ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော ချဉ်ပေါင်ရွက် နှင့် ကန်စွန်းရွက် ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကန်သာယာဈေးအတွင်း ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက် အများအပြား ရောင်းချလျက်ရှိကြပါသည်။ ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့် ရော၍လည်း စားသုံးနိုင်သည်။

      ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ ကန်စွန်းရွက် ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဈေးကွက်အတွင်း ကြက်ဥ၊ ဘဲဥ ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင်  ဈေးကွက်အတွင်း  ကြက်ဥ၊ ဘဲဥများ အများအပြား ရောင်းချလျက်ရှိကြပါသည်။

      ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ တတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ ဈေးနှုန်းမှာ အသေး (၄၀၀)ကျပ်၊ အလတ် (၅၀၀) ကျပ် နှင့် အကြီး(၅၅၀) ကျပ် အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဘဲဥ ဈေးနှုန်းမှာ (၆၀၀-၇၀၀) ကျပ်အထိ ရောင်းချလျက်ရှိကြောင်း ကြက်ဥ နှင့် ဘဲဥရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 မုံရွာမြို့တွင် ရောင်းချနေသော ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ကျောက်ဖရုံသီးနှင့်ရွှေဖရုံသီး များ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ကျောက်ဖရုံသီးနှင့်ရွှေဖရုံသီးကို မိမိတို့‌ဒေသတွင်း ထွက်ရှိသည့် သီးနှံများကိုရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ရွှေဖရုံသီး ဈေးနှုန်း များမှာ အလုံးကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ် နှင့် အလုံးသေးတစ်လုံးလျှင် (၉၀၀)ကျပ်၊  ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ ကျောက်ဖရုံသီး သေးတစ်လုံးလျှင်(၂၅၀၀)ကျပ် နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင် (၁၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဂျပန်ပျားလိမ္မော်သီးနှင့် ကဗ္ဗလာသီး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးနှင့် ကဗ္ဗလာသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးနှင့် ကဗ္ဗလာသီးတို့သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါ သည်။

          ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ တတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်ပင်ဈေးရှိ  သစ်သီး ဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် ၊  ကဗ္ဗလာသီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက် နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ကန်စွန်းဥနှင့် ပိန်းဥ ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ကန်စွန်းဥနှင့်ပိန်းဥများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကန်စွန်းဥနှင့် ပိန်းဥများကိုဒေသတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အတွက် ကန်စွန်းဥနှင့် ပိန်းဥများစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။   

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ကန်စွန်းဥနှင့် ပိန်းဥဈေးနှုန်းမှာ ကန်ဇွန်းဥ ၂၅ကျပ်သားလျှင်(၉၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၁၈၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၆၀၀)ကျပ်၊ အလားတူ ပိန်းဥဈေးနှုန်းများမှာ ၂၅ကျပ်သားလျှင် (၉၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၉၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသောဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ( မုန့်တီ၊ မုန့်ဟင်းခါး  ) မုန့်ဖက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  မိသားစုစားဝတ်နေရေးအတွက် (မုန့်တီ၊မုန့်ဟင်းခါး) မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက်များကို မုံရွာမြို့ပေါ်နှင့်ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်အတွင်းတွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး ) မုန့်ဖက်ဈေးနှုန်းများမှာ (၁)ပိဿာ လျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင် (၇၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း (မုန့်တီ၊မုန့်ဟင်းခါး)မုန့်ဖက် ရောင်းချသူထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးစပါးရိတ်သိမ်းမှုနှင့် ဈေးနှုန်း/ဈေးကွက် အခြေအနေ

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးကောင်းရေသောက်နှင့် နွေစပါးစိုက်ပျိုးမှု မရှိ သောလယ်မြေများတွင် မိုးစပါးရိတ်သိမ်းမှုအများဆုံးတွေ့ရှိရပါသည်။ နွေစပါးစိုက်ပျိုးခဲ့သော လယ် မြေများတွင် စိုက်ပျိုးထားရှိမှုများသည်လည်း အနှံထွက်ရှိလာသည့်အနေအထားများကို တွေ့ရှိလာရ ပါသည်။ မိုးစပါးသစ်ထွက်ရှိလာမှုအား အခြောက်ခံစက်ရှိ ဆန်စက်ကြီးများမှ ဝယ်ယူမှုအနေအထား ကိုသာတွေ့ရှိရပါသည်။ တောင်သူများအနေဖြင့် ရိတ်ချွေစက်ကျ(အစို)ဖြင့် ရောင်းချမှုများနှင့် နေလှန်း အခြောက်ခံပြီး သိမ်းဆည်းနေမှုများကို တွေ့ရှိနေရပါသည်။

          မိုးစပါးသစ် ဈေးနှုန်းများဖြစ်ပေါ်နေမှုတွင် မနောသုခစပါးနှင့် ဆင်းသုခစပါးရိတ်သိမ်းမှုများ သာ တွေ့ရှိနေရပြီး၊ ဈေးနှုန်းဖြစ်ပေါ်မှုတွင် တူညီစွာရှိနေသည်ကို တွေ့ရပါသည်။ မနောသုခစပါး (အစို) တစ်တင်း(၁၅)ပိဿာလျှင်(၁၂၀၀၀)ကျပ် ရှိနေပါသည်။ ယခင်နှစ်လက်ကျန် မိုးစပါးဟောင်း (မနောသုခ) တစ်တင်း(၁၄)ပိဿာ (၂၀၀၀၀)ကျပ် ဈေးနှုန်းဖြစ်ပေါ်နေပါသည်။ မိုးစပါးသစ်ကြိတ်ခွဲမှုများမှ မိုးဆန်သစ်များအား ရန်ကုန်နှင့်မန္တလေးတိုင်းတွင်းရှိ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့များသို့ တင်ပို့မှုရှိနေပါသည်။ဒေသတွင်း စားသုံးမှုတွင် မိုးဆန်ဟောင်း ရန်ကုန်၊ ပဲခူးတိုင်းတို့မှ ဝင်ရောက်သော ဆန်များကိုသာ စားသုံးမှုရှိနေသည်ကို သိရှိရပါသည်။

     မိုးစပါးဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီး နွေစပါးများဆန်စက်များတွင် လက်ကျန်ရှိနေမှုများနှင့် မိုးစပါးဟောင်းလက်ကျန်များ တောင်သူများလက်ဝယ်ထိ ကျန်ရှိနေမှုများ သိရှိနေရသဖြင့် စပါး လက်ကျန်အင်အား ကျန်ရှိမှု အားကောင်းနေပါသည်။ ရန်ကုန်နှင့် ပဲခူးတိုင်းမှ ဆန်ဝင်ရောက်မှု ပုံမှန် ရှိနေပြီး ဒေသတွင်း ကြိတ်ခွဲထုတ်လုပ်မှုများသည် ဒေသတွင်းဈေးကွက်များတွင်သာ ဖြန့်ဖြူးမှုများရှိသဖြင့် ဆန်ဈေးနှုန်းတည်ငြိမ်နေပြီး ဆန်ဖူလုံမှုရှိနေမည် ဖြစ်ပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

 

ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် သက်သာသော ဈေးနှုန်းဖြင့် စားသောက်ကုန်များ ရောင်းချပေး

          (၁၀.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် သက်သာသော ဈေးနှုန်းဖြင့် ဆန်၊ဆီ၊ ကြက်ဥ၊ အသား၊ ငါး တို့ကို ကျိုက်လတ်မြို့ (၇) လမ်းတွင် ပြည်သူများထံသို့သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။

          အဆိုပါရောင်းချရာတွင် ဧည့်မထဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၇၁၅၀) ကျပ်(ဘူးခွံမပါ)၊ ကြက်ဥ တစ်လုံးလျှင် (၃၇၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ဆီ(၅၀) သား၊ ကြက်ဥ (၁၀) လုံးရောင်းချပေးလျက်ရှိကြောင်းသိရသည်။ဆန်စုစုပေါင်း(၃)အိတ်၊ ဆီ(၅၀) သားဘူး(၂၀၀) ဘူး၊ ကြက်ဥအလုံးရေ (၆၀၀) တို့အား အများပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အခြေခံစားသောက်ကုန်များ၏ ‌ဈေးနှုန်း/ ဈေးကွက်အခြေအနေ

       ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အားလူးအနေဖြင့် ဈေးကွက်များသို့ တင်ပို့သည့် အောင်ပန်းဈေးကွက်သို့ အာလူးပုံမှန်ဝင်ရောက်မှုမရှိသည်ကို သိရှိရပါသည်။ အာလူးအရည်အသွေး (သက်တမ်း နု)အနေအထားအရ မှာယူမှုလျော့ကျခဲ့ရပြီး ကုန်ပစ္စည်းဝင်ရောက်မှုလျော့ကျမှုနှင့်အတူ ဈေးနှုန်းမြင့်တက်မှုရှိလာခဲ့ပါသည်။

        ကုလားပဲခြမ်းဝင်ရောက်မှုတွင် မန္တလေးနှင့်မိတ္ထီလာတို့မှ ပုံမှန် ဝင်ရောက်မှုရှိလာခဲ့သဖြင့် ဈေးနှုန်းပြန်လည်ကျဆင်းမှု ရှိလာသည်ကို တွေ့ရှိရပါသည်။ ပဲနီလေး၊ ပဲပြာလေးကဲ့သို့ အခြားပဲများ ဈေးနှုန်းကျဆင်းမှုရှိသည်နှင့်အတူ ကုလားပဲ ဈေးနှုန်းကျဆင်းလာမှုကိုလည်း တွေ့ရှိလာခဲ့ရပါသည်။

‌     ဒေသတွင်းမွေးမြူရေးခြံများမှ မန္တလေးဈေးကွက်များသို့ တင်ပို့မှုရှိခဲ့သည်ဟု သိရှိရပါသည်။ ကြက်ပေါက်ရရှိမှုအားနည်းခဲ့ပြီး မွေးမြူမှုအရေအ တွက် လျော့ကျမှုရှိခဲ့သည်ကိုလည်း သိရှိရပါသည်။ ‌ဒေသတွင်းမွေးမြူရေးခြံများနှင့် ဒေသတွင်းနီးစပ်သည့် မွေးမြူရေးခြံများတွင် ဝယ်လိုအားများခဲ့ပြီး ခြံဖမ်းဈေးနှုန်းမြင့် တက်ခဲ့ပြီး လက်လီဈေးကွက်များတွင် ဈေးနှုန်းမြင့်တက်မှုကို တွေ့ရှိလာရပါသည်။

     ရန်ကုန်ငါးဒိုင်ဈေးနှုန်းအနေအထားအရ  ဒေသတွင်းငါးပွဲရုံများတွင် အကောင်လိုက်ဈေးနှုန်း (11000)ကျပ်မှ (12000)ကျပ်သို့မြင့်တက်ခဲ့ပါသည်။ ငါးအကောင်အရွယ်အစားကောင်းမွန်မှုကြောင့် သာ လက်လီဈေးနှုန်းတွင် (400) ကျပ်မြင့် တက်မှုသာရှိခဲ့သည်ဟု သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ ဂဏန်းမဲဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများတည်ရှိပြီး ပင်လယ်လုပ်ငန်းများ ဖြင့်အများဆုံး သက်မွေးဝမ်းကျောင်းပြုလုပ်သည့် တိုင်းဒေသကြီးလည်းဖြစ်ပါသည်။ ပင်လယ် ပြင်သို့ ငါးဖမ်းလှေအကြီး/အငယ်များဖြင့် ငါး/ပုဇွန်/ဂဏာန်းများဖမ်းယူပြီး ဒေသတွင်း ရောင်းဝယ် စားသုံးကြသလို ပြည်ပသို့လည်း  တင်ပို့ရောင်းချလျက်ရှိပါသည်။ အဆိုပါ ငါးဖမ်းလှေများနှင့် ဒေသတွင်း တစ်နိုင်တစ်ပိုင် ဂဏာန်းလှေများမှ ဖမ်းဆီးရရှိသော ဂဏာန်းများအနက် ဂဏာန်းမဲ  စျေးနှုန်းများမှာ အကြီးတစ်ပိဿာလျှင် (၀၀၀)ကျပ်နှင့် ဂဏာန်းမဲအလတ်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ သဲဂဏာန်းတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မြိတ်မြို့ ပေါ်ရှိ၊ မြို့မစျေးကြီးများနှင့် အခြားသော ဈေးရှိ ငါး/ပုဇွန် အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း