တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ ပဲပင်ပေါက်ဈေးနှုန်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်ပဲပင်ပေါက်ကို နေရာအနှံအပြားတွင် တစ်နိုင်တစ်ပိုင် အပင်ဖောက် ရောင်းချကြပါသည်။ ပဲပင်ပေါက်ကို ပဲတီပင်ပေါက်ဖောက်၍ ရောင်းချလျက်ရှိရာ ပဲတီ စိမ်းအပင်ပေါက်ရာတွင်လည်း အသစ်ပေါ်သောပဲတီစိမ်းကို အပင်ဖောက်၍မရကြောင်း ပဲတီစိမ်း အဟောင်းကိုသာရှာဝယ်ပြီး ပဲတီပင်ဖောက်ကြကြောင်း သိရှိရပါသည်။ ယခင်အပတ် ဆိပ်ငယ်စည် ပင်သာယာဈေးကြီးနှင့် စမ်းချောင်းကုန်စိမ်းဈေးများတွင် တခြားကုန်စည်ဒိုင်များမှလည်း ဝယ်ယူ ရောင်းချနေကြောင်း ကုန်စိမ်းရောင်းချနေသူထံမှ သိရှိရပါသည်။

     ယခုအောက်တိုဘာလနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ပဲပင်ပေါက် ဈေးနှုန်းမှာ တစ်ထုပ်လျှင်(၀၀)ကျပ်ရှိပြီး တစ်ပိဿာ လျှင်(၅၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

 DOCA(တနင်္သာရီ)