ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်မြို့နယ်တွင် ဒေသထွက်ခဝဲသီးများ အရောင်းအဝယ်သွက်နေ

     ယခုအချိန်သည် ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်တွင် ဒေသထွက် သီးနှံ နှင့် ကုန်စိမ်း များဖြစ်ထွန်းသည့် ရာသီဖြစ်သည့်အလျောက် ဇူလိုင်လအတွင်း၌တစ်ရက်လျှက် ဒေသထွက် ခဝဲသီးတောင့် (၄၀၀၀၀) မှ (၄၅၀၀၀) အထိ ဝယ်ယူမှုအားကောင်းလာကြောင်း ကုန်စိမ်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များထံမှသိရှိရပါတယ်။ ပုသိမ်မြို့ဒေသထွက် ခဝဲသီးများသည် အရည်အသွေးကောင်းပြီး သန့်ရှင်းလတ်ဆက်သည့်အတွက် ဒေသအတွင်း သာမက ရန်ကုန်ဈေးကွက်များအထိ အဝယ် လိုက်နေခြင်းဖြစ်ပြီး ခဝဲသီးတောင့်  (၁၀၀) လျှင် ငွေကျပ်(၂၅၀၀၀) အထိ  ပေါက်ဈေးရှိနေကြောင်း သိရှိရပါ တယ်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့ မှ ကြက်ဟင်းခါးသီးများအရောင်းအဝယ်သွက်နေ

   ယခုအချိန်သည် ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်တွင် ဒေသထွက် သီးနှံနှင့် ကုန်စိမ်းများဖြစ်ထွန်းသည့် ရာသီဖြစ်သည့်အလျောက် မတ်လအတွင်း၌တစ်ရက်လျှင် ဒေသထွက် ကြက်ဟင်း ခါးသီး (၄၅၀၀၀) မှ (၅၅၀၀၀) အထိ ဝယ်ယူမှုအားကောင်းလာကြောင်း ကုန်စိမ်း ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များထံမှသိရှိရပါတယ်။ ပုသိမ်ဒေသထွက် ကြက်ဟင်းခါးသီးများသည် အရည်အသွေး ကောင်းပြီး သန့်ရှင်းလတ်ဆက်သည့်အတွက် ဒေသအတွင်းသာမက ရန်ကုန်ဈေးကွက်များ အထိ အဝယ်လိုက် နေခြင်းဖြစ်ပြီး ကြက်ဟင်းခါးသီး အလုံးရေ(၁၀၀)လျှင် ငွေကျပ်(၁၉၅၀၀)အထိပေါက် ဈေးရှိနေကြောင်း သိရှိရပါ တယ်။

DOCA (ဧရာဝတီ)

ဩဂုတ်လ (တောင်သူ၊ စက်ပိုင်၊ ကုန်သည်) စပါး/ဆန် သိုလှောင်ထားရှိမှု အခြေအနေများ

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင်ထားရှိသူများ ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန် ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူလုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး မအူပင်မြို့နယ်အနေဖြင့် ၃၆လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီး ဖြစ်ပါသည်။

  မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင်ထားရှိရာလုပ်ငန်းများတွင် စပါး ဆန် လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေး အခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင်ကွင်ဆင်းအမှန်တကယ် သိုလှောင်မှုအခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ မအူပင်မြို့နယ် ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၁၅၄၈၉၅၄။ စက်ပိုင် စပါးတင်း ၁၈၈၅၀၀၊ ကုနသည် စပါးတင်း ၂၀၇၃၀၀ စုစုပေါင်း စပါးတင်း ၁၉၄၄၇၄၅ နှင့်၊ ဆန်လက်ကျန် တောင်သူ အိတ် ၈၀၀၊ ကုန်သည် ဆန်အိတ် ၄၄၀၀၊ စုစုပေါင်း ၅၂၀၀အိတ်ရှိကြောင်း မြို့နယ်ကွင်းဆင်းစစ်ဆေးခြင်းစာရင်းများအရ သိရသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့နယ်အတွင်း သံပုရာသီးဈေးနှုန်း အနည်းငယ်ကျဆင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ယခုလက်ရှိစိုက်ပျိုးထုတ်လုပ်မှု များပြား လာသည့် မိုးရာသီသီးနှံများထဲမှ သံပုရာသီး၏ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေးသမားများထံမှ ဈေးကွက်သို့ ပို့ဆောင်လာမှု ပိုမိုများပြားလာခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်ဟု ဈေးကွက်လုပ်ငန်းရှင်များက ဆိုသည်။ သံပုရာသီးသည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိပြီး သွေးတိုးရောဂါ၊ ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း၊ ကျောက်ကပ် ကျောက်တည် ခြင်းမှ ကာကွယ်ပေးခြင်း အပါအဝင် မောပန်းနွမ်းနယ်မှုကို ပြေလျော့စေသော ဂုဏ်သတ္တိများ ရှိသဖြင့် နေ့စဉ်စားသုံးသင့်သော သီးနှံတစ်မျိုးလည်း ဖြစ်သည်။

          လက်ရှိဈေးကွက်အခြေအနေအရ ပုသိမ်မြို့နယ်အတွင်းရှိ သီးနှံကုန်စိမ်းဒိုင်များတွင် သံပုရာသီး (၁)လုံးကို လက်ကားဈေး ကျပ် (၅၀) မှ (၆၀) အထိ အနည်းငယ်ကျဆင်းကာ ရောင်းချနေကြောင်း သိရပြီး၊ မြို့နယ်အတွင်းရှိ ဈေးကြီးများနှင့် ဈေးကွက်များတွင် လက်လီဈေးနှုန်းအနေဖြင့် ကျပ် (၇၅) မှ (၈၀) ကြား ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ယခုကဲ့သို့ ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာခြင်း သည် စားသုံးသူများအတွက် ကုန်စုံဈေးထက် သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်လာစေကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့၏ ပုစွန်ခြောက်ဈေးကွက် အခြေအနေ

     ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အတွင်းရှိ ဈေးကြီးများနှင့် ကုန်စည်ဒိုင်များတွင် ပုစွန်ခြောက်များ ပုံမှန်ရောင်းချလျက်ရှိပြီး ဒေသတွင်းထွက်နှင့် ရခိုင်ဘက်မှ တင်ပို့လာသော ပုစွန်ခြောက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။ ပုသိမ်မြို့သည် ပုစွန်ခြောက်ထုတ်လုပ်ရာ ဒေသအဖြစ် ထင်ရှားပြီး ဒေသတွင်းထွက် ပုစွန်ခြောက်များမှာ အရည်အသွေးကောင်းမွန်သည်ဟု နာမည်ကြီးသည်။ ပုစွန်ခြောက်သည် ရာသီမရွေး ပုံမှန်အရောင်းအဝယ်ဖြစ်သော ကုန်ခြောက် ပစ္စည်းတစ်မျိုးလည်းဖြစ်သည်။

    ၂၀၂၅ ခုနှစ် စက်တင်ဘာလကုန်ပိုင်းအတွင်း ပုသိမ်မြို့ဈေးကွက်တွင် ပုစွန်ခြောက် အကောင်ကြီးစား တစ်ပိဿာလျှင် ကျပ် ၁၅၅,၀၀၀ မှ ၁၆၀,၀၀၀ အထိ၊ အလတ်စား တစ်ပိဿာလျှင် ကျပ် ၁၂၅,၀၀၀ မှ ၁၃၀,၀၀၀ အထိ၊ အသေးစား တစ်ပိဿာလျှင် ကျပ် ၁၁၀,၀၀၀ မှ ၁၂၀,၀၀၀ အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။ ပုစွန်ခြောက်အသေးအမှုန့် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၉၅,၀၀၀ မှ ၁၀၀,၀၀၀ အထိ ရောင်းချလျက်ရှိပြီး ဟင်းခတ် အမွှေးအကြိုင်အဖြစ် နေ့စဉ်အသုံးပြုမှုများကြောင့် ဝယ်လိုအားကောင်းမွန်လျက်ရှိကြောင်း သိရသည်။

     ပုသိမ်မြို့ ကုန်စည်ဒိုင်တစ်ခုမှ ကုန်သည်တစ်ဦးက "ပုသိမ်ထွက် ပုစွန်ခြောက်တွေဟာ အရည်အသွေးကောင်းတဲ့အတွက် ပြည်တွင်းဈေးကွက်မှာရော နိုင်ငံတကာတင်ပို့မှုမှာပါ ဝယ်လိုအား မြင့်မားပါတယ်။ ယခုလအတွင်း ပုစွန်ခြောက်ဈေးနှုန်းများ တည်ငြိမ်မှုရှိပြီး ပုံမှန်အရောင်းအဝယ် ဖြစ်နေပါတယ်" ဟု ပြောကြားသည်။ ပုသိမ်မြို့မှ ပုစွန်ခြောက်များကို ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများသို့လည်းကောင်း၊ နိုင်ငံတကာဈေးကွက်များသို့လည်းကောင်း တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ်အတွင်း ပုဇွန်ထုပ်နှင့် ပုဇွန်ဆိတ်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်း ဩဂုတ်လ စတုတ္ထပတ်ကာလအတွင်း ပုဇွန်ထုပ်နှင့် ပုဇွန်ဆိတ်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း ဒေသခံငါးကုန်သည်များထံမှ သိရသည်။ ၂၀၂၅ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်အတွင်း မအူပင်မြို့နယ်ဈေးကွက်တွင် ပုဇွန်ထုပ် တစ်ပိဿာလျှင် ကျပ် ၆၃,၀၀၀ မှ ၆၅,၀၀၀ အထိ၊ ၅၀ ကျပ်သားလျှင် ကျပ် ၃၁,၅၀၀ မှ ၃၂,၅၀၀ အထိ ရောင်းချလျက်ရှိပြီး ပုဇွန်ဆိတ် တစ်ပိဿာလျှင် ကျပ် ၂၃,၀၀၀ မှ ၂၅,၀၀၀ အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ပုဇွန်ထုပ် ၁၀ ကျပ်သားလျှင် ကျပ် ၆,၃၀၀ မှ ၆,၅၀၀ အထိ၊ ပုဇွန်ဆိတ် ၅၀ ကျပ်သားလျှင် ကျပ် ၁၁,၅၀၀ မှ ၁၂,၅၀၀ အထိ ရှိပြီး ၁၀ ကျပ်သားလျှင် ကျပ် ၂,၃၀၀ မှ ၂,၅၀၀ အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။ မအူပင်မြို့နယ်အတွင်းရှိ ပုဇွန်ထုပ်များကို ရန်ကုန်မြို့မှ မှာယူရောင်းချလျက်ရှိပြီး ပုဇွန်ဆိတ်များကို ဒေသခံငါးဖမ်းသမားများထံမှ တိုက်ရိုက် ဝယ်ယူ ရောင်းချလျက်ရှိကြောင်း သိရသည်။

          မအူပင်မြို့နယ် ငါးကုန်သည်တစ်ဦးက "ယခုလအတွင်း ပုဇွန်ဈေးနှုန်းများ တည်ငြိမ် နေပါတယ်။ မိုးရာသီဖြစ်တာကြောင့် ပုဇွန်ထုတ်လုပ်မှု အနည်းငယ်လျော့နည်းသော်လည်း ဝယ်လိုအားလည်း ပုံမှန်အတိုင်းရှိနေတာကြောင့် ဈေးနှုန်းများ မြင့်တက်မလာဘဲ တည်ငြိမ် နေခြင်းဖြစ်ပါတယ်" ဟု ရှင်းပြသည်။ မအူပင်မြို့နယ်အတွင်းရှိ ဈေးများတွင် ပုဇွန်အရောင်း အဝယ်သည် ပုံမှန်ဖြစ်လျက်ရှိပြီး ဒေသခံများနှင့် စားသောက်ဆိုင်များမှ နေ့စဉ်ဝယ်ယူလျက် ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်အတွင်း ကြက်သွန်ဖြူဈေးနှုန်း အနည်းငယ်မြင့်တက်

     ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်း ဩဂုတ်လ စတုတ္ထပတ်ကာလအတွင်း ကြက်သွန်ဖြူဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။၂၀၂၅ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်အတွင်း ပုသိမ်မြို့နယ်ဈေးကွက်တွင် ကြက်သွန်ဖြူ ရှမ်းဥအလုံးကြီး တစ်ပိဿာလျှင် ကျပ် ၁၃,၅၀၀ မှ ၁၄,၅၀၀ အထိ၊ ဗမာဖြူ တစ်ပိဿာလျှင် ကျပ် ၆,၅၀၀ မှ ၈,၅၀၀ အထိ ရောင်းချလျက်ရှိရာ ယခင်ပတ်များနှင့်နှိုင်းယှဉ်ပါက ပိဿာလျှင် ကျပ် ၅၀၀ မှ ၁,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

          ကြက်သွန်ဖြူဗမာဖြူကို ၁၀ ကျပ်သားလျှင် ကျပ် ၈၅၀ မှ ၉၀၀ အထိ ရောင်းချလျက်ရှိပြီး ယခင်ပတ်ထက် ကျပ် ၅၀ မှ ၁၀၀ အထိ မြင့်တက်လာကြောင်း ဈေးသည်များက ဆိုသည်။ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများသည် အစားအသောက်ချက်ပြုတ်ရာတွင် အနံ့အရသာထွက်ရှိရန် ကြက်သွန်ဖြူကို အများဆုံးအသုံးပြုသည့်အတွက် နေ့စဉ်အရောင်း အဝယ်များ ရှိနေကြောင်း သိရသည်။

          ပုသိမ်မြို့နယ် ဟင်းသီးဟင်းရွက်ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက "ယခုလ အတွင်း ကြက်သွန်ဖြူဈေးနှုန်းများ အနည်းငယ်မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒေသ တွင်းထွက် ကြက်သွန်ဖြူထုတ်လုပ်မှု အနည်းငယ်လျော့နည်းလာပြီး ဝယ်လိုအားမြင့်မားနေ တာကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်နိုင်ပါတယ်" ဟု ရှင်းပြသည်။ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများတွင် ကြက်သွန်ဖြူအရောင်းအဝယ်သည် ပုံမှန်ဖြစ်လျက်ရှိပြီး နေ့စဉ်စားသုံးကုန်ပစ္စည်း ဖြစ်သည့် အတွက် ဝယ်လိုအားလည်း မပြတ်ရှိနေကြောင်း သိရသည်။

DOCA (ဧရာဝတီ)

 

ဟင်္သာတမြို့နယ်အတွင်း ပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်းများ အနည်းငယ်ကျဆင်း

    ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်သည် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာဒေသအဖြစ် ထင်ရှားပြီး ယခုလအတွင်း ပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်းများ အနည်းငယ်ကျဆင်းမှုရှိကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။ ၂၀၂၅ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်အတွင်း ဟင်္သာတ မြို့နယ်ဈေးကွက်တွင် ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် ကျပ် ၇၆,၀၀၀ မှ ၇၇,၀၀၀ အထိ၊ ပဲတီစိမ်း ထွက်တိုး အလုံးလှ တစ်တင်းလျှင် ကျပ် ၈၀,၀၀၀ မှ ၈၁,၀၀၀ အထိ ရောင်းချလျက်ရှိရာ ယခင် ပတ်များနှင့်နှိုင်းယှဉ်ပါက တင်းလျှင် ကျပ် ၁,၀၀၀ မှ ၂,၀၀၀ အထိ ဈေးနှုန်းကျဆင်းမှုရှိကြောင်း သိရသည်။

     မတ်ပဲဈေးနှုန်းများတွင်လည်း မတ်ပဲရိုးရိုး တစ်တင်းလျှင် ကျပ် ၇၄,၀၀၀ မှ ၇၅,၀၀၀ အထိ၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် ကျပ် ၇၉,၅၀၀ မှ ၈၀,၅၀၀ အထိ ရောင်းချလျက်ရှိရာ ယခင်ပတ်များထက် တင်းလျှင် ကျပ် ၁,၀၀၀ မှ ၂,၅၀၀ အထိ ဈေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။

    ဟင်္သာတမြို့နယ်ထွက် ပဲမျိုးစုံများကို ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ယခုလအတွင်း ဈေးကွက်ဝယ်လိုအား အနည်းငယ် လျော့နည်းမှုကြောင့် ဈေးနှုန်းများ ကျဆင်းရခြင်းဖြစ်ကြောင်း ဒေသခံ ကုန်စည်ဒိုင်များမှ သိရသည်။

    ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက "ယခုရာသီအတွင်း မိုးရာသီပဲသီးနှံများ ရိတ်သိမ်းချိန်နှင့် ကြုံတွေ့နေရပြီး ဈေးကွက်သို့ ပိုမိုဝင်ရောက်လာမှုကြောင့် ဈေးနှုန်းများ ယာယီကျဆင်းနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတခရိုင်အတွင်း မိုးရာသီ မြေပဲစိုက်ဧက တိုးမြင့်လာပြီး ဈေးကွက်တွင် စတင်ဝင်ရောက်လျက်ရှိ

     ဟင်္သာတခရိုင်အတွင်း ယခုနှစ် မိုးရာသီ မြေပဲသီးနှံကို ဧက (၂၅,၀၀၀) ခန့် စိုက်ပျိုးထားရှိပြီး စိုက်ဧက၏ (၂၅) ရာခိုင်နှုန်းခန့် ခူးဆွတ်ပြီးစီးကာ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

          ခရိုင်အတွင်းရှိ ဈေးများတွင် စက်တင်ဘာလကုန်ပိုင်းမှစ၍ ဒေသတွင်းထွက် မြေပဲအစို အတောင့် တစ်တင်းလျှင် ကျပ် (၂၅,၀၀၀) ခန့်၊ အခြောက်အတောင့် တစ်တင်းလျှင် ကျပ် (၃၀,၀၀၀) မှ (၃၅,၀၀၀) အတွင်း ရောင်းချလျက်ရှိသည်။ မြေပဲအဆံမှာ တစ်တင်းလျှင် ကျပ် (၁၂၃,၀၀၀) မှ (၁၂၈,၀၀၀) ထိ ရှိပြီး ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများသို့ တင်ပို့ရောင်းချမှုများရှိကြောင်း ဒေသခံ ပဲပွဲစားများက ဆိုသည်။

          စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက "ယခုနှစ်မှာ မိုးရွာသွန်းမှု မှန်ခဲ့တာကြောင့် မြေပဲအထွက်နှုန်း ကောင်းမယ်လို့ မျှော်မှန်းရပါတယ်။ ဒေသထွက် မြေပဲတွေဟာ အရည်အသွေးလည်းကောင်းမွန်တာကြောင့် ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအား ကောင်းမွန်နေပါတယ်" ဟု ရှင်းပြသည်။ ဟင်္သာတခရိုင်ထွက် မြေပဲများသည် အဆီပါဝင်မှုနှုန်း မြင့်မားကာ အရည်အသွေး ကောင်းမွန်သည်ဟု နာမည်ကြီးပြီး ပြည်တွင်းသာမက နိုင်ငံတကာတင်ပို့မှု အတွက်ပါ ဝယ်လိုအားမြင့်မားလျက်ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်အတွင်း ဒေသထွက်ငပိများ ဈေးကွက်တည်ငြိမ်

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး ငါး၊ ပုစွန် အစရှိသော ရေထွက်ပစ္စည်းများ ပေါကြွယ်ဝသဖြင့် ဒေသထွက်ငပိများကို ထုတ်လုပ်ရောင်းချ သည့် စက်ရုံကြီးများနှင့် အိမ်တွင်းလက်မှုလုပ်ငန်းငယ်များ အကြီးအကျယ်လုပ်ကိုင်လျက်ရှိသည်။ ပုသိမ်ငပိသည် ဈေးကွက်တွင် အရည်အသွေးကောင်းမွန်သည်ဟု နာမည်ကျော်ကြားပြီး ပြည်တွင်းဈေးကွက်အတွင်း ဝယ်လိုအားမြင့်မားသည့် ကုန်ပစ္စည်းတစ်ခုဖြစ်သည်။ ပုသိမ်ငပိကို ဒေသခံများက ဟင်းချက်ရာတွင် အဓိကဟင်းခတ်အမွှေးအကြိုင်အဖြစ်သာမက ငပိကြက်သွန်ဖြူ ထောင်း၊ ငပိရည်ချက် စသည့် တို့စရာများအဖြစ်လည်း အမျိုးမျိုးသုံးဆွဲကြသည်။ ဒေသထွက်ကုန် ဖြစ်သောကြောင့် ဈေးနှုန်းအနေဖြင့်လည်း စားသုံးသူများ ဝယ်ယူနိုင်သည့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချနေကြောင်း သိရသည်။

          လက်ရှိဈေးကွက်အခြေအနေအရ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးကြီးများနှင့် ကုန်စိမ်းဒိုင် များတွင် ပုသိမ်ဒေသထွက် ငပိအရည်အသွေးအမျိုးမျိုး၏ လက်ကားဈေးနှုန်းများမှာ ငပိအမျိုး အစား (ပုစွန်ငပိ၊ ငါးငပိ) အရည်အသွေးမြင့် - ကျပ် ၁၀,၀၀၀ မှ ၁၂,၀၀၀ (တစ်ပိဿာ) အရည် အသွေးသင့်- ကျပ် ၇,၀၀၀ မှ ၉,၀၀၀ (တစ်ပိဿာ) လက်လီဈေးနှုန်း အရည်အသွေးမြင့် - ကျပ် ၁၃,၀၀၀ မှ ၁၅,၀၀၀ (တစ်ပိဿာ) အရည်အသွေးသင့် - ကျပ် ၉,၀၀၀ မှ ၁၁,၀၀၀ (တစ်ပိဿာ) ပုသိမ်ငပိများကို ဒေသခံများသာမက အနီးအနားရှိ မြို့နယ်များဖြစ်သော ဟင်္သာတ၊ မြောင်းမြ၊ မအူပင် စသည့်မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိပြီး ဝယ်လိုအားကောင်းမွန်နေသောကြောင့် ထုတ်လုပ်သူများအတွက် ဈေးကွက်တည်ငြိမ်မှုရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း