ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သံပုရာသီးဈေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ သံပုရာသီးကို မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးတစ်ဝိုက်ရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ မယ်ဇလီတော စသည့် ကျေးရွာများမှ အိမ်ခြံဝိုင်းများအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြီး ရောင်းချကြသလို မင်းဘူး၊ မကွေး၊ တောင်တွင်းကြီးနှင့် သရက်မြို့တို့မှလည်း မှာယူရောင်းချကြောင်း သိရသည်။

   သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး အသီးသီးချိန်၌ တစ်ပင်လျှင်ပျမ်းမျှအလုံးရေ(၈၀-၁၀၀)အထိ ထွက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် သံပုရာသီး (၁၀)လုံးလျှင် (အလုံးအကြီး၊အသေး)ပေါ်မူတည်၍ ကျပ်(၈၀၀-၁၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင် စက်တင်ဘာလ (ဒုတိယပတ်)တွင် ကျပ်(၅၀၀-၈၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀-၃၀၀)ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင်သံပုရာသီးအထွက်နှုန်းလျော့ကျလာသည့်အတွက်ဈေးနှုန်းမှာ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ကျောင်းဖွင့်ရာသီဖြစ်သည့်အတွက် ဖျော်ရည်ဆိုင်များ၊ အသုပ်ဆိုင်များမှလည်း ဝယ်ယူမှုများလျက်ရှိသည့်အတွက် အရောင်းအဝယ်မှာလည်းသွက်လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

ဇေယျာသီရိဈေး၌ ငှက်စွပ်မှိုဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အလေ့ ကျပေါက်လေ့ရှိသော ငှက်စွပ်မှိုများကို ကျေးရွာအတွင်းရှိ မှိုရှာရွာသူ/သားများမှ ဇေယျာသီရိဈေး အတွင်းသို့ စက်တင်ဘာလ(စတုထ္တပတ်)မှစတင်၍ ဝင်ရောက်ရောင်းချကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ငှက်စွပ်မှို (၁) ပိဿာလျှင် ကျပ်(၂၀၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ပေါ်စအချိန် စက်တင်ဘာလ(စတုထ္တပတ်)တွင် (၁)ပိဿာ လျှင် ကျပ်(၃၅၀၀၀)ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုအပတ်တွင် ကျပ်(၁၅၀၀၀) ခန့် ဈေးနှုန်းကျဆင်းကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ ယခုအချိန်  တွင် မြို့ပတ်ဝန်းကျင် ရှိကျေးရွာများ၌ ရာသီစာငှက်စွပ်မှိုများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိသော ကြောင့် ဈေးနှုန်းမှာကျဆင်း လာခြင်းဖြစ်ကြောင်း၊ ရာသီစာဖြစ်သည့်အတွက် လူကြိုက်များပြီး အရောင်းအဝယ်မှာ သွက်လျက် ရှိကြောင်းသိရသည်။

DOCA(မကွေး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၄၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၄၀၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါ​သည်။    

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ကျိုက်မရောဒေသထွက် ကျွဲကောသီးများ လှိုင်လှိုင်ထွက်၍ ဈေးကောင်းရရှိနေ

     ကျိုက်မရောမြို့နယ်အတွင်းရှိ နတ်စမ်းဒေသထွက်နာမည်ကြီး ကျွဲကောသီးများ လှိုင်လှိုင်ထွက်၍ ဈေးကောင်းလည်း ရရှိသဖြင့် မိသားစုအပိုဝင်ငွေများရနေကြောင်း သိရသည်။

      ကျွဲကောသီးပင်စိုက်ပျိုးရာတွင် သဘာဝမြေဩဇာများ စနစ်တကျထည့်သွင်းပေးရပြီး ပိုးမွှားအန္တရာယ်လည်းကျရောက်တတ်သဖြင့် ပိုးသတ်ဆေးလည်းပုံမှန်ဖြန်းပေးရသည်။ စိုက်ပျိုး သည့်မျိုးမှာ ဒေသမျိုးနှင့်နိုင်ငံခြားမျိုးဟူ၍ နှစ်မျိုးရှိပြီး နတ်စမ်းတွင် ဒေသမျိုးသာ အများဆုံး စိုက်ပျိုး‌လေ့ရှိကြောင်း သိရသည်။

     ကျွဲကောသီးမျိုးမှာ အဖြူမျိုးနှင့်ပန်းရောင်မျိုး နှစ်မျိုးရှိပြီး အရသာကိုလိုက်၍ အချိုမျိုး၊ အချဉ်မျိုးဟူ၍ ခွဲခြားခေါ်ဝေါ်ကြပြီး နတ်စမ်းကျွဲကောသီးအများစုမှာ ကျောက်စိမ်းသီး အဖြူမျိုးဖြစ်သည်။ ကျိုက်မရောဒေသထွက် ကျွဲကောသီးမှာ အောက်တိုဘာလဆန်းပိုင်းမှ စ၍ အသီးများလှိုင်လှိုင်ထွက်ရှိကာ ဈေးကောင်းလည်း ယခင်နှစ်များကထက် ပိုမိုရရှိပြီး သီတင်း ကျွတ် ကာလအဝယ်လည်းလိုက်ကြောင်း၊ကျွဲကော်သီးတစ်လုံးလျှင် (၅၀၀၀) ကျပ်မှ အနည်းဆုံး (၃၀၀၀) ကျပ်ရရှိပြီး မော်လမြိုင်မြို့ကြီးကိုသာမက ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ဒိုင်များက ပါ မှာယူနေကြသဖြင့် စိုက်ပျိုးသူပိုမိုများလာကာ အထွက်နှုန်းလည်းကောင်းပြီး ဈေးကောင်း လည်းရရှိချိန်ဝယ်လိုအားများချိန်တို့၌ ခူး၍ပင် မလောက်ကြောင်း ကျွဲကော်သီး စီးပွားဖြစ် စိုက်ပျိုးရောင်းချသူ ဒေါ်ခင်စန်းမြင့်၏ ပြောပြချက်အရ သိရသည်။

   ကျွဲကောသီးစားသုံးပေးခြင်းဖြင့် ပင်ပန်းနွမ်းလျခြင်း၊ အိပ်မပျော်ခြင်း၊ မျက်စိကြောင်ခြင်း၊ လည်ချောင်းနာခြင်းနှင့် ဆီးချိုရောဂါတို့ကို သက်သာပျောက်ကင်း ကောင်းမွန်သဖြင့် ကျွဲကော်သီးကို လူတိုင်းစားသုံးသင့်ကြောင်း ကျွဲကော်သီးခြံရှင်ကပြောသည်။

DOCA (မွန်)

မြို့မဈေး၌ အာလူးဈေးနှုန်းမြင့်တက်

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေး၌ ကျောက်ပန်းတောင်းမြို့နှင့် ရှမ်း ပြည်နယ်၊ အောင်ပန်း‌မြို့ တို့မှထွက်ရှိသော အာလူးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီးအသေး နှင့် အရည်အသွေးလိုက်၍) ကျပ်(၆၀၀၀-၆၅၀၀-၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ယခင် စက်တင်ဘာလ(ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် ကျပ်(၅၀၀၀-၅၅၀၀-၆၀၀၀)ဖြင့် ရောင်းချ လျက်ရှိရာ  ဈေးနှုန်းနှိုင်းယှဉ်ပါက အာလူး(၁)ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်းအာလူး ထွက်ရှိမှုမရှိသေးဘဲ ရှမ်းပြည်နယ် အောင်ပန်းမြို့မှ မှာယူရောင်းချရသည့်အတွက် သယ်ယူစရိတ်မြင့်မားလာ၍ အာလူးဈေးနှုန်းမှာ မြင့် တက်လာခြင်းဖြစ်ကြောင်း  သိရှိရသည်။

DOCA(မကွေး)

ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးဈေးနှုန်းကျဆင်း

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးရှိ  ကုန်စိမ်းသီးနှံ ဈေးကွက်တွင် မင်းဘူး၊ မကွေး၊ သရက်၊ တောင်တွင်းကြီးမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်း‌မြို့ တို့မှထွက်ရှိသော ခရမ်းချဉ်သီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

         ဈေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ခရမ်းချဉ်သီး (၁) ပိဿာလျှင် (အလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍) ကျပ်(၂၅၀၀-၃၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်(ပထမပတ်)တွင်  (၁)ပိဿာလျှင် ကျပ်(၂၄၀၀-၂၈၀၀)ဖြင့် ရောင်းချ လျက်ရှိရာ  ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ်(၁၀၀-၂၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးစိုက်ခင်း များထွက်ရှိလာသည့်အတွက် ဈေးကွက်အတွင်းခရမ်းချဉ်သီးဈေးနှုန်းမှာ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

အောက်တိုဘာလအတွင်း ဟင်္သာတကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄-၂၀၂၅ခုနှစ်ထွက်  ပဲမျိုးစုံနှင့် အစေ့ထုတ်ပြောင်းသီးနှံများအနက် မတ်ပဲ၊ ပဲယင်းနီ၊ အစေ့ထုတ်ပြောင်းသီးနှံ တို့သာအရောင်းအဝယ်ဖြစ်နေပြီး ကျန်ပဲများမှာလက်ကျန် အလွန်နည်းပါးလာပြီး ကုန်စည်ဒိုင်တွင် အရောင်းအဝယ်မဖြစ်ကြောင်း သိရှိရပါသည်။ ယခုတစ်ပတ် မတ်ပဲဈေးများမှာ ပိဿာ(၂၀)တစ်တင်း ကို(၈၆၀၀ဝိ/-)၊ ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၇၇၀၀ဝိ/-)၊ အစေ့ထုတ်ပြောင်းပိဿာ(၂၀) တစ်တင်းကို ( ၂၉၀၀ဝိ/-)ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရှိရပါသည်။

          ယခင်အပတ်နှင့် ကာလတူနှိုင်းယှဉ်ပါက မတ်ပဲနှင့် ပဲယင်းနီသီးနှံဈေးမှာတစ်တင်းကို၂၀၀ဝိ/ ကျပ်ထိဈေးကျဆင်းသွားပြီး အစေ့ထုတ်ပြောင်းသီးနှံဈေးမှာ ယခင်ပတ်ထက် တစ်တင်းကို ၁၀၀ဝိ/-ကျပ်ထိဈေးကျဆင်းသွားကြောင်း သိရှိရပါသည်။မတ်ပဲသီးနှံမှာ တစ်ရက်လျင်( ၁၀၀၀အိတ်မှ ၁၅၀၀ အိတ်)ထိအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ အစေ့ထုတ်ပြောင်းသီးနှံမှာ တစ်ရက်လျင် ၅၀၀ အိတ်မှ၁၀၀၀အိတ်)ထိအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ သီးနှံလက်ကျန်များလည်း နည်းပါးလာပြီဖြစ်၍ ရန်ကုန်သို့တင်ပို့နေသောမတ်ပဲအိတ်ရေမှာ တစ်ပတ်အတွင်းပျမ်းမျှအိတ်ရေ (၇၀၀၀)ခန့် တင်ပို့နိုင်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သထုံခရိုင်၏ ဆန်စပါးစျေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

    သထုံခရိုင်အတွင်းရှိမြို့နယ်များတွင် အောက်တိုဘာလ၏ ဒုတိယအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ အနည်းငယ်တက်လျက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်း ဒေသကြီး နှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၂၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့  (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၀၇) တန် စီးထွက်ခဲ့ပါသည်။ ယခုအောက်တိုဘာလ၏ ဒုတိယအပတ်တွင် မော်လမြိုင်သို့ (၂၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၀၇)တန်ခန့် စီးထွက်ခဲ့ပြီး ပထမအပတ်နှင့် နှိုင်းယှဥ်ပါက ပုံမှန်အတိုင်း စီးထွက်ခဲ့ပါသည်။

    သထုံခရိုင်အတွင်းသို့ စက်တင်ဘာလ၏ ပထမအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊  ပဲခူးတိုင်းဒေသကြီးမှ (၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၇၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၇၈) တန်ခန့်စီးဝင်ခဲ့ပြီး ယခုအောက်တိုဘာလ၏ ဒုတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၇၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၇၅) တန်ခန့် စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်ပထမအပတ်နှင့်နှိုင်းယှဥ်ပါက အနည်းငယ် လျော့ စီးဝင်ခဲ့ပါသည်။

     သထုံခရိုင်အတွင်း၌ ယခုအောက်တိုဘာလ၏ ဒုတိယအပတ်တွင် စပါး၊ ဆန်စျေးနှုန်းများ မှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်စျေး ကျားပျံဟိုတယ် (၂၇၀၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ    (၂၄၅၀၀၀၀ိ/-)ခန့်၊ ကမာကြည် (၁၀၀၀၀၀ိ/-) ခန့်၊ ဧည့်မထ (၁၂၅၀၀၀၀ိ/-) ခန့်နှင့် (၂၄) ပြည် ဝင်ဆန် တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၁၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ (၁၁၀၀၀၀ိ/-) ခန့်၊   ကမာကြည် (၆၉၀၀၀ိ/-) ခန့်၊ ဧည့်မထ (၅၀၀၀၀ိ/-) ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ အနည်းငယ်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီဈေးနှုန်းကျဆင်း

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီကို မင်းဘူး၊ မကွေး၊ သရက်၊ တောင်တွင်းကြီးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချ ကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (အပွင့်အကြီးအသေး ပေါ်မူတည်၍) ကျပ်(၂၀၀၀- ၃၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလ(ဒုတိယပတ်)တွင် ကျပ်(၅၅၀၀-၆၀၀၀)ဖြင့်ရောင်းချခဲ့ပြီး ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၃၀၀၀-၃၅၀၀) ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် ပန်းဂေါ်ဖီစိုက်ပျိုးရာဒေသများ၌ အထွက်နှုန်းများ လှိုင်လှိုင်ထွက်ရှိသောကြောင့် ဈေးနှုန်းမှာကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရ သည်။

DOCA(မကွေး)

အထက်မင်းလှမြို့၌ ကွမ်းရွက်ဈေးနှုန်းဆက်လက်ကျဆင်း

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့တို့ရှိ ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချ ကြောင်း သိရသည်။

            မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့် ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ()မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများကြကြောင်း သိရသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ကွမ်းရွက်ဝါ()ပိဿာ လျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၆၀၀၀ - ၈၀၀၀ -၁၀၀၀)၊ ကွမ်းသီးခြမ်း()ပိဿာလျှင် ကျပ်(၀၀၀-၂၈၀၀၀)၊ ကွမ်းသီးစိပ်()ပိဿာလျှင် ကျပ် (၂၀၀၀၀-၂၈၀၀၀)၊ ကွမ်းစားထုံး()လီတာ()ဘူးလျှင် ကျပ်(၂၀၀၀)၊ ကွမ်းစားနှပ်ဆေး()ထုပ် လျှင် ကျပ်(၁၀၀၀)၊ ဗမာဆေး()ထုပ်လျှင် ကျပ်(၇၀၀)စသည့် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

            အရောင်းအဝယ်အနေဖြင့် ()ရက်လျှင်ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက် ရောင်းချ ရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ()ပိဿာမှ ()ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ယခင်စက်တင် ဘာလ(ဒုတိယပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက် ကျပ်(၁၀၀၀-၂၀၀၀) ဈေးနှုန်းကျဆင်းအရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်သည် ကွမ်းစိုက်ပျိုးထွက်ရှိရာ ဒေသများရှိ ကွမ်းခြံများ၌ ကွမ်းအထွက်နှုန်းများလျက်ရှိသောကြောင့် ဈေးနှုန်းမှာကျဆင်းလာခြင်း ဖြစ်‌ကြောင်း   အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင် ပိုင်ရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း