ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နတ်တလင်းမြို့မှကွမ်းရွက်စျေးနှုန်း

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကွမ်းကိုစီးပွားဖြစ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ ကွမ်းစိုက်သူများအနေဖြင့် ကွမ်းခြံစိုက်မည့်နေရာကို နွားချေး၊ မြေဆွေးများထည့်ကာ မြေပြုပြင်ပေးရသည်။ အမြင့်(၄)လက်မနှင့် အကျယ်(၂)ပေရှိဘောင်များ ပြုလုပ်ပေးရသည်။ ကွမ်းခြံတစ်ပိုင်တစ်နိုင်စိုက်သူများအနေဖြင့် ပေါက်ပြားဖြင့်ကွမ်းဘောင်များ ပြု လုပ်ပေးရသည်။ ကွမ်းခြံဆောက်လုပ်ရာတွင် ဝါးလုံးအကြီးများကိုတိုင်အဖြစ်အသုံးပြုပြီး ကွမ်းစိုက် တိုင်များကိုလည်း ဝါးလုံးအသေးများဖြင့်လည်းကောင်း ၊ ဝါးလုံးအကြီးများကို ခြမ်း၍လည်းကောင်း စိုက်ပျိုးကြသည်။ ကွမ်းခြံစင်ကိုလည်း အမြင့်(၇)ပေ (၈)ပေအထိဆောက်လုပ်ကြကြောင်း၊ နေပူဒဏ် မှကာကွယ်ပေးရန် အမိုးအကာများကို အုန်းလက်၊အမိုးအစိမ်း၊ အမိုးအမည်းများ အသုံးပြုရကြောင်း နှင့် ကွမ်းအမျိုးအစားများမှာ ကွမ်းနုဝါနှင့် ကွမ်းစိမ်းဟူ၍ (၂)မျိုးရှိသော်လည်း ကွမ်းနုဝါကိုအများဆုံး အသုံးပြုကြောင်း သိရပါသည်။

          ကွမ်းညွှန့်များကိုမိမိတို့နှစ်သက်ရာခြံမှ မျိူးဝယ်ယူကာ စိုက်ပျိုး‌လေ့ရှိကြသည်။ ကွမ်းနုဝါတစ် ညွှန့်လျှင် လက်ကားစျေး (၅၀၀)ကျပ်ခန့်ဖြင့် ဝယ်ယူကာ စိုက်ပျိုးကြရသည်။ ကွမ်းဘောင်အပေါ်ရှိ မြောင်းအရှည်အတွင်း၌ နှစ်ဆစ်မြုပ်ထည့်ကာ မြေဖုံး၍စိုက်ပျိုးပေးရကြောင်း၊ ကွမ်းညွှန့်အဖျား ပိုင်းကို ခပ်ကွေးကွေးအနေအထားဖြင့် ကွမ်းတိုင်တွင်ကွမ်းညွှန့်များ ထောင်မတ်နေသည့်ပုံစံဖြင့် ချည်ပေးရသည်။ ကွမ်းညွှန့်များကို စိုက်နည်းကွာခြားသော်လည်း တစ်ပင်နှင့်တစ်ပင်ကွာခြားချက်မှာ တစ်ပေခန့်သာရှိကြောင်း၊ ကွမ်းပင်များရေလောင်းရာတွင် ရေဖျန်းပုံးဖြင့်ဖျန်းလေ့ရှိသည်။ ကွမ်း စိုက်ပျိုးပြီး(၄)အကြာတွင် စတင်ခူးဆွတ်နိုင်ပါသည်။ မိုးရာသီနှင့်ဆောင်းရာသီတွင် (၁၀)ရက် တစ်ကြိမ်ခူးရသော်လည်း နွေရာသီတွင် ရာသီဥတုအပူဒဏ်ကြောင့် (၁၅)ရက်ကို တစ်ကြိမ်သာ ခူးရပါသည်။ ကွမ်းခူးပြီးလျှင် (၁၅)ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာနှင့် မှိုဆေးများကို ဖျန်းပေး ရသည်။ မြေအနေအထားပေါ်မူတည်၍ ၃နှစ်မှ၅နှစ်အထိထားလေ့ရှိကြောင်း သိရပါသည်။ စိုက်ပျိုး ကုန်ကျစရိတ်အနေဖြင့် ကွမ်းခြံတစ်ပိုင်တစ်နိုင်စိုက်သူများအနေဖြင့် ကွမ်းတိုင်(၅၀၀)စိုက်လျှင် စုစုပေါင်းကုန်ကျစရိတ်မှာ ငွေကျပ်(၈)သိန်းခန့်ကုန်ကျကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရပါသည်။ ကွမ်းနုဝါစျေးနှုန်းများမှာနိုဝင်ဘာလပထမအပတ်တွင်(၁၀၀၀၀)ကျပ်အထိရှိပြီး နိုဝင် ဘာလဒုတိယအပတ်တွင် (၁၂၀၀၀)ကျပ်အထိ စျေးနှုန်းမြင့်တက်လာကြောင်းသိရပါသည်။ မိုးရာသီ တွင်ကွမ်းအထွက်နှုန်း တိုးသော်လည်း မိုးများလျှင် ရောဂါပိုးကျရောက်လာသည့်အတွက် အထူး ဂရုစိုက်ရပါ‌ကြောင်း ဆောင်းရာသီနှင့်နွေရာသီတွင် အထွက်နှုန်းနည်းသွားသည့်အတွက် စျေးနှုန်းမြင့် တက်လာကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ဇီးကုန်းမြို့နယ်တွင် ကြောင်လျှာသီး (အနု)နှင့် ကြောင်လျှာသီး (အရင့်)များ အဝယ်လိုက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ၊ ဇီးကုန်းမြို့နယ်ရှိ  ကြောင်လျှာသီးသီးနှံ ဈေးကွက် မှာ ဈေးနှုန်းမြင့်တက်နေကြောင်း ကြောင်လျှာသီး ဝယ်ယူရောင်းချနေသူ ထံမှသိရပါသည်။ ကြောင်လျှာ သီး ဈေးကွက်အတွင်းတွင် အသီးနုသာမက အသီးရင့်များကိုပါ ဝယ်ယူမှုများရှိကြောင်း သိရပါသည်။

ဈေးကွက်အတွင်း အသီးနုကို စားသုံးရန်အတွက် ရောင်းဝယ်နေသလို စားလို့ မရတော့တဲ့ ကြောင်လျှာသီး အရင့်များကိုလည်း ကြောင်လျှာသီးအရင့်ကနေ ကြောင်လျှာဆံထုတ်ရန် ဝယ်ယူမှု များရှိပြီး ကြောင်လျှာသီး အရင့်တစ်တောင့်လျှင် ၁၅၀ကျပ်၊ အနုတောင့် တစ်တောင့်လျှင် (၃၀၀ကျပ် မှ၄၀၀ကျပ်)၊ ကြောင်လျှာဆံ နေလှမ်းပြီးသား တစ်ပိဿာလျှင် (၁၅၀၀၀ကျပ်)နှုန်း ရှိကြောင်း သိရပါသည်။ ကြောင်လျှာသီး အထဲရှိအဆံကို ယခင်နှစ်က   ထိုင်းမှဝယ်ယူမှုရှိပြီး ယခုနှစ် တရုတ် ဘက်မှ ဝယ်ယူ၍ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ် ဝယ်ယူခြင်းဖြစ်ကြောင်း သိရပါ သည်။ အသီးနုကိုတော့ ဒေသတွင်းနှင့် ရန်ကုန်မြို့ တညင်းကုန်းဈေးသို့ တင်ပို့ရောင်းချ ကြောင်းသိရှိ ရပါသည်။  မြန်မာနိုင်ငံတွင် ကြောင်လျှာသီးကို စားစရာဟင်းလျှာ အဖြစ်လည်းကောင်း၊ ဆေးဝါး ဓာတ်စာအဖြစ်လည်းကောင်း၊ စားသုံးလေ့ရှိပြီး စီးပွားဖြစ်စိုက်ခင်းများအနေဖြင့် စိုက်ပျိုးမှုမရှိ သလောက်ရှားပါးပြီး တစ်ပိုင်တစ်နိုင်သာ စိုက်ပျိုးကြကြောင်းသိရသည်။    

DOCA(ပဲခူး)

လက်ပံတန်းမြို့ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းများ

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကန်ကြီးတန်းလမ်းရှိကိုရဲကြီးစိုက်ပျိုး ရေးဆေးအရောင်းဆိုင်သို့ (၂၆.၂.၂၀၂၅) ရက်နေ့မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတစ်ဦးဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     တောင်သူအများသုံးဓာတ်မြေဩဇာများဖြစ်သော 50kgတစ်အိတ်ဈေးနှုန်းမှာ မြင်းရိုင်းတံဆိပ် ၁၁၀၀၀၀ကျပ်၊ယူရီးယား(မြင်းပျံတံဆိပ်)၁၁၀၀၀၀ကျပ်၊ပုလဲ(MPE)ကျပ် ၁၁၀၀၀၀၊အာမို ၁၅:၁၅:၁၅ ကျပ် ၁၃၅၀၀၀၊မြန်မာရွှေနဂါး ကျပ် ၁၁၀၀၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပါကြောင်း သိရပါသည်။

       ပိုးသတ်ဆေးဈေးနှုန်းအနေဖြင့် ရှောင်လင် (ထိသေ) (500 cc) တစ်ဘူးလျှင် ကျပ်၄၀၀၀၀၊ ဂလိုင်ဖောက် (ပေါင်းသတ်ဆေး) ၄လီတာ တစ်ဘူးလျှင် ကျပ် ၇၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေ ပါကြောင်းသိရပြီး သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော တရားဝင်ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကိုသာ ရောင်းချရန်လုပ်ငန်းရှင်အား အသိပေးပြောကြား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ဈေးကွက်အတွင်း၌ဈေးငြိမ်နေတဲ့ဂျင်းနှင့်ကြက်သွန်ဖြူ

          ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ဂျင်း ဈေးနှုန်းများမှာ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ဂျင်း (၁၀)ကျပ်သားလျှင် ၁၀၀၀ ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင်လည်း ၁၀၀၀ ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းများ အတက် အကျ မရှိယခင်လ ဈေးနှုန်း အတိုင်း ဈေးငြိမ်နေပါသည်။         

          ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဇန်နဝါရီလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၂၂၀၀ ကျပ်၊ယခု  ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ၁၈၀၀ ကျပ်ဈေးနှုန်းဖြင့် ဈေးအနည်းငယ်ကျဆင်းလျက်ရှိပါသည်။

          ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့်  ဇန်နဝါရီလနောက်ဆုံးပတ်တွင် (၁၀) ကျပ်သားလျှင် ၂၀၀၀/ ကျပ်ပေါက်ဈေးရှိနေပြီး ယခုဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) ၁၀ကျပ်သားလျှင် ၁၅၀၀/ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်ဖြူဥ တစ်လုံးဈေးကွက်လည်းရှိ နေပြီး တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်အတွင်း မတ်ပဲဈေးနှုန်းနှင့်စီးထွက်မှု

          ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ ၂၀၂၅ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်တွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၉၉၀၀၀) ကျပ်မှ အမြင့်ဆုံး (၁၀၀၀၀၀) ကျပ်ထိရှိပြီး ယခုဖေဖော်ဝါရီလနောက်ဆုံးသတင်းပတ်မှာတော့ ပိဿာ(၂၀) တစ်တင်း ကို(၉၅၀၀၀) ကျပ်ခန့်မှ(၉၆၈၀၀)ကျပ်ထိရှိပါသည်။ စီးထွက်မှုအနေဖြင့်  ဖေဖော်ဝါရီလနောက်ဆုံး သီတင်းပတ်အတွင်းထိ (၁၃၆၂၀၀) အိတ်ခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ 

DOCA(ပဲခူး)

 

လက်ပံတန်းမြို့ဖွဲ့နုဈေးကွက်အခြေအနေ

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိက အစားအစာသည် ဖွဲနုများဖြစ်သည်။သာယာဝတီခရိုင်အတွင်းရှိဆန်စက်များကြိတ်ခွဲ ထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိ ကြောင်း နှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။ဇန်နဝါရီလနောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၃၂၀ ကျပ်ဖြစ်ပြီး၊ဖွဲနု ၆၅ ပေါင်တစ်အိတ် လျှင် ၂၀၈၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ် တွင် ဖွဲနုတစ်ပေါင် ၃၃၀ ကျပ်ပေါက်ဈေးသာရှိနေကြောင်း၊ဖွဲနု ၆၅ ပေါင် တစ်အိတ်လျှင် ၂၁၄၅၀ ကျပ် ဈေးဖြင့်လက်လီရောင်းချရကြောင်း၊ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လနှင့်ယခုလ ဈေးနှုန်း နှိုင်းယှဉ်ပါ ကဒေသတွင် လိုအပ်ချက်များသောကြောင့် ဈေးနှုန်းသည် အတက်ဘက်သို့ ဦးတည် သွားပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိ ငှက်ပျောသီးဈေးကွက်

          ပြည်မြို့နယ်အတွင်း ငှက်ပျောပင်များအား စီးပွားဖြစ်တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာဒေသများမှာ သစ်ချီတင်ရွာ၊ ရှမ်းစုရွာများတွင် အများအပြားစိုက်ပျိုးကြပါသည်။ ငှက်ပျောပင်အား စိုက်ပျိုးရာတွင် အချို့ကျေးလက်နေသူများမှာ မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံမြေများ၏ ဘေးပတ်လည်၊ နောက်ဘေး စသည့် နေရာများတွင် တစ်ပိုင်တစ်နိုင်အဖြစ် ငှက်ပျောပင် (၂၀-၅၀)ခန့် စိုက်ပျိုးထားကြပါသည်။ ငှက်ပျောပင်ကို စီးပွားဖြစ် စိုက်ပျိုးသည့် ဉယျာဉ်ခြံများတွင် တစ်ဧကစိုက်ပျိုးလျှင် ငှက်ပျောပင် တစ်ပင်နှင့်တစ်ပင် အကွာအဝေးမှာ ၁၀ပေခြား၏ စိုက်ပျိုးရပါသည်။ စိုက်ပျိုးသည့် ငှက်ပျော အမျိုးအစားများမှာ ဒေသအခေါ် ရခိုင်ငှက်ပျောသီးနှင့် ဖီးကြမ်းငှက်ပျောသီးများ ဖြစ်ကြပါသည်။ ဈေးနှုန်းအနေဖြင့် ရခိုင်ငှက်ပျောသီး တစ်ဖီးလျှင် (၂၀၀၀)ကျပ်၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် (၂၅၀၀-၃၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်းရောင်းချလျက်ရှိပါသည်။ သစ်ချီတင်ရွာနှင့် ရှမ်းစုရွာများမှ ထွက်ရှိသော ငှက်ပျောသီးများကို ပြည်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေး၊ မြို့သစ်ဈေး၊ အောင်မင်္ဂလာဈေးတို့တွင် ရောင်းချပြီး ပြည်မြို့မှတစ်ဆင့် ရန်ကုန်မြို့နှင့် နေပြည်တော်စသည့် မြို့ကြီးများသို့ လည်း တင်ပို့ရောင်းချကြပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ ပန်းဂေါ်ဖီစိမ်းဈေးနှုန်းဈေးကွက်

          ပြည်မြို့နယ်တွင် ပန်းဂေါ်ဖီစိမ်းများကို ပန်းဂေါ်ဖီအဖြူကဲ့သို့ အအေးကြိုက်ကြပါသည်။ စက်တင်ဘာလ တွင် စတင်စိုက်ပျိုးပြီး ဆောင်းရာသီရိုးရိုးပန်းဂေါ်ဖီများပေါ်ချိန်တွင် ထွက်ပေါ်ကြ ပါသည်။ အေး၍ခြောက်သွေ့ သောဒေသများတွင် ပန်းဂေါ်ဖီအစိမ်းမှာ အပင်သက်တမ်း(၁၁)လခန့် အထိကြာမြင့်သည်ဟုသိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးသည့် နေရာများမှာ အောင်ဆန်း ပြည်သာယာဘက်ရှိ ဉယျာဉ်ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ သဲဆန်သော နုန်းမြေများတွင် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့အနေဖြင့် ပေါင်ဝက်ခန့် လိုအပ်သည်ဟုသိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းကို စိုက်ပျိုးပြီး ၂လခွဲ ၃လအကြာတွင် စတင်ခုတ်ယူနိုင်ပြီး အချိန်မှီမခုတ်ပါက ပန်းပွင့်မှာ အရောင်ပြောင်းသွားသည်ဟုသိရပါသည်။ ပန်းဂေါ်ဖီအစိမ်း တစ်ဧကလျှင် မျိုးအလိုက် ကွာခြားပြီး မျိုးကောင်းလျှင် ကောင်းသလိုတစ်ဧကလျှင် ပျမ်းမျှအပွင့်ရေ ၁၅၀၀-၂၀၀၀ခန့်ထွက် ရှိသည်ဟုသိရပါသည်။

          ပန်းဂေါ်ဖီစိမ်း ဈေးနှုန်းဈေးကွက်အနေဖြင့် ပြည်ဈေးကွက်တွင် ယခုအချိန်တွင် ဈေးကောင်း ရနေပြီး တစ်ပွင့် လျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ အပွင့်သေးလျှင် (၉၀၀-၁၀၀၀)ကျပ်အထိ ရောင်းချ ကြောင်း သိရှိရပါသည်။ ပြည်ဒေသတွင် စိုက်ပျိုးသောပန်းဂေါ်ဖီစိမ်းမှာ ဒေသတွင်းသာ စားသုံးပြီး နယ်သို့တင်ပို့ ရောင်းချခြင်းမရှိဟု သိရှိရပါသည်။ ပန်းဂေါ်ဖီအစိမ်းမှာ ပန်းဂေါ်ဖီအဖြူထက် ဈေးကောင်းပြီး လူကြိုက်များသဖြင့် ပိုမိုတိုးချဲ့စိုက်လျှင် စိုက်ပျိုးသူအဖို့ ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းမည်ဖြစ် ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက် ရောင်းချနေသော ခရမ်းကြွပ်သီးဈေး

                ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်လုံးညိုကျေးရွာရှိ တောင်သူ ဦးကြည်လွင်၏ မြေဧက (၀.၂၅)ဧကပေါ်တွင် ခရမ်းကြွပ်သီးများ စိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ပေါများနေပြီဖြစ်ကြောင်း သိရှိရသည်။ ခရမ်းကြွပ်မျိုးများမှာ အဖြူသီး၊ ခရမ်းရောင်သီး၊ စိမ်းဖြူကြားသီးဟူ၍ (၃)မျိုးရှိရာ အဖြူသီးကိုသာ စိုက်ပျိုးကြောင်း သိရပါသည်။ ရန်ကုန် ဈေးကွက် သို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။ ခရမ်းကျွတ်သီးကို နယုန်လတွင် စတင်စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာတွင် စတင်ခူးစွတ် နိုင်ပြီဖြစ်ကြောင်းသိရသည်။ (၁၂)လ ရာသီပတ်လုံး စိုက်ပျိုးပြီး ခူးစွတ်နိုင်ကြောင်းလည်း သိရသည်။ တစ်ပတ်လျှင် တစ်ကြိမ်ခူးစွတ်နိုင်ပြီး အလုံးရေ (၁၀၀၀၀) ခန့်ရရှိကြောင်းလည်း သိရသည်။ ဈေးကွက်သို့ တစ်လုံးလျှင် (၂၀)ကျပ်နှုန်းဖြင့် လက်လီရောင်းချပြီး လက်ကားဈေးနှုန်းမှာ တစ်လုံးလျှင် (၄၀-၅၀) ကျပ် ရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြွန်တန်ဆာမြို့ရှိ ရေတိုင်ကီလုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စား သုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၆.၂.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်တာဝန်ခံရုံးမှ ခရိုင်ဦးစီးမှူး ဦး ရဲမင်းထွဋ်၊ ဒုခရိုင်ဦးစီးမှူး ဦးစောသန်းထိုက်ကျော်၊ ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက် မိုး၊ အငယ်တန်းစာရေး ဦးနေမျိုးဝင်း၊ မိတ်ဖက်ဌာနဖြစ်သော ပြွန်တန်ဆာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့်အတူ ပြွန်တန်ဆာမြို့၊ မြို့မ(၃)၊ မင်းလမ်းရပ်ကွက်ရှိ New Age ရေတိုင်ကီ လုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းရှင်ဖြစ်သူ ဦးအောင်ကျော်မင်းနှင့် လုပ်ငန်းအခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့က သိရှိလို သည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ လုပ်ငန်းရှင် ဦးအောင်ကျော်မင်းက ပြန်လည်ဖြေကြား ပေးခဲ့ပါသည်။ မေးမြန်းဆွေးနွေးချက်များအရ New Age ရေတိုင်ကီလုပ်ငန်းသည် ထိုင်းနည်းပညာ ကို အခြေခံထားပြီး အိန္ဒိယပုံစံဖြင့် ထုတ်လုပ်ထားကြောင်း၊ ရေတိုင်ကီ ပြုလုပ်ရာတွင် SAG ကော်မှုန့် ကို အဓိကအသုံးပြုထားပြီး ရေတိုင်ကီ ၅၀၀ လီတာ တစ်ခုလျှင် ၁၈၅၀၀၀ကျပ်၊ ရေတိုင်ကီ ၁၀၀၀ လီတာတစ်ခုလျှင် ၃၀၆၀၀၀ကျပ်၊ ရေတိုင်ကီ ၁၅၀၀ လီတာ တစ်ခုလျှင်  ၄၁၀၀၀၀ကျပ်၊ ရေတိုင်ကီ ၂၀၀၀ လီတာ တစ်ခုလျှင် ၅၁၀၀၀၀ကျပ်ဖြင့် ရောင်းချပြီး ယင်းဈေးနှုန်းများသည် ရန်ကုန်အရောက် ဈေးနှုန်းများ ဖြစ်ကြောင်း သိရှိရပါသည်။ ရေတိုင်ကီ ပြုလုပ်ရာတွင် ကုန်ကြမ်းများအနေဖြင့် ကော် မှုန့်၊ Gas၊ လျှပ်စစ်တို့ အဓိကလိုအပ်ပြီး အလုပ်သမား(၆) ဦးနှင့် လုပ်ငန်းလည်ပတ်လျက် ရှိပါသည်။ ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့် တောင်ငူ၊ ရန်ကုန်၊ ပုသိမ်၊ တောင်ကြီးတို့ကို ရောင်းချလျက်ရှိပြီး လုပ်ငန်းအခက်အခဲမှာ လျှပ်စစ်မီးဖြစ်ကြောင်း သိရှိရပါသည်။ လျှပ်စစ်မီး မလာသောအခါမျိုးတွင် Gasအိုးဖြင့် လုပ်ငန်းလည်ပတ်ရပြီး ကျွမ်းကျင်လုပ်သားရှားပါးမှု၊ သယ်ပို့စရိတ်ကြီးမြင့်မှု၊ ကုန်ကြမ်း ရှားပါးမှု၊ ဈေးကွက်အတွင်းပြိုင်ဆိုင်မှု ပြင်းထန်ခြင်းတို့ကြောင့် ရေတိုင်ကီလုပ်ငန်း လုပ်ကိုင်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း