
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်း သိရှိရ သည်။ ဒေသခံများသည် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့် သီးနှံများကို စိုက်ပျိုးကြသည့်အပြင် ဘူးသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မြိတ်မြို့ဈေးကြီးနှင့် ကျေးရွာဈေးများသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။ ဘူးသီးသည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ကာ ဒေသခံများအနေဖြင့် ဟင်းချိုချက်သောက်ခြင်း၊ ကြော်စား ခြင်းများ ပြုလုပ်လေ့ရှိ ကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလဒုတိယပတ်အတွင်း မြိတ်မြို့ပေါ်ရှိဈေးများ၌ ရောင်းချလျက် ရှိသော ဘူးသီးဈေးနှုန်းမှာ(၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံကုန်စိမ်း ရောင်း ချသူများထံမှ သိရှိရသည်။
DOCA(တနင်္သာရီ)
