ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၏ ထိုင်ဝမ်ဖူးစားပြောင်း ဈေးနှုန်းဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကိုစိုက်ပျိုး ရောင်းချလျက်ရှိကြောင်း၊ ထိုင်ဝမ်ဖူးစားပြောင်းများကို နေအိမ်ခြံဝင်းများ၌လည်းကောင်း၊ ယာကွက် များ၌လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုင်ဝမ်ဖူးစားပြောင်းများကို ကန့်ဘလူမြို့မဈေးရှိ ကုန်စိမ်းသည်များတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့် ဈေးသည်များတွင်လည်းကောင်း၊ ပြောင်းဖူးအစိမ်းနှင့် အပြုတ်ဟူ၍(၂)မျိုးရောင်းချလျက်ရှိကြောင်း၊ ပြောင်းဖူးစိမ်းကို စားသောက်ဆိုင်များနှင့် အိမ်ရှင်မ များကဟင်းချက်ရာ၌ ဝယ်ယူအသုံးပြုကြောင်း၊ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း  ကန့်ဘလူမြို့မဈေးတွင် ပြောင်းဖူးကို လက်လီ၊ လက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ ပြောင်းဖူးအစိမ်းအကြီး(၁)ဖူးလျှင် (၇၀၀)ကျပ်၊ အသေး(၁)ဖူးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ တစ်ဆင့်ဝယ်ယူပြီး ပြောင်းဖူးများကိုပြုတ်၍ ပြန်လည်ရောင်းချသူများ သည်ပြောင်းဖူး ပြုတ်အကြီး(၁)ဖူးလျှင်(၁၀၀၀)ကျပ်၊ အသေး(၁)ဖူးလျှင်(၈၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ရောင်းချလျက်ရှိသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးနှုန်းအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်အ တွင်းဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၄၅၀)ကျပ်၊ ဥလတ်တစ်လုံးလျှင်(၄၂၀)ကျပ်၊ ဥသေးတစ်လုံးလျှင်(၄၀၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင်(၇၀၀) ကျပ်၊ ဥသေးတစ်လုံးလျှင် (၆၈၀)ကျပ်၊ ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီးယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း ကြက်ဥ၊ ဘဲဥ၊ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မများ မှမိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ် ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြကြောင်း ကန့်ဘလူမြို့မဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရသည်။

DOCA(စစ်ကိုင်း)

 

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ဈေးနှုန်းကျဆင်းနေသည့်ခရမ်းချဉ်သီးနှင့်အာလူးသီး ဈေးကွက်

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံး စွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။

စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့်ကန့်ဘလူမြို့များရှိ လက္ကားကုန်သည်များ မှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊   ခရမ်းချဉ်သီးများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းချဉ်သီး (၂၅) ကျပ်သားလျှင် ငွေကျပ်(၁၅၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၆၀၀)၊ အာလူးသီး(၁)ပိဿာလျှင်ငွေကျပ် (၅၀၀၀)ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီး(၁)ပိဿာ လျှင်ငွေကျပ်(၁၀၀)နှင့် အားလူးသီး(၁)ပိဿာလျှင်ငွေကျပ်(၁၀၀၀) ဈေးနှုန်းကျဆင်းလာပြီးပုံမှန်အ တိုင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ဖြစ်ပေါ်နေသော စွန်တာနီပဲ(ခေါ်)ပဲနီပင်ပေါက်ရှည် ဈေးနှုန်း

           ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ စွန်တာနီပဲ (ခေါ်)ပဲနီကိုလည်း စိုက်ပျိုးလျက်ရှိပြီး ပဲနီကို ကန့်ဘလူမြို့ပွဲရုံများနှင့်မြို့ပေါ်ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စွန်တာနီပဲ(ခေါ်)ပဲနီပင်ပေါက်ရှည် ဈေးနှုန်းမှာ စွန်တာနီပဲ(ခေါ်)ပဲနီပင်ပေါက်ရှည်ကို တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ စွန်တာနီပဲ(ခေါ်)ပဲနီပင်ပေါက်ရှည် (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် စွန်တာနီပဲ(ခေါ်) ပဲနီပင်ပေါက်ရှည် (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း စွန်တာနီပဲ (ခေါ်)ပဲနီပဲပင်ပေါက်ရှည် ရောင်းချသူထံမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင်ရောင်းချနေသည့် စတော်ဘယ်ရီသီးဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် စတော်ဘယ်ရီသီးများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ ရာသီပေါ် စတော်ဘယ်ရီများကို  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ  ဝယ်ယူရောင်းချ လျက်ရှိ‌ကြောင်း သိရသည်။

စတော်ဘယ်ရီကို သရေစာအဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်ပြုလုပ်၍လည်းကောင်း အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း စတော်ဘယ်ရီ သီး(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ စတော်ဘယ်ရီသီး(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့်ရောင်း အားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိ ပါသည်။      

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ ဒေသထွက် ရာသီစာ မန်ကျည်းရွက်နုဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် မန်ကျည်းပင်များကို အခြားစားပင်သီးပင်များ ကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။  မန်ကျည်းပင်သည် အေးမြသော အရိပ်ကိုပေးသည့်အပြင်  အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါး လူတို့အတွက် အသုံးဝင်ပါသည်။ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် မန်ကျည်းရွက်နုများကို ကန့်ဘလူမြို့မဈေးတွင်လာရောက် ရောင်းချကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း မန်ကျည်းရွက်နု(၁)ပုံလျှင်(၅၀၀)ကျပ်၊ မန်ကျည်းရွက်နု(၃)ပုံလျှင် (၁၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ရာသီစာတစ်ခုဖြစ်သည့် မန်ကျည်း ရွက်နုအား  အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များတွင်လည်းအသုံးပြုကြ သဖြင့်အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ဘုရားပန်းမျိုးစုံ ဈေးနှုန်း

           ကန့်ဘလူမြို့ရှိ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

            ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ(စတုထ္ထပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး အတွင်း ဖြစ်ပေါ်နေသော ဘုရားပန်း အမျိုးမျိုး၏ ဈေးနှုန်းများမှာ  သပြေပန်းအငုတ် (အသေး၊အကြီး) အရွယ်အစားအလိုက်(၂၀၀၀/၂၅၀၀/၅၀၀၀)ကျပ်၊ အောင်သပြေ အခက် တစ်စီးလျှင်(၁၀၀၀)ကျပ်၊ မေမြို့ပန်း(ကြက်လည်ဆံ)နှင့် မြေမြို့ပန်း(အက်စတာ)တစ်စီးလျှင်(၅၀၀)ကျပ် ၊ နှင်းဆီပန်း တစ်ပွင့်လျှင် (၆၀၀/ ၇၀၀)ကျပ် ၊ ကျောက်နှင်းဆီ တစ်စီးလျှင်(၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်ကြီး တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့် အလတ်/ အပွင့်သေး တစ်စီးလျှင် (၁၀၀၀)ကျပ် ၊ ကြယ်တာယာပန်းတစ်စီးလျှင်(၁၀၀၀)ကျပ်၊ စိန်လည်တုံပန်း တစ်စီးလျှင်(၁၀၀၀)ကျပ်၊ အာစီယံသပြေ တစ်စီးလျှင်(၅၀၀)ကျပ် နှင့် တောင်ကြီးဂန္တမာ တစ်စီးလျှင်(၁၀၀၀)ဈေးနှုန်းတိုဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော သရက်သီးကုလားတည်ချဉ် ဈေးနှုန်း

         ကန့်ဘလူမြို့တွင် ဒေသထွက် လက်လုပ်ချဉ်အမျိုးမျိုးကို ရောင်းချလျက်ရှိရာ သရက်သီးကုလားတည်ချဉ်ပြုလုပ်သည့် လုပ်ငန်းကိုပါလုပ်ကိုင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

             ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုထ္ထပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော သရက်သီးကုလားတည်ချဉ် ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ‌ရောင်းချနေသော ပဲတီပင်ပေါက် ဈေးနှုန်းအခြေအနေ

              ကန့်ဘလူမြို့ပေါ်ရပ်ကွက်တွင် ပဲတီစိမ်းကို ပဲတီပင်ပေါက်ဖောက်၍  ရောင်းချလျက်ရှိရာ ပဲတီစိမ်းအပင်ဖောက်ရာတွင် အသစ်ပေါ်သော ပဲတီစိမ်းကို အပင်ဖောက်၍မရကြောင်း ပဲတီစိမ်း အဟောင်းကို သာရှာဝယ်ပြီး ပဲတီပင်ပေါက်ဖောက်ရကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ယခင် ဖေဖော်ဝါရီလ ‌တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် (၁၀)ကျပ်သားခန့် တစ်ပုံလျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ‌စတုထ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင် (၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားခန့် တစ်ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပဲတီပင်ပေါက် တစ်ပိဿာလျှင်(၁၀၀၀)ကျပ် မြင့်တက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်ချက်ရှိကြောင်း  ကန့်ဘလူမြို့မဈေးတွင် ပဲတီပင်ပေါက် ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော မုန့်ညှင်းချဉ် ဈေးနှုန်းအခြေအနေ

            ကန့်ဘလူမြို့တွင် ဒေသထွက် လက်လုပ်ချဉ်အမျိုးမျိုးကို ရောင်းချလျက်ရှိရာ ရာသီစာဖြစ်သည့် မုန့်ညှင်းချဉ် လုပ်ငန်းကိုလည်း ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုထ္ထပတ်တွင်  မုန့်ညှင်းချဉ်ဈေးနှုန်းအနေဖြင့် မုန့်ညှင်းချဉ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် လက်ဖက်ရည် သောက်ပန်ကန် တစ်ပန်ကန်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း မြို့မဈေးအတွင်း လက်လုပ်ချဉ်များ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း