
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ဆန်၊စပါး စျေးနှုန်းများမှာ ဧရာပဒေသာစပါးဟောင်း(၄၆)ပေါင်ကိုက် တစ်တင်းလျှင်(၂၈၀၀၀/-)ကျပ်၊ မနောသုခ စပါးဟောင်း (၄၆)ပေါင်ကိုက် တစ်တင်းလျှင်(၁၇၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပါ သည်။ဒေသတွင်း ထွက်ရှိမှုအနေဖြင့် ဒေသဝမ်းစာဖူလုံမှုမရှိပါသဖြင့်ဆန်ကိုပြည်တွင်းအခြားမြို့နယ်များမှဝယ်ယူသိုလှောင်ရောင်းချပေးရသော မြို့နယ်ဖြစ်ပြီး ဆန်စျေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင်(၁၅၅၀၀၀/-)ကျပ်၊ မနောသုခဆန်(သစ်) တစ်အိတ်လျှင် (၅၂၀၀၀/-)ကျပ်၊ မနောသုခ(ဟောင်း) တစ်အိတ်လျှင်(၆၅၀၀၀/-)ကျပ် ၊ မနောသုခဖန်သီး(သစ်) တစ်အိတ်လျှင်(၆၅၀၀၀/-)ကျပ် ၊ မနောသုခဖန်သီး (ဟောင်း) တစ်အိတ်လျှင်(၈၅၀၀၀/-)ကျပ် ၊ ဧရာပဒေသာ မြောင်းမြ(ဟောင်း) တစ်အိတ်လျှင်(၁၂၀၀၀၀/-)ကျပ် ၊ ဧရာပဒေသာ (ကျောက်ဆည်) တစ်အိတ်လျှင်(၁၃၀၀၀၀/-)ကျပ် ၊ ဧရာမင်း(ကနန်) (ဟောင်း) တစ်အိတ်လျှင်(၁၃၅၀၀၀/-)ကျပ် ၊ ဧရာမင်း(ရွှေဘို) တစ်အိတ်လျှင် (၁၃၀၀၀၀/-)ကျပ် ၊ မဂျမ်းတော (ကျောက်ဆည်) တစ်အိတ်လျှင် (၁၃၀၀၀၀/-)ကျပ် (အရှေ့တော) (၁၄၀၀၀၀/-)ကျပ်၊ ၇၄၇ ဆန်(သစ်) တစ်အိတ်လျှင်(၅၀၀၀၀/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း စျေးကွက်သတင်းအရသိရှိရပြီး အရောင်းအဝယ် အေးကြောင်းသိရှိရပါသည် ။ ယခုနှစ် ဆန်စျေးနှုန်းများမှာ ယခင်နှစ်ကာလတူ စျေးနှုန်းထက် အနည်းငယ်ကျဆင်းကြောင်း တွေ့ရှိရပါသည် ။ တံတားဦးမြို့နယ် စပါးဟောင်းများမှာ စျေးဖွင့် ထားရှိသော်လည်း အရောင်းအဝယ်မရှိပါ ။ ပြန်လည်တင်ပို့ရောင်းချမှုအနေဖြင့် ယခင်နှစ်က ငါန်းဇွန်မြို့နယ်နှင့်ကျေးရွာများသို့ တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း ယခုနှစ်တွင် တင်ပို့ရောင်းချနိုင်မှု မရှိပါကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
