ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော သခွားသီး ဈေးနှုန်းအခြေအနေ

             ကန့်ဘလူမြို့ရှိ ကျေးရွားများတွင် စိုက်ပျိုးရေးကို အခြေခံ၍ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် သခွားသီးကိုလည်း စိုက်ပျိုးထားရှိပြီး ရိုးရိုးဗမာသခွားသီးနှင့် တိုင်ထောင် သခွားသီးဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင်ရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

            ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထအပတ်တွင် ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေ‌သော သခွားသီး ဈေးနှုန်းအနေဖြင့် ဒေသထွက် ရိုးရိုးဗမာ သခွားသီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ တိုင်ထောင်သခွားသီး အလုံး(အကြီး) တစ်လုံးလျှင်(၇၀၀)ကျပ် နှင့် တိုင်ထောင်သခွားသီး အလုံး(အသေး) တစ်လုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ မျိုးစုံ အရောင်းအဝယ် လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ဈေးကောင်းနေသော ‌ဘူးသီးဈေးနှုန်း အခြေအနေ

             ကန့်ဘလူမြို့ရှိ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘူးသီးများစိုက်ပျိုးကာ လာရောက်ပို့ဆောင်ရောင်းချသော ဒေသထွက် ဘူးသီးများ ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

           ၀၂၅ ခုနှစ်၊ ယခု ၂ဖေဖော်ဝါရီလ စတုထ္ထအပတ် ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်နေသော ဘူးသီး ဈေးနှုန်းအနေဖြင့် ဘူးသီးအလုံး(အကြီး)တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ ဘူးသီး(အလတ်)တစ်လုံးလျှင် (၃၀၀၀) ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၂၅၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော စွန်တာနီပဲ(ခေါ်)ပဲနီရေပွ ဈေးနှုန်း

            ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ စွန်တာနီပဲ (ခေါ်)ပဲနီကိုလည်း စိုက်ပျိုးလျက်ရှိပြီး ပဲနီကို ကန့်ဘလူမြို့ပွဲရုံများနှင့်မြို့ပေါ်ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ ဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင်(၄၈၀၀)ကျပ်၊ စွန်တာနီ ပဲ(ခေါ်)ပဲနီရေပွ  နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးတွင် စွန်တာနီပဲ(ခေါ်)ပဲနီရေပွ ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လယ်ယာထွက်ကုန်သီးနှံ ပြည်ပတင်ပို့မှု အခြေအနေ

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းနှင့် အခြားမြို့နယ်ဒေသထွက် ထွက်ရှိသော လယ်ယာထွက်ကုန်သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများကို ညောင်တုန်းမြို့နယ်အတွင်းရှိ ကုမ္ပဏီ(၄)ခုမှ   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကာလတွင်  ပြည်ပသို့ တင်ပို့လျှက်ရှိကြောင်းသိသည်။ 

               မြန်မာ့လယ်ယာထွက်ကုန်သီးနှံ့များ၊ မွေးမြူရေးလုပ်ငန်းများရှိသဖြင့် ရေထွက်ပစ္စည်းများ ပြည်ပ နိုင်ငံများသို့   နှစ်စဉ်တင်ပို့လျက်ရှိကြောင်း သိရသည်။

               ညောင်တုန်းမြို့နယ်မှ ပြည်ပတင်ပို့နေသည့် ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီ၊ Yoma Sun Co,Ltd. The Perpetual Co.,Ltd. Good Brother Co.,Ltd စသည်တို့သည် ဆန်၊ ဆန်ကွဲ၊ ကိုတင်ပို့လျှက်ရှိပြီး  ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီက ပေါင်းဆန်ကို တင်ပို့လျှက်ရှိကြောင်းသိရသည်။

            ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ အထိ ဆန်တင်ပို့မှုအနေဖြင့် ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီက ဆန်အရေအတွက်  ၁၃၀၈၆၇ ၊ Yoma Sun Co,Ltd မှ အရေအတွက် ၄၀၃၅ ၊ The Perpetual Co.,Ltd မှ ဆန်အရေအတွက် ၆၇၈၊ Good Brother Co.,Ltd ဆန်အရေအတွက် ၄၃၅၀၄ ကိုလည်းကောင်း၊ ၂၀၂၅ခုနှစ်အတွင်း ဆန်အရေအတွက် ၆၀၀၀ကိုတင်ပို့နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၄ခုမှ  ဆန်တင်ပို့မှု အရေအတွက် ၁၄၈,၇၂၇တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

            ဆန်ကွဲတင်ပို့မှု အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ   ဆန်ကွဲတင်ပို့မှု အရေအတွက် ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီက ဆန်ကွဲအရေအတွက် ၂၆၂၈၀ နှင့် Good Brother Co.,Ltd ဆန်ကွဲအရေအတွက် ၁၀၂၀၄၂ တင်ပို့နိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ အထိ ဆန်ကွဲတင်ပို့နိုင်မှု ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီက ဆန်ကွဲအရေအတွက်  ၅၈၂၄၈ ၊ Yoma Sun Co,Ltd မှ အရေအတွက် ၂၃၈၅ ၊ The Perpetual Co.,Ltd မှ ဆန်အရေအတွက် ၁၈၂၊ Good Brother Co.,Ltd ဆန်အရေအတွက် ၇၄၃၆၂ ကိုလည်းကောင်း စုစုပေါင်း ကုမ္ပဏီ ၄ခုမှ ဆန်ကွဲအရေအတွက် ၁၃၅၁၇၇ ကိုတင်ပို့ခဲ့ပြီး ၂၀၂၅ခုနှစ်ကျန်သောလများအတွင်း  ဆန်ကွဲအရေအတွက် ၁၆၀၀၀ ကိုတင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်။

            ပေါင်းဆန်တင်ပို့မှု အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီက အရေအတွက် ၁၁၁၅၀တင်ပို့နိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ အထိ ပေါင်းဆန်တင်ပို့မှုမှာ ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီက အရေအတွက် ၂၄၀၀ ၊ The Perpetual Co.,Ltdက အရေအတွက် ၃၆၁၈၊ Good Brother Co.,Ltdက ၇၅၀ တင်ပို့ပြီးဖြစ်ကြောင်း ၂၀၂၅ခုနှစ် ကျန်သောလများတွင် ပေါင်းဆန်အရေအတွက် ၉၇၆၈ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

              ပြည်တွင်းမှ ပြည်ပပို့ကုန်အနေဖြင့် လယ်ယာထွက်ပစ္စည်းအပြင်  တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက် ပစ္စည်း၊ စက်မှုကုန်ချောနှင့်  တခြားပစ္စည်းများ  တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)    

ပဲလွန်းဖြူ အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်း ဈေးကွက်

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ အနောက်ပိုင်းရပ်ကွက်တွင် ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှိပြီး ပန်းတနော်ကျေးရွာများမှ  စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး သင်၊ စပါး၊ ပဲတီစိမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲလွန်းဖြူ တို့ကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံ ပဲလွန်းဖြူ ကို စိုက်ဧက ၈၄၆၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

            ပန်းတနော်မြို့နယ်အတွင်း ပဲမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းများရှိပြီး ဒေသထွက် ပဲများကို ရန်ကုန်သို့တင်ပို့လျှက်ရှိသည်။ ပဲလွန်းဖြူသီးနှံကို ဇန်နဝါရီလ က အရောင်းအဝယ်ဈေးနှုန်းမှာ ၇၈၀၀၀ကျပ် ဖြင့်ရောင်းဝယ်လျက်ရှိသည်။ ဇန်နဝါရီလတွင် ပဲလွန်းဖြူသီးနှံကို ရန်ကုန်ဘုရင့်နောင် ပွဲရုံများသို့ တင်ပို့မှုအနေဖြင့် (၃၃၀)တင်းတင်ပို့ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ အတွင်း ပဲလွန်းဖြူ ရောင်းဝယ်နေမှု ဈေးနှုန်းမှာ ငွေကျပ် ၇၆၀၀၀နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသည်။ ဇန်နဝါရီလ ပဲလွန်ဖြူသီးနှံ ရောင်းဝယ်မှုနှင့် ဖေဖော်ဝါရီလ ပဲလွန်းဖြူသီးနှံ ရောင်းဝယ်မှုဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲလွန်းဖြူသီးနှံ တစ်တင်းလျှင် ငွေကျပ် ၂၀၀၀ ကျဆင်းကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။ 

DOCA (ဧရာဝတီ)

မတ်ပဲ ရောင်းဝယ်နေမှု ဈေးနှုန်းဈေးကွက် အနည်းငယ်ကျဆင်း

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ဆောင်းသီးနှံ မတ်ပဲ ရှစ်သောင်း ကိုးထောင် သုံးရာ ကျော် စိုက်ဧက နှစ်စဉ်စိုက်ပျိုးကြောင်း၊ မိုးစပါး၊ နွေစပါး စိုက်ပျိုးကြပြီး ပဲမျိုးစုံကို ဆောင်းရာသီတွင် သာ စိုက်ပျိုးကြသည်။ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် စပါး၊ ပဲ၊ ပြောင်း၊ ငရုတ်နှင့် ဆီထွက်သီးနှံများကို အဓိကထား၍ နှစ်စဉ် စိုက်ပျိုးကြကြောင်း သိရသည်။

             မတ်ပဲကို ဇန်နဝါရီလ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ မတ်ပဲ တစ်တင်း လျှင် ငွေကျပ် ၁၀၅၀၀၀ နှုန်းဖြင့်ရောင်းဝယ်နေပြီး ဖေဖော်ဝါရီ တစ်လအတွင်း  ရန်ကုန်သို့တင်ပို့မှု တင်း ၅၀၀၀ခန့် ရှိကြောင်းသိရသည်။ ဇန်နဝါရီလ အရောင်းအဝယ်ဖြစ်ငေညဈေးနှင့် ဖေဖော်ဝါရီ လ စတုတ္ထပါတ် အရောင်းအဝယ်ဈေးနှုန်း နှိုင်းယှဉ်ပါက ဖေဖော်ဝါရီလ စတုတ္တပါတ် မတ်ပဲအရောင်းအဝယ် ဖြစ်ပေါ်နေသော ဈေးနှုန်းမှာ ငွေကျပ် ၉၇၀၀၀နှုန်း ဖြစ်သောကြောင့် မတ်ပဲသီးနှံ တစ်တင်းလျှင် ငွေကျပ် ၃၀၀၀ ခန့် ဈေးနှုန်းအနည်းငယ် ကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံံများသို့  တင်ပို့လျက်ရှိကြောင်း ပဲအရောင်းအဝယ်လုပ်ကိုင်သူ မဝေ ပဲပွဲရုံပိုင်ရှင် ဦးနိုင်ဝင်း ထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဓနုဖြူမြို့နယ် စိုက်ပျိုးထွက်ရှိနေပြီဖြစ်သော ပဲတီစိမ်း ရောင်းဝယ်တင်ပို့မှု မခြေအနေ

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူပဲဈေးကွက်တွင် ပဲတီစိမ်း  အရောင်းအဝယ်ဖြစ် လျက်ရှိရာ ဓနုဖြူမြို့နယ်တွင် ဆောင်းသီးနှံ ပဲတီစိမ်းသီးနှံများ စတင်၍ ဝင်ရောက် ထွက်ရှိနေပြီး ပဲပွဲရုံများမှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းသီးနှံများကို ဆောင်းရာသီတွင်  စိုက်ပျိုးကြပြီး ဓနုဖြူမြို့နယ်အတွင်း ကျေးရွာများတွင် ၁၂၄၁ဧက စိုက်ပျိုးပြီး ထွက်ရှိနေ၍ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇန်နဝါရီလ  ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်းသီးနှံ တစ်တင်း လျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် တစ်လအတွင်း  ရန်ကုန်သို့တင်ပို့မှု တင်း ၅၀၀ခန့် ရှိကြောင်းသိရသည်။ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ စတုတ္ထပါတ် အရောင်းအဝယ်ဈေးနှုန်းမှာ ငွေကျပ် ၉၅၀၀၀ နှုန်ဖြင့် ရောင်းဝယ်နေပြီး  ဇန်နဝါရီလ ဒုတိယပတ် ဖေဖော်ဝါရီလ စတုတ္တပါတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်းသီးနှံ တစ်တင်းလျှင် ငွေကျပ် ၅၀၀၀ ခန့် ဈေးနှုန်းအနည်းငယ် ကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဝယ်ယူစားသုံးမှုအပြင် ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံံများသို့  တင်ပို့လျက်ရှိကြောင်း ပဲအရောင်းအဝယ်လုပ်ကိုင်သူများထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ်မှ နှစ်(၃၀)တိုင် ရပ်တည်နေသော “ထန်းတော”ဖယောင်းတိုင်လုပ်ငန်း

            ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ပြည်တွင်းအသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအနက်မှ အိမ်တွင်းတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော ဖယောင်းတိုင် လုပ်ငန်းသည် ဈေးကွက်ရရှိ၍ စီးပွားဖြစ်လုပ်ငန်းတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။ မြန်အောင်မြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရွှေဘုံသာတာကြီးတန်းလမ်းရှိ “ထန်းတော”ဖယောင်းတိုင်ထုတ်လုပ်မှုမှာ တစ်နှစ် လျှင် ဖယောင်းတိုင်အထုပ်ရေ အမျိုးမျိုး(၂၅၀၀၀)ခန့်ထုတ်လုပ်နိုင်ပြီး၊ တစ်နေ့လျှင် အထုပ် (၁၅၀) မှ (၂၀၀) ခန့်ထိ ပျှမ်းမျှ ထုတ်လုပ်နိုင်ကြောင်း သိရသည်။ “ထန်းတော” ဖယောင်းတိုင်လုပ်ငန်းကို ၁၉၉၅ ခုနှစ်တွင် ကျပ်သိန်း(၂၀)ခန့်ဖြင့် စတင် ရင်းနှီးလုပ်ကိုင်လာကြောင်း  အကျိုးအမြတ်အနေဖြင့် တစ်လ လျှင် ၃ သိန်းကျပ် ရရှိကြောင်း သိရှိရပါသည်။ ဖယောင်းတိုင် အမျိုးအစား (၅)မျိုးခန့် ထုတ်လုပ်ပြီး ဖယောင်းတိုင် အကြီး ၆ တိုင်ပါ တစ်ထုပ်လျှင် ၁၇၀၀ ကျပ်၊  (၃၂)တိုင်ပါ အသေးတစ်ထုပ်လျှင် ၁၆၀၀ ကျပ်နှင့် ‌ရောင်စုံ အသေး ဖယောင်းတိုင် တစ်ထုပ်လျှင် ၄၀၀ ကျပ်ဖြင့် လက္ကားရောင်းချလျက်ရှိပါသည်။ ဖယောင်းကြမ်းများမှ အဆင့်ဆင့် ထုတ်လုပ်ပြီး ထွက်ရှိလာသော ဖယောင်းတိုင်များအား ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ပါရှိပြီး ထုတ်ပိုး၍ မိမိတို့ဆိုင်တွင် လည်းကောင်း၊ ရှားတောကျေးရွာ၊ ကနောင်မြို့ နှင့် မြန်အောင် မြို့မနေခြည်ဈေးအတွင်းရှိ ဈေးဆိုင်များသို့ လည်းကောင်း ဖြန့်ဖြူးရောင်းချ လျက်ရှိပြီး ၊ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသား ခွင့်ပြုချက်ရရှိပြီး၊ အသေးစားစက်မှုလုပ်ငန်းလိုင်စင်လည်းရှိပါသည်။ ဈေးကွက် ပိုမိုရရှိစေရန် ထုတ်ကုန်များအား  အရည်အသွေးပြည့်မှီစွာ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ဖယောင်းတိုင်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ဆီနှင့်ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၄.၂.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်၊ သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍  ဟင်္သာတမြို့ မြန်မာ့ စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ကြက်ဥနှင့် စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

           ထိုသို့ရောင်းချခဲ့ရာတွင်  အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ကြက်ဥ(၁၀)လုံးနှင့် ဆီ(၅၀)ကျပ်သား ရောင်းချခဲ့ပါသည်။ ကြက်ဥ(၁၀)လုံးလျှင် ၃၈၀၀/- ကျပ်ဖြင့် အလုံးရေပေါင်း(၁၅၀၀)လုံး၊ ဆီ(၅၀)ကျပ် သား (၁)ဗူးလျှင် ၃၉၀၀/- ကျပ်ဖြင့် ပိဿာချိန် ၂၂၀ အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာနဆိုင်ရာများမှ  ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

သထုံခရိုင်၏ ဆန်စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

          သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဖေဖော်ဝါရီလ၏ တတိယအပတ်တွင် ဆန်စပါး ဈေးနှုန်းမှာ ကျဆင်းလျှက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်း ဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၃၀၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့် စုစုပေါင်း (၅၀၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၅၀) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု ဖေဖော်ဝါရီလ၏ နောက်ဆုံးအပတ်တွင် မော်လမြိုင်သို့ (၂၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၂၀) အိတ်ခန့်၊ စုစုပေါင်း (၄၅၂၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၂၆) တန်ခန့် စီးထွက်ခဲ့ပြီး တတိယအပတ်နှင့်နှိုင်းယှဉ်ပါက  အနည်းငယ် လျော့၍ စီးထွက်ခဲ့ပါသည်။

          သထုံခရိုင်အတွင်းသို့ ဖေဖော်ဝါရီလ၏ တတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၂၉၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၂၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၀၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၂၅၀) တန်ခန့်စီးဝင်ခဲ့ပြီး ဖေဖော်ဝါရီလ၏ နောက်ဆုံးအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၃၀၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၈၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၂၄၀) တန်ခန့်စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ တတိယအပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ ာစီးဝင်ခဲ့ပါသည်။

          သထုံခရိုင်အတွင်း၌ ဖေဖော်ဝါရီလ၏ တတိယအပတ်တွင် ဆန်စပါးဈေးနှုန်းမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၀၀၀၀၀၀) ခန့်၊ ပေါ်ဆန်းဝါ (၂၈၀၀၀၀၀) ခန့်၊ ကမာကြည် (၂၄၀၀၀၀၀) ခန့်၊ ဧည့်မထ (၁၉၀၀၀၀၀) ခန့်နှင့် (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၂၀၀၀၀) ခန့်၊ ပေါ်ဆန်းဝါ (၁၁၁၀၀၀) ခန့်၊ ကမာကြည် (၉၇၀၀၀) ခန့်၊ ဧည့်မထ (၇၃၀၀၀) ခန့်ရှိပြီး  ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်းလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း