ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လားရှိုးမြို့ရှိ ပဲပင်ပေါက်နှင့်ပဲပြားဈေးနှုန်း

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ  ပဲပင်ပါက်နှင့် ပဲပြားများကိုလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

  ပဲပင်ပေါက်ဈေးနှုန်းမှာ  တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၅၀၀) ကျပ်အထိရှိပြီး၊ ပဲပြား ဈေးနှုန်းမှာ ပဲပြားတစ်တုံးလျှင် (၁၀၀၀ မှ ၁၅၀၀) ကျပ်ထိ ရောင်းချကြောင်းသိရသည်။ ပဲပင်ပေါက် နှင့်ပဲပြားကို မြို့ထဲရှိရေခြံစိုက်ပျိုးရေးလုပ်ကိုင်သူများနှင့် တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူများမှ လာရောက် ရောင်းချကြကြောင်းလည်း သိရှိရသည်။

 DOCA(ရှမ်း)

မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်ရှိ ပူစီနံနှင့် နံနံပင်ဈေးနှုန်း

         မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် နံနံပင်၊ ပူစီနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါ သည်။  စိုက်ပျိုးထွက်ရှိသော သီးနှံများမှ ပူစီနံပင်များနှင့် နံနံပင်များကို  မုံရွာမြို့၊ နန္ဒဝန်ဈေး သစ်တွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ နံနံပင်နှင့်ပူစီနံသည်  မြန်မာ ဟင်းများတွင် သာမက မုန့်ဟင်းခါးအသုပ်စုံတို့တွင်လည်း တွဲဖက်စားသုံးကြပါသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် နန္ဒဝန်ဈေးသစ်တွင်  ရောင်းချနေ သော နံနံပင်ဈေးနှုန်းမှာ တစ်စည်းလျှင်(၂၀၀)ကျပ်၊ (၃)စည်းလျှင်(၅၀၀)ကျပ်ဖြစ်ပြီး ပူစီနံ ဈေးနှုန်းမှာ တစ်စည်းလျှင် (၂၅၀)ကျပ်မှ (၃၅၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ပိန်းဥနှင့် ပီလောပီနံဥ ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များ တွင်  ပိန်းဥနှင့် ပီလောပီနံဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ပိန်းဥ နှင့် ပီလောပီနံဥကို  ပြုတ်၍သော်လည်းကောင်း၊ ပေါင်း၍သော်လည်းကောင်း သရေစာအဖြစ် ပြုလုပ်စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်း ရတနာဈေးတို့တွင်   ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၄၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၆၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာ လျှင်(၃၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စက်တင် ဘာလ နောက်ဆုံးပတ်တွင် ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၃၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၅၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၈၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၃၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း   သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၏ ပန်းသီးနှင့် နဂါးမောက်သီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးနှင့် နဂါးမောက်သီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။  ပန်းသီးနှင့် နဂါးမောက်သီးများကို သစ်သီးပွဲရုံများ မှ မှာယူရောင်းချလျက်ရှိကြောင် သိရှိရပါသည်။   နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်း နွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါသည်။ ပန်းသီးနှင့် နဂါးမောက်သီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာပေးပြီး၊ ပန်းသီး ဖျော်ရည်၊ နဂါးမောက်သီးဖျော်ရည်များ ပြုလုပ်စာသောက်ရသည့်အတွက် လူကြိုက်များ ကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံးကြီး(၁)လုံးလျှင် (၃၆၀၀)ကျပ်၊ (၃)လုံးလျှင်(၁၅၀၀၀)ကျပ်နှင့်  ပန်းသီးအလုံးသေး (၄)လုံးလျှင် (၅၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ နဂါးမောက်သီး အလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၆၀၀)ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင်(၈၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးအေးလျက်ရှိသောရှမ်းကြက်သွန်ဖြူ

   ရှမ်းပြည်နယ်၏ ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်းသည် ဒေသတွင်းစားသုံးမှုနှင့် ပြည်ပ တင်ပို့မှုအတွက် စိုက်ပျိုးသည်။ အဓိကအားဖြင့် ကျေးလက်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသောသီးနှံတစ်ခုဖြစ်ပြီး ဈေးကွက်ရရှိမှုတို့အတွက် လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။

          သို့ရာတွင် ယခုနှစ်၏ ပြည်ပတင်ပို့မှုအားနည်းသောကြောင့် ရှမ်းကြက်သွန်ဖြူဈေးကွက် အနေဖြင့် ယခင်နှစ်ထက်ဈေးကွက်ဈေးနှုန်းအရ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ရှမ်းပြည်နယ်မှ ကြက်သွန်ဖြူစိုက်ပျိုးရောင်းချသော တောင်သူများထံမှသိရသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် လတ်ခြား(၂၆၀၀)ကျပ်၊ ထူး-၁(၅၀၀၀)ကျပ်၊ ထူး-၂(၆၄၀၀)ကျပ်၊ ထူး-၃(၈၄၀၀) ကျပ်၊ ထူး-၄(၁၀၄၀၀)ကျပ်၊ ထူး-၅/လွန်ရော(၁၂၄၀၀)ကျပ်ထိ ဈေးရှိခဲ့သော်လည်း ယခု ၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် လတ်ခြား(၁၃၀၀)ကျပ်၊ ထူး-၁(၂၅၀၀)ကျပ်၊ ထူး-၂(၃၂၀၀)ကျပ်၊ ထူး-၃(၄၂၀၀)ကျပ်၊ ထူး-၄(၅၂၀၀)ကျပ်၊ ထူး-၅/လွန်ရော(၆၈၀၀)ကျပ်သာ ဈေးရှိကြောင်းလေ့လာ သိရှိရပါသည်။

DOCA(ရှမ်း)

ရာသီမရွေး  စိုက်ပျိုးရောင်းချသည့် ကောက်ရိုးမှိုဈေးနှုန်း

          ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် မိမိတို့ပိုင် မြေကွက်အလွတ်များတွင် တစ်ပိုင်တစ်နိုင်အနေဖြင့်  နှစ်စဉ် ကောက်ရိုးမှိုပျိုးရောင်းသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ကောက်ရိုးမှိုသည် ရာသီမရွေး စိုက်ပျိုးရောင်းချ ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ပထမပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှို ဈေးနှုန်းအနေဖြင့် ကောက်ရိုးမှို တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သား(၃၀၀၀)ကျပ် နှင့်(၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချပြီး စားသောက်ဆိုင်များ ထမင်းဆိုင် များမှ ဝယ်ဘူသည့်အတွက်ဈေးကောင်းသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်း

     မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် အသား၊ ငါးများ၊ အသီးအရွက်များအပြင် ဖိုလ်ဝင်းတောင် ဒေသထွက် မျှစ်စိမ်းနှင့် မျှစ်ပြုတ်များလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် မျှစ်စိမ်း (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ မျှစ်ပြုတ် (၅၀)ကျပ်သား လျှင် (၃၀၀၀)ကျပ်၊  တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကုလားပဲဆံ နှင့် ပဲတီဆံ

             ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံ နှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       ၂၀၂ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကုလားပဲဆံ ဈေးနှုန်းအနေဖြင့် ကုလားပဲဆံ တစ်ပြည့်လျှင်(၉၅၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၄၈၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၁၂၀၀)ကျပ်၊ ပဲတီဆံ တစ်ပြည်လျှင်(၈၅၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၄၄၀၀)ကျပ် နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသော ကြောင့် ကုလားပဲဆံ တစ်ပြည်လျှင်(၁၀၀၀)ကျပ် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စိုက်ပျိုးသင့်တဲ့ ငွေနှင်းမှို

   မြန်မာနိုင်ငံရဲ့လတ်တလောခေတ်ကာလအခြေအနေတွေကြားမှာ မှိုစိုက်ပျိုးရေးဟာ တကျော့ ပြန် ခေတ်စားလာပါတယ်၊ တော၊ တောင်တွေ ပြုန်းတီးနေပြီး လူနေအိမ်တွေ များပြားလာတာကြောင့် သဘာဝပေါက်တဲ့မှိုတွေလည်းရှားပါးလာပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက်အထိ ရှမ်း ပြည်နယ်(တောင်ကြီး)မှာ မိုးရာသီဆိုရင် မှိုတွေအမြောက်အမြားထွက်ရှိတာကြောင့်မှိုဈေးတန်း ဆိုပြီး တောင်  မှိုဈေးကွက်ရှိခဲ့ပါတယ် ၊ သဘာဝမှိုကို ရေဆေး၊ အခြောက်လှန်း၊ ဆီသန့်သန့် နဲ့ ကြော်၊ ဗူးသွပ် ပြီး မှိုဆီကြော် (မှို ဆီစိမ်) ဆိုပြီးရောင်းကြပါတယ်၊ အရသာရှိလွန်းပြီး သတ်သတ်လွတ်ဖြစ်တာ ကြောင့် ဝါတွင်း သတ်သတ်လွတ်စားသူများ၊ ဘာသာရေးအရ သတ်သတ်လွတ် အမြဲစားတဲ့ တရုတ်လူ မျိုးတွေအကြိုက်တွေ့တာကြောင့်ဈေးကောင်းရတဲ့အစားအသောက်အဖြစ်လူကြိုက်များပါတယ်။

အခုတော့သဘာဝမှိုတွေရှားပါးလာတာကြောင့်စိုက်ပျိုးရေးမှိုတွေကအစားဝင်ရောက်လာပါ တယ်၊မှိုအမျိုးမျိုးရှိတဲ့အထဲကမှငွေနှင်းမှိုတွေကစိုက်ပျိုးရလွယ်ကူမှု၊စားစရာလက်တစ်ကမ်းရရှိမှုတွေ ကြောင့်တပိုင်တနိုင်စိုက်ပျိုးသူတွေအတွက်စိတ်ဝင်စားစရာမှိုတစ်မျိုးဖြစ်လာခဲ့ပါတယ်။

ငွေနှင်းမှိုမှာ သဘာဝအလေ့ကျပေါက်တဲ့ မှိုမျိုးနွယ်တစ်ခုဖြစ်၍၊   Basidiomycota အုပ်စုထဲမှာ ပါဝင်ပြီးဒီအုပ်စုကတော့မှိုမျိုးနွယ်တွေထဲမှာစားကောင်းတဲ့ မှိုအများဆုံးပါဝင်နေတဲ့အုပ်စုဖြစ်ပါ တယ်၊ လက်တွေ့စမ်းသပ်မှုကိုတော့ဂျာမနီလူမျိုးဖလက်ဆိုသူက ပထမကမ္ဘာစစ်အတွင်းမှာစတင် ခဲ့တာ လို့ သိရပါတယ် ၊စစ်ဖြစ်နေတဲ့ကာလတွေအတွက် ငွေနှင်းမှိုက အဆင်ပြေတဲ့စားစရာတစ်ခုဖြစ်ခဲ့ပြီး  ယခု ကမ္ဘာအနှံ့မှာ စိုက်ပျိုးထုတ်လုပ်နေကြပြီဖြစ်ပါတယ်။

ငွေနှင်းမှိုကို အပူချိန် ၂၀-၃၀ ဒီဒရီ နဲ့ စိုထိုင်းစ ၅၅-၇၀ ရာခိုင်နှုန်းအထိရှိနေတဲ့ နေရာတွေမှာ စိုက်ပျိုးနိုင်ပါတယ်၊ ပူတဲ့ အချိန်တွေမှာဆိုရင်ဆိုရင်တော့ စိုထိုင်းဆကို ပိုပေးပြီး စိုက်နိုင်ပါတယ်၊ယနေ့ ခေတ်မှာဆိုရင် ငွေနှင်းမှိုဟာ တတိယမြောက် ကမ္ဘာ့စိုက်ပျိုးရေးထုတ်လုပ်မှုအမြင့်ဆုံးမှိုု တစ်မျိုးဖြစ် နေပါတယ်၊တရုတ်နိုင်ငံမှာဆိုရင်စိုက်ပျိုးထုတ်လုပ်မှု၈၈ရာခိုင်နှုန်းရှိပြီးအများဆုံးဖြစ်တယ်လို့ လည်း သိရှိရပါတယ်၊စီးပွားရေးအရ အကျိုးအမြတ် ဖြစ်ထွန်းတဲ့အပြင် ၄၅ရက်၊တစ်သုတ်ထုတ်လုပ် နိုင်တာ ကြောင့်ဝယ်လိုအား၊ရောင်းလိုအားတွေကို ချိန်ညှိနိုင်တဲ့ သီးနှံတစ်ခုလည်းဖြစ်နေပါတယ်၊ စာတွေ့အရ ၄၅ရက်တစ်သုတ်ဆိုပေမဲ့စိုက်ပျိုးပြုစုသူရဲ့ကျွမ်းကျင်မှုအလိုက်သက်တမ်းအတိုး၊အလျော့လည်း ပြု လုပ်နိုင်ပါသေးတယ်၊ပြုစုစောင့်ရှောက်ပုံမှာလွယ်ကူရိုးရှင်းပြီးလေဝင်လေထွက်အသင့်တင့်ရှိတဲ့အခန်  တစ်ခန်းပဲလိုအပ်တယ်လို့သိရပါတယ်၊အခုအခါမှာသဘာဝမှိုမှာရှားပါးပြီးဈေးနှုန်း လည်းကြီး တာ ကြောင့် ငွေနှင်းမှိုတွေက  ဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့်  နေရာ ယူလာ ပါတယ် ၊သဘာဝမှိုကြော် လောက်နီးနီးအရသာလည်းရှိတာကြောင့်မှိုဆီကြော်တွေကိုလည်း ငွေနှင်းမှို တွေနဲ့ကြော် ပြီး ရောင်း လာကြသလိုနှုန်းကလည်းသင့်တင့်တာကြောင့်ဈေးကွက်မှာလည်းအတော်ကိုတွင်ကျယ်လာကြောင်း  တွေ့ရှိရပါတယ် ၊ရှမ်းပြည်နယ်(တောင်ကြီး) မှာတော့ ငွေနှင်းမှိုကိုဈေးကွက်၌ တွင်တွင်ကျယ်ကျယ် ရောင်းဝယ်လာပါတယ်။ စားသောက်ဆိုင်များမှာ လည်း စားသုံးမှုများလာသလို မှိုဆီကြော် အဖြစ် တပိုင်တစ်နိုင်စီးပွားရေးအဖြစ်ပြုလုပ်လာကြတာကြောင့် ဈေးကွက်ဝင် အစား အစာ ဖြစ်လာပါတယ်။ ရှမ်းပြည်နယ်(တောင်ကြီး)မှာ ငွေနှင်းမှို တစ်ပိသာကို၁၆၀၀၀ိ/- ကျပ်ဈေးရှိပြီး၊ မှိုဆီကြော်ကတော့ တစ်ပိဿာကို၅၅၀၀ဝိ/-၆၀၀၀ဝိ/-ကျပ်ဝန်းကျင်ခန့်ရှိပါတယ်၊သို့ဖြစ်ပါ၍ငွေနှင်းမှိုမှာမြို့ပြနဲ့  ကျေး လက်မှာရှိတဲ့အမျိုးသမီးတွေအတွက်၊အိုးမကွာ၊အိမ်မကွာ၊ဝင်ငွေဖန်တီးပေးနိုင်တဲ့ သီးနှံတစ်မျိုးဖြစ်လို့ စိုက်ပျိုးသင့်တဲ့   သီးနှံတစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

DOCA(ရှမ်း)

မုံရွာမြို့၊ ဈေးဟောင်းရှိ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင်  အသီးအရွက်များကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊  စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။  စိုက်ပျိုးရေးသီးနှံများမှ ဆလပ်ရွက်နှင့်အိုးမုန်ညှင်းရွက်ကို ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး လျှက်ရှိပြီး မုံရွာမြို့၊ ဈေးဟောင်းရှိ  ကုန်စိမ်းစျေးများတွင် ပြန်လည်ရောင်းချကြပါသည်။ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်တို့သည် အသားနှင့်တွဲဖက်၍ဖြစ်စေ၊  ငပိရည်နှင့် တို့စာရာ အဖြစ် တွဲဖက်၍လည်း စားသုံးလေ့ရှိပြီး ဟင်းသီးဟင်းရွက်များထဲမှ စျေးကောင်း ရရှိသော အသီးအနှံများ ဖြစ်ကြပါသည်။

        စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဈေးဟောင်းတွင် ဖြစ်ပေါ်နေသော ဆလပ်ရွက် ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၃၅၀)ကျပ်မှ(၄၀၀)ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၄၀၀)ကျပ်ထိ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း