ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ရာသီစာထောပတ်ပဲများ အရောင်းအဝယ်သွက်

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ထောပတ်ပဲများကို စိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲအစိုများကို ကန့်ဘလူမြို့မ ဈေးတွင်ရောင်းချကြောင်း ၊ ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ထောပတ်ပဲစို(၁)ပြည်လျှင် ၅၅၀၀ ကျပ်၊ ထောပတ်ပဲနို့ဆီဗူး(၂)ဗူးလျှင် ၁၃၀၀ကျပ်နှင့် ထောပတ်ပဲနို့ဆီဗူး(၁)ဗူးလျှင် ၇၀၀ကျပ် ဖြင့်ရောင်းချကြောင်း၊ ရာသီစာဖြစ်သည့်အတွက် ထောပတ်ပဲအစိုများ အရောင်းအဝယ်သွက်လျက် ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်နီဈေးနှုန်း

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင် တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့်အခြားကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီများစိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ မြစ်သားကြက်သွန်နီ အလုံးသေးတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ အလုံးကြီးတစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့် တက်လာကြောင်း ကြက်သွန်နီရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကွမ်းသီးဈေးနှုန်း၊ဈေးကွက်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကွမ်းသီးများကို ကန့်ဘလူ ခရိုင်အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် ၊ ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် ကန့်ဘလူခရိုင်၏ ကွမ်းသီးစိတ်ဈေးနှုန်းများ မှာအရည်အသွေးပေါ်မူတည်၍ ကွမ်းသီးစိတ်လက်ကားဈေး(ရှယ်)တစ်ပိဿာလျှင် (၁၈၅၀၀)ကျပ်၊ လက်လီဈေး(ရှယ်)တစ်ပိဿာလျှင်(၁၉၅၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်)တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ကွမ်းသီးစိတ် (ရှယ်)လက်လီ/လက္ကားဈေးမှာ (၅၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်)တစ်ပိဿာလျှင် (၂၀၀၀)ကျပ် မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်ရှိဆိုင်များနှင့်ကျေးရွာများ၊ ကျွန်းလှမြို့ နယ်သို့ လက်လီ/လက္ကားဖြန့်ဖြူးလျက်ရှိကြောင်း  ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကွမ်းသီးစိတ် ရောင်းဝယ်ရေး လုပ်ငန်းရှင်၏ပြောပြချက်အရ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကွမ်းဈေးနှုန်း

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

          ယခုလိုဆောင်းရာသီတွင် ကွမ်းရွက်များအထွက်နည်းလာကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဖေဖေါ်ဝါရီ လဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေး ပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ၁၄၅၀၀-၁၅၀၀၀ကျပ် ၊ ကွမ်းရွက်(ကြီး)တစ်ပိဿာ လျှင် ၅၈၀၀ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် ၄၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်အပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှင့်နှိုင်ယှဉ်ပါက ယခုလဒုတိယ ပတ်အတွင်း ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ၅၀၀ကျပ်၊ အခြားကွမ်းရွက်ဈေးနှုန်းမှာ ၃၀၀ကျပ် ပြန်လည်မြင့်တက်လာကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဘိလပ်စေ့သီးနှံဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ဘိလပ်စေ့သီးနှံများလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ ဘိလပ်စေ့တစ်တင်းလျှင် (၅၆၇၀၀)ကျပ်၊ ဘိလပ် စေ့အညံ့တစ်တင်းလျှင်(၅၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ဘိလပ်စေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များ သို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

ဘိလပ်စေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်း၊ ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် အပိုဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်အတွင်းအရောင်းသွက်နေသောစတော်ဘယ်ရီသီး

           စတော်ဘယ်ရီသီးကို ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့၊ဆီဆိုင်၊ဆိုက်ခေါင်နှင့်မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် တို့တွင်အများဆုံး စိုက်ပျိုးကြပြီး အခြားဒေသများတွင်လည်း တစ်နိုင် တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စတော်ဘယ်ရီသီး အမျိုးအစားများမှာ အမာသီး၊ ချိုမွှေးသီး နှင့်ထိုင်ဝမ်သီး ဟူ၍(၃)မျိုးရှိပြီး လွိုင်ကော်မြို့ သီရိ မဂႅလာယာယီဈေးတွင် အမျိုးအစား (၃)မျိုးလုံးကိုရောင်းချလျှက်ရှိပါသည်။  လွိုင်ကော်မြို့ သီရိမဂႅလာယာယီဈေးတွင် ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၂၄၀၀၀)မှ(၂၈၀၀၀)ကျပ်အထိဈေးနှုန်းအစားစားရှိပြီး ယခုအချိန်တွင် ဈေးကွက်အတွင်း၌ အရောင်းသွက်နေသော သစ်သီးဝလံအမျိုးအစားထဲတွင်ပါဝင်ကြောင်း သီရိမဂႅလာယာယီ ဈေးတွင်ရောင်းချနေသော ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

          ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၃၂၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kgတစ် အိတ်လျှင် (၁၁၂၀၀၀)ကျပ်၊ အာမို၊ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ(50)kg တစ်အိတ်လျှင်(၁၇၉၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီတစ်ဘူးလျှင် (၁၈၀၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီ တစ်ဘူးလျှင်(၄၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းများဈေးနှုန်းအခြေအနေ

          ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများမှာ ရန်ကုန်မြို့ မှမှာယူရောင်းချကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန် ပစ္စည်းဈေးနှုန်းများမှာ ပုဇွန်ခြောက်(အချို)(၁)ပိဿာလျှင် (၈၀၀၀၀မှ၉၂၀၀၀)ကျပ်၊ ငါးပုတ်သင် ခြောက်(၁)ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငါးကြီးသားခြောက်(၁)ပိဿာလျှင် (၈၄၀၀၀)ကျပ်၊ မြီးဆံ သွယ်ခြောက်အငံ(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ မြီးဆံသွယ်ခြောက် (အချို)(၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ငါးနီတူခြောက်(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ လသာခြောက်(အချို)(၁)ပိဿာ လျှင် (၁၉၀၀၀)ကျပ်၊ ငါးရောင်ခြောက်(၁)ပိဿာလျှင် (၃၁၀၀၀)ကျပ်၊ ပလာတူးခြောက်(အချို)(၁) ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ အသားမျှင်ခြောက်(၁)ပိဿာလျှင် (၄၃၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခုအခါ အလှူအတန်းများပြုလုပ်ရာတွင် ရေထွက်ကုန်ပစ္စည်းများကို အသုံးပြုကြသဖြင့်အရောင်း အဝယ်သွက်လျက်ရှိကြောင်း ကန့်ဘလူမြို့၊မြို့မဈေးအတွင်း ငါးခြောက်ရောင်းချသည့် လုပ်ငန်းရှင် ထံမှသိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ဒေသထွက် ခရမ်းကဆော့သီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ခဆော့ပင် များကို စိုက်ပျိုးကြကြောင်း၊ ခရမ်းကဆော့သီးများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ခရမ်းကဆော့သီး(၁)ပြည်လျှင် (၃၈၀၀)ကျပ်၊ ခရမ်းကဆော့သီး(၁)ဘူးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊  ခဆော့သီးများကို ဒယ်အိုးထဲထည့် လှော်ပြီးသုပ်စားခြင်း၊ အစိမ်းလိုက်အခြမ်းလေးခြမ်းပြီး ချက်စားခြင်းများပြုလုပ်၍ စားသုံးကြ ကြောင်း၊ ယခုအခါ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များမှ အများဆုံး ဝယ်ယူကြသဖြင့် ခရမ်းကဆော့သီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် ကင်းပုံသီးဈေးနှုန်းအခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော စားတော်ပဲ၊ ထောပတ်ပဲ၊ ကန့်လန့်ဖူး၊ မုံညင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်းပုံ သီးမှာအချိုမျိုးနှင့် အခါးမျိုးနှစ်မျိုးရှိပြီး ၊အချိုမျိုးသည် အသီးနှင့်အရွက်  နှစ်မျိုးစလုံး စားသုံးနိုင် ကြောင်း၊ ကင်းပုံသီးများကို ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ကင်းပုံသီးများကို ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝယ်ယူ၍ရောင်းချလျက်ရှိ ကြောင်း၊ ကင်းပုံသီးများကို နို့ဆီဘူး (၁)ဘူးလျှင် (၃၀၀)ကျပ်၊ နို့ဆီဘူး(၂)ဘူးလျှင် (၅၀၀)ကျပ်၊  (၁) ပြည်လျှင် (၂၀၀၀)ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှသတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း