)ကျပ်၊ နှမ်းဖတ် (3000)ကျပ်၊ နေကြာဖတ်(2100)ကျပ်တို့ဖြင့်စျေးနှုန်းဖြစ်ပေါ်နေမှုကို တွေ့ရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

မုံရွာမြို့ ကျောက္ကာလမ်းဘေးတစ်လျောက်ရှိ အုန်းသီးဈေးနှုန်း

     မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများ အဓိက ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  အုန်းပင်ကို  အရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလည်း ပြုလုပ်နိုင်ပါသည်။ အုန်းသီးအသားကို စားသောက်ကုန်အမျိုးမျိုး အသုံးပြုနေကြပြီး အုန်းစိမ်းရည်ကို ကျန်းမာရေးအရ ဆေးဖက်ဝင်အဖြစ် သောက်သုံးနေကြပြီးလည်း ဖြစ်ပါသည်။

   မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် စက်တင်ဘာလ ဒုတိယပတ်၌ ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်းရေသောက် အုန်းသီး အနု/အရင့် ပေါ်မူတည်၍  အုန်းသီး တစ်လုံးလျှင် (၂၅၀၀)ကျပ်မှ (၃၂၀၀)ကျပ်အထိ အကြီး/ အသေးပေါ်မူတည်၍ မုံရွာမြို့၊ ကျောက္ကာလမ်း‌ဘေးတစ်လျောက်တွင်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

        မုံရွာမြို့တွင်ရောင်းချလျက်ရှိသော ကုလားပဲနှင့် ပဲနီလေး‌ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်တွင် စားဖိုဆောင်သီးနှံများနှင့် ပဲအမျိုးမျိုးကို ကုန်ဆုံဆိုင်းများ၊ ရပ်ကွက်ဈေးများတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ပဲများကို စားသောက်ဆိုင်များနှင့် စီးပွားဖြစ်မုန့်လုပ်သူများက အများဆုံးဝယ်ယူလျက်ရှိကြောင်း သိရပါ သည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် မြို့ပေါ်တွင်ရောင်းချလျက်ရှိသော ကုလားပဲဈေးနှုန်းမှာ ၅၀ ကျပ်သားလျှင် (၃၆၀၀)ကျပ်ဖြင့်လည်ကောင်း၊ ၁ပိသာလျှင် (၇၂၀၀)ကျပ်ဖြင့်လည်ကောင်း ရောင်းချလျက်ရှိပြီး၊ ပဲနီလေးစျေးနှုန်းမှာ (၅၀) ကျပ်သားလျှင် (၇၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ (၁)ပိသာလျှင် (၁၅၀၀၀)ကျပ်ဖြင့်လည်ကောင်း ရောင်းချလျက်ရှိကြောင်း စျေး‌ရောင်းချသူများထံမှ သိရပါသည်။ကုလားပဲနှင့် ပဲနီလေးစျေးနှုန်းများကို ယခင်အပတ်နှင့် နှိုင်းယှဥ်ရာတွင် စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း တင်ပြအပ်ပါသည်။

DOCA(စစ်ကိုင်း)

 

ပြည်မြို့တွင် ရောင်းချနေသော ငါးခူဈေးနှုန်းဈေးကွက်

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရာသီပေါ် သီးနှံများ အသားငါးမျိုးစုံရောင်းဝယ်လျက်ရှိရာ ငါးခူငါးများလည်း အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်းသိရသည်။ ငါးခူများကို ပြည်မြို့နယ်အတွင်းရှိ ဖိုးခေါင်ရွာမှ ဝင်ရောက်ကြောင်းသိရ သည်။ ငါးခူငါးသည် ရေချို/ရေငန် နှစ်မျိုးစလုံးတွင် နေထိုင်သည်။ မြန်မာလူမျိုးတို့သည် ငါးခူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ကြသလို ငါးခူငပိချက်အဖြစ်လည်း စားသောက်ကြပါသည်။ ငါးခူများကို ငပိကောင်အဖြစ်လည်း ပြုလုပ်စားသောက်ကြပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၊ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ငါးခူဈေးနှုန်းများမှာ (၁၀)ကျပ်သားလျင် (၂၀၀၀)ကျပ်နှုန်းဖြစ်ပြီး (၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ငါးရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း