ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ‌ရွှေဖရုံသီး နှင့် ဘူးသီး

Powered by Drupal

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိပြီး ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ ဈေးကွက်အတွင်းရှိ ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း ဘူးသီးဈေးနှုန်းအနေဖြင့် ဘူးသီး(အကြီး)စ်လုံးလျှင်(၃၅၀၀)ကျပ်ထိ ၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၂၀၀၀ /၂၅၀၀) ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် ဘူးသီးဈေး အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)