ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လက်ပံတန်းမြို့မဈေးအတွင်းရှိ ပန်းရောင်းချမှုဈေးကွက်

          ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်  ၊ လက်ပံတန်းမြို့ရှိ  မတ်လတွင် ရောင်းချနေ သော ပန်းဈေးနှုန်းများကတော့ သစ်ခွပန်း (၁)ခက် ၁၀၀၀ ကျပ်၊ကြယ်တာယာပန်း (၁)စည်း ၂၀၀၀ ကျပ်၊ နှင်းဆီအပွင့်ကြီး (၁)စည်း ၃၀၀၀ ကျပ်၊နှင်းဆီပန်းအပွင့်သေး(၁)စည်း ၁၅၀၀ ကျပ်၊အောင် သပြေ(၁)စည်း ၅၀၀ ကျပ်၊ ဂန္ဓာမာပန်းအပွင့်ကြီး (၁)စည်း ၅၀၀၀ ကျပ်၊ဂန္ဓာမာပန်း အဖြူ(၁)စည်း ၃၀၀၀ကျပ်၊ဂန္ဓာမာအပွင့်သေးအဝါ (၁)စည်း ၂၀၀၀ ကျပ်၊မေမြို့ပန်းတစ်စည်း ၁၅၀၀ကျပ်၊ သစ္စာပန်းတစ်စည်း ၁၅၀၀  ကျပ်၊ ဇော်ကြားပန်း (၁)စည်း ၁၀၀၀ ကျပ်၊ ဇော်လုံး(၁)စည်း ၁၅၀၀ ကျပ်၊ စိန်ချယ်(၁)စည်း ၁၀၀၀ကျပ်၊ အာဆီယံ သပြေ (၁)စည်း ၅၀၀ ကျပ် စသည့်ဈေးနှုန်းများဖြင့် ရောင်းချနေကြကြောင်း မေးမြန်းသိရှိရ ပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်းရောင်းချနေသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်များဈေးကွက်

          ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ငပိ၊ ငခြောက်၊ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ငပိ တစ်ဆယ်ကျပ်သားလျှင် ၁၆၀၀/၁၇၀၀ ကျပ်ဈေးနှုန်း များဖြင့် ရောင်းချလျက်ရှိပါသည်။ မြိတ်ဒေသထွက်ကုန် မျှင်ငပိဗူး ၂၅ ကျပ်သား တစ်ဗူးလျှင် ၄၀၀၀/ကျပ်၊ဈေးနှုန်းတို့ဖြင့် ဈေးကွက်အတွင်း ရောင်းချလျှက်ရှိပါသည်။ ငပုတ်သင်ခြောက် တစ်ဆယ် ကျပ်သားလျှင် ၃၅၀၀/၄၀၀၀ ကျပ်၊အာဗြဲခြောက် အချိုခြောက်တစ်ဆယ် ကျပ်သားလျှင် ၃၅၀၀/၄၅၀၀ /၆၀၀၀ ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ဈေးနှုန်းမြင့်တက် ရောင်းချလျက် ရှိပါသည်။ အသားမြှောင်း ခြောက်တစ်ဆယ်ကျပ်သားလျှင် ၂၈၀၀/၃၀၀၀ ကျပ်၊SP ခြောက် (ငဖီးမ) ခြောက် တစ်ဆယ်ကျပ်သား လျှင် ၁၆၀၀ ကျပ်၊ ငတံခွန်ခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၀၀၀/ ၂၅၀၀/၂၈၀၀ ကျပ်၊ ငနီတူခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၂၀၀ ကျပ်၊ငရံ့လုံးခြောက်တစ်ဆယ် ကျပ်သားလျှင် ၄၀၀၀/၅၀၀၀/၆၀၀၀ကျပ်၊ ငဇင်းပြားခြောက် တစ်ဆယ် ကျပ်သားလျှင် ၁၅၀၀/၂၀၀၀ ကျပ်ဈေးတို့ဖြင့် ပုံမှန်ရောင်းချလျက် ရှိပါသည်။

          ပုဇွန်ခြောက်ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက်တစ်ဆယ်ကျပ်သားလျှင် အနည်းဆုံး ၅၀၀၀ ကျပ်မှစတင်၍  ၁၅၀၀၀ ကျပ်ထိ ဈေးနှုန်းများရှိနေပါသည်။အများဆုံးဝယ်ယူလျက် ရှိသော ပုဇွန် ခြောက်မှာ ၈၀၀၀ /၉၀၀၀/၁၀၀၀၀ /ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ပုဇွန်ခြောက်များ ဖြစ်ပါ သည်။ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ယခင်လနှင့်ယခုလနှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်း သွားခြင်းမရှိပဲ ပုံမှန်ဈေးတို့ဖြင့်ရောင်းချလျှက်ရှိကြောင်း ဈေး အတွင်းငပိ၊ငခြောက်၊ပုဇွန်ခြောက် ရောင်းချသူ တစ်ဦးထံမှ သိရှိရပါ သည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်၊ ကျီးသဲမြို့ရှိ ကျေးရွာများတွင် သစ္စာပန်းများစိုက်ပျိုးထွက်ရှိ

 ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲမြို့သို့ သွားရာလမ်းတလျှောက်တွင် သစ္စာပန်းပင် များကို စီးပွားဖြစ်ရော၊ တစ်နိုင်၊ တစ်ပိုင်ပါ စိုက်ပျိုးရှိတာတွေ့ရပါသည်။ စိုက်ပျိုးသော မျိုးများမှာ မြန်မာမျိုးနှင့် ဟော်လန်မျိုးတို့ဖြစ်ပါသည်။ ယခုအချိန်ဖြစ်သော မတ်လတွင် သစ္စာပန်းများ စတင်ထွက်ပေါ် လာချိန်ဖြစ်၍ ကျေးရွာများတွင် အဝယ်ဒိုင်များဖွင့်လှစ်ပြီး ရွှေမြို့ရှိ ပန်းဒိုင်များ သို့တင်ပို့ရောင်းချသည်ဟု သိရပါသည်။ ရွှေတောင်မြို့မှ ရွှေနတ်တောင် ဘုရားသို့သွားရာလမ်းဖြစ်သော ရွှေနတ်တောင်ဘုရား ကျော်လျှင် တွေ့ရသော ကျေးရွာများဖြစ်သော ရွှေမြင်တင်ရွာ၊ ရွှေကျွန်း ကုန်းရွာ၊ လိပ္ပုတ်ကုန်း ကျေးရွာများတွင် အများအပြား စိုက်ပျိုးကကြပါသည်။  ရောင်းချသော ဈေးနှုန်းအနေဖြင့် (၅)တံစည်းတစ်စည်းလျှင် ဖောက်သည်ဈေး ၁၀၀၀-၁၅၀၀ကျပ်ဖြင့် ရောင်းချကြ ပါသည်။ ရွှေတောင်မြို့ ပန်းဒိုင်များမှတစ်ဆင့် နယ်စုံသို့တင်ပို့ ရောင်းချသလို ရန်ကုန်မြို့ရှိ ဈေကွက်များသို့ တင်ပို့ရောင်းချ ကြပါသည်။ ပြည်မြို့ရှိဈေးကွက်များသို့လည်း ရွှေတောင်မြို့ထွက် သစ္စာပန်းများတင်ပို့ရောင်းချသဖြင့် ဈေးကွက်တွင်ရောင်းချသော ဈေးမှာ (၅)တံပါတစ်စည်းလျှင် ၂၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။

          သစ္စာပန်းရောင်းချသူများအနေဖြင့်လည်း အရင်းအနှီးကြီးသဖြင့် ပန်းဈေးများလည်း မြင့်တက် လာသော်လည်း ဝယ်ယူသူများကလည်း ဝယ်ယူမှုရှိသဖြင့် အကျိုးအမြတ်များလည်း ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ မတ်လဒုတိယပတ် ပဲမျိုးစုံဈေးနှုန်းဈေးကွက်

ပြည်ကုန်စည်ဒိုင်သည်လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော မြို့ဖြစ်၍ ပဲမျိုးစုံ အရောင်း အဝယ်သွက်လျက်ရှိပါသည်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲများ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

          မတ်လဒုတိယပတ်တွင် မတ်ပဲအသစ်များအဝင်ရှိပြီး ကုန်းပဲနှင့် လယ်ပဲများပါ အဝင်ရှိနေ ပါသည်။ မတ်ပဲ(ကုန်းပဲ) တစ်တင်းလျှင် ၉၂၅၀၀-၉၃၀၀၀ကျပ်၊ မတ်ပဲ (လယ်ပဲ)တစ်တင်းလျှင် ၉၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ပဲစင်းငုံ(သစ်) တစ်တင်းကို ၉၂၅၀၀-၉၃၀၀၀ကျပ်ဖြင့် ရန်ကုန်သို့တင်ပို့မှု (၂၅၀)ခန့်ရှိပါသည်။

          ကုလားပဲ(HL) တစ်တင်းကို ၈၀၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၀၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲ စက်သမားနှင့် နယ်စုံအဝယ်တစ်ရက်ကို အိတ် ၃၀၀ခန့်ရှိပါသည်။ ပဲကြီး (ရွှေကျွန်း) တစ်တင်းကို ၈၁၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၇၆၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၂၀၀ခန့် အဝယ်ရှိပါသည်။ ဘိုကိတ်ပဲတစ်တင်းကို ၇၃၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၁၀၀-၁၅၀ခန့် အဝယ်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ပဲသစ်နှင့်ပဲဟောင်း (၂)မျိုးစလုံးအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

နွေဦးရာသီနှင့်လိုက်ဖက်သော ဟင်းထုပ်နှင့်အခြားသရေစာများ

ဆောင်းအကုန်နွေအကူး လေရူးထသည့် နွေဦးကာလတွင် ရာသီဥတုပူပြင်းသဖြင့် အချို၊ အချဉ်၊ အငန်၊အစပ် အရသာများကို စားသုံးလေ့ရှိကြပါသည်။ တောင်ငူမြို့ပေါ်ရှိ လမ်းမများတွင် ရာသီဥတု ဒဏ်ကို အံတု၍ ဝမ်းရေးအတွက် လှုပ်ရှားနေကြသည့် ခေါင်းရွက်စျေးသည်လေးများသည် ဟင်းထုပ်၊ သရက်သီးစိတ်၊ကန်စွန်းဥ၊ပဲမြစ်၊ဆီးသီးနှင့် မြေပဲပြုများ ရောင်းချလျှက်ရှိပါသည်။

ဟင်းထုပ်ကို ကြက်သားဟင်းထုပ်၊ ငါးဟင်းထုပ်နှင့် သက်သက်လွတ်ဟင်းထုပ် (၃) မျိုး ရောင်းချ လျှက်ရှိပြီး ကြက်သားဟင်းထုပ်နှင့် ငါးဟင်းထုပ်တစ်ထုပ်လျှင် ၅၀၀ ကျပ်၊ သက်သက်လွတ်ဟင်းထုပ် (၃)ထုပ်လျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျှက် ရှိပါသည်။ သရက်သီးစိတ်၊ ကန်စွန်းဥ၊ ပဲမြစ်၊ ဆီးသီးနှင့် မြေပဲပြုများကို ၁ထုပ်လျှင် ၅၀၀ ကျပ်ဖြင့် ‌ရောင်းချလျှက်ရှိပြီး တစ်ရက်လျှင် ဟင်းထုပ် ၂၀၀ ထုပ်ခန့် ရောင်းချရပြီး အခြားသရေစာများလည်း အရောင်းသွက်ကြောင်း ဟင်းထုပ်နှင့် အခြားသရေစာ ရောင်းချ သည့် စျေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ပန်းဂေါ်ဖီ၊ သခွားသီး နှင့် ဂေါ်ဖီစျေးကျ

          တောင်ငူမြို့ ညောင်ပင်ဈေးတွင် ခရမ်းချဉ်သီး (ဒေသသီး)မှာ ယခင်လက ၁၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၈၀၀ ကျပ်အထိ စျေးနှုန်းကျဆင်းသွားပါသည်။    

သခွားသီးမှာ ယခင်လက ၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၁၈၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ ဂေါ်ဖီမှာ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။ ပန်းဂေါ်ဖီပွင့် စျေးနှုန်းအနေဖြင့် အပွင့်ကြီး တစ်ပွင့်လျှင် ၁၀၀၀ ကျပ် ဖြစ်ပြီး၊ အပွင့်အသေး တစ်ပွင့်လျှင် ၈၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

ခရမ်းသီးအညိုမှာ ယခင်လက တစ်ပိဿာလျှင် ၂၅၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၂၀၀၀ ကျပ်၊ ခရမ်းသီးအဖြူမှာ ယခင်လက ၁၅၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၁၂၀၀ ကျပ်၊ ခရမ်းသီးအဝိုင်းမှာ ယခင်လက တစ်ပိဿာလျှင် ၃၅၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၃၀၀၀ ကျပ် အထိ ဈေးနှုန်း ကျဆင်း သွားပါသည်။

          ဒေသတွင်းစိုက်ပျိုးသည့် ဒေသထွက်အသီးအနှံများဖြစ်ပြီး လတ်ဆတ်သည့်အပြင် စျေးနှုန်း လည်းချိုသာသဖြင့် အ‌ရောင်းအဝယ်ကောင်းကြောင်း ညောင်ပင်စျေးရှိ ဟင်းသီးဟင်းရွက် အ‌ရောင်းဆိုင် များမှ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် အိမ်မွေးကြက်သား စျေးအနည်းငယ်တက်

          တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ကြက်သား (အိမ်မွေးကြက်)မှာ ယခင်လက တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၂၀၀၀ ကျပ် တက်ပြီး စီပီကြက်သားမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဖြင့် စျေးနှုန်းတည်ငြိမ်နေပါသည်။

          ဘော့ပုဇွန်မှာ ယခင်လက တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၂၃၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၃၀၀၀ တက်ပြီး ချောင်းပုဇွန်မှာ တစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

          ငါးဖယ်ခြစ်မှာ ယခင်လက တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၃၂၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၂၀၀၀ ကျပ် တက်သွားကြောင်း ညောင်ပင်စျေးရှိ အသား၊ငါး အ‌ရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်မှ ထုတ်လုပ်သော “တော်ဝင်သူ”ခေါင်းလျှော်ရည်

  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် အသေးစားလုပ်ငန်းများစွာ ထွန်းကားလျက်ရှိ ပါသည်။ လုပ်ငန်းများစွာအနက်“တော်ဝင်သူ”အမှတ်တံဆိပ်ခေါင်းလျှော်ရည် လုပ်ငန်းသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။

              “တော်ဝင်သူ” ခေါင်းလျှော်ရည်ကို ဓာတုလျှော့ချနည်းပညာဖြင့် ထုတ်လုပ်ထားပါသည်။ ခေါင်းလျှော်ရည်တွင် တရော်၊ ကင်ပွန်းသီး၊ မန်ကျည်းမှည့်၊ ရှားစောင်းလက်ပတ်၊ သံပုရာသီး၊ ကန်စွန်းရိုး နီ၊ သခွားသီး၊ ပျားရည်၊ ပျင်းတော်သိမ်၊ သံလွင်ဆီ၊ ထောလပတ်၊ လက်ဖက်တို့ပါဝင်ပြီး သဘာဝ အသီး အရွက်များဖြင့် အချိုးကျပေါင်းစပ်ထုတ်လုပ်ထားပါသည်။ ခေါင်းလျှော်ရည်ကို သုံးစွဲခြင်းအားဖြင့် ဆံပင် ကျွတ်ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း၊ ဦးရေပြားဗောက်ထခြင်းတို့ကို သက်သာစေခြင်း ဆံသားများ နူးညံ့ ပျော့ပြောင်းပြီး ဆံပင်အရှည်မြန်စေပါသည်။

              “တော်ဝင်သူ” ခေါင်းလျှော်ရည်ကို လက်ကားဈေး ဘူးသေးတစ်ဘူးလျှင် ၂၂၀၀ ကျပ်၊ လက်လီ ဘူးသေးတစ်ဘူးလျှင် ၂၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဘူးကြီးတစ်ဘူးလျှင် လက်ကားဈေး ၈၅၀၀ ကျပ်၊ လက်လီဈေး ၉၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လက်ရှိတွင် တောင်ငူမြို့နယ် အတွင်းသာ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး အခြားမြို့နယ်များသို့ ဆက်လက် ဖြန့်ဖြူးရောင်းချ နိုင်ရန် ကြိုးစားလျက် ရှိပါကြောင်း တော်ဝင်သူ ခေါင်းလျှော်ရည် လုပ်ငန်းပိုင်ရှင်ဒေါ်မိုးသန္တာ ၏ ပြောကြားချက် အရ သိရှိရပါသည်။

DOCA(ပဲခူး)

ဒေသထွက်ရာသီပေါ် မေမြို့ပန်းဈေးကွက်

       မေမြို့ပန်းသည် အခိုင်လိုက် အစုလိုက်ပွင့်သောပန်းမျိုးဖြစ်ပါသည်။ ပန်းအရောင်မှာ အဖြူ၊ အနီ၊ ပန်းရောင်း၊ ဗေဒါရောင်တို့ရှိပါသည်။ မျိုးစေ့ပုလင်းများမှာယူပြီး စိုက်ပျိုးကြပါသည်။ မြန်မာအခေါ် ရိုးစိမ်းဖြူ၊ ကျောက်နီ၊ ချင်းမိုင်စသဖြင့် အပွင့်အရောင်ပေါ်မူတည်၍ ခေါ်ကြပါသည်။ နေရောင်ခြည်အပြည့်အဝရရှိမှုကို ကြိုက်နှစ်သက်ပါသည်။ အေးလွန်းသည့်အခါတွင်လည်း ပန်းများ ပွင့်နှုန်းလျော့တတ်ကြပါသည်။ ပန်းမျိုးစေ့ကို ဘောင်များဖြင့် ပျိုး‌ထောင်ထားရပါသည်။ ပျိုးထောင် ပြီး (၁၅)ရက်ခန့်အကြာတွင် စိုက်ကွင်းအတွင်းသို့ စတင်စိုက်ပျိုးနိုင်ပါသည်။ မေမြို့ပန်းများကို အပင်လိုက် နှုတ်စည်း၍ဈေးများတွင် ရောင်းချကြပါသည်။ အပင်ကြီးထွားမှုနှင့် အပွင့်အရောင် အသွေးပေါ်မူတည်၍ ဒေသအလိုက်ဈေးနှုန်းမတူညီနိုင်ပါ။ မေမြို့ပန်းစိုက်ပျိုးသည့် ဒေသများမှာ မြန်မာပြည်အနှံ့အပြားတွင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ပြည်ဒေသနှင့် အနီးတဝိုက်ရှိ ရွာများဖြစ် သော မှော်ဇာရွာ၊ တောင်လုံးညိုရွာနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ကျီးသဲ၊ မြို့မစသည့် ဒေသများတွင်လည်း မေမြို့ပန်းများကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ဒေသထွက် မေမြို့ပန်းများကို ပန်းဒိုင်များသို့ လိုင်းကားများဖြင့် လာရောက်ရောင်းချကြပါသည်။ ပန်းဒိုင်များမှ တစ်ဆင့် ပန်းများကို ရန်ကုန်၊ မင်္ဂလာဒုံ၊ ထောက်ကြန့်စသည့် ဒေသများသို့ ပြန်လည်ရောင်းချကြပါသည်။ မေမြို့ပန်းများသည် အရောင်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိပါသည်။ မေမြို့ပန်း(၅)ပင်ပါ တစ်စည်းလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလ ပဲမျိုးစုံဈေးနှုန်း

       ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီလတွင် ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ဘိုကိတ်ပဲသစ်များ အဝင်ရှိပြီး ကျန် ကုလားပဲ၊ ပဲကြီး၊ မတ်ပဲသီးနှံများမှာ လက်ကျန်ပဲများကိုသာ အရောင်းအဝယ်ပြုလုပ်လျက်ရှိပါသည်။

မတ်ပဲ

       ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလပထမပတ်တွင် မတ်ပဲတစ်တင်းကို (၁၀၂၅၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၂၅၀)ခန့် အဝယ်ရှိပါသည်။ ဇန်နဝါရီလ ဒုတိယပတ်တွင် မတ်ပဲဈေး ကျပြီး ပဲတစ်တင်းကို (၉၉၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၂၀၀)ခန့်ရှိပါသည်။ တတိယပတ်တွင် မတ်ပဲတစ်တင်းကို (၉၇၀၀၀-၉၈၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၂၀၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို (၉၈၀၀၀)ကျပ်ဖြင့် ရန်ကုန်တင်ပို့မှုမှာ တစ်ရက်ကို အိတ်(၂၅၀)ခန့်ရှိပါသည်။

ပဲတီစိမ်း

       ဇန်နဝါရီလပထမပတ်တွင် ပဲတီစိမ်းသစ်တစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၆၀၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲတီစိမ်းဈေးအေးပြီး ပဲတစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် တစ်ရက်ကို မန္တလေးအဝယ်အိတ် (၅၅၀)ခန့်ရှိပါသည်။ ဇန်နဝါရီလတတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၉၉၀၀၀)ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကို အိတ်(၂၀၀)ခန့် ရှိပါသည်။ စတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၉၉၀၀၀)ကျပ်ဖြင့် မန္တလေးအဝယ်အိတ်(၂၀၀)ခန့်ရှိပါသည်။

ပဲစဉ်းငုံ

       ဇန်နဝါရီလပထမပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၉၆၅၀၀)ကျပ်ဖြင့် ပဲစဉ်းငုံသစ်များအဝင်ရှိပြီး တစ်ရက်ကိုအိတ်(၄၀၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၉၀၀၀၀-၉၁၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၃၅၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ဇန်နဝါရီလတတိယပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၉၃၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို (၃၅၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၉၆၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၃၀၀)ခန့် ရှိပါသည်။

ကုလားပဲ

       ဇန်နဝါရီလ ပထမပတ်တွင် ကုလားပဲ(HL)တစ်တင်းကို (၉၈၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် နယ်စုံအဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၉၇၀၀၀-၉၈၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့် ရှိပါသည်။ တတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းကို (၉၄၀၀၀-၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ်(၂၀၀)ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ(HL)တစ်တင်းကို (၉၂၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် နယ်စုံအဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့်ရှိပါသည်။

ပဲကြီး

       ဇန်နဝါရီလ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၈၅၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို(၈၀၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကို အိတ်(၃၀၀)ခန့် အဝယ်ရှိ ပါသည်။ ဒုတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို (၈၅၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၈၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့် ရှိပါသည်။ တတိယပတ်တွင် ပဲကြီး(‌ရွှေကျွန်း)တစ်တင်းကို (၈၅၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို (၈၀၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများအဝယ်တစ်ရက်ကို အိတ်(၃၀၀)ခန့်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၈၅၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို (၈၀၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့်ရှိပါသည်။

ဘိုကိတ်

       ဇန်နဝါရီလ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၈၀၀၀၀-၈၁၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၁၀၀-၁၅၀)ခန့် ရှိပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲ တစ်တင်း ကို (၈၀၀၀၀-၈၁၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၁၀၀)ခန့် ရှိပါသည်။ တတိယ ပတ်တွင် ဘိုကိတ်တစ်တင်းကို (၈၁၀၀၀-၈၂၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၁၅၀)ခန့်ရှိပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်တစ်တင်းကို (၈၃၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ်(၁၅၀)ခန့်ရှိပါသည်။

       ပြည်မြို့ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲများမှာ အရောင်းအဝယ်သွက်လျက်ရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း