
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့မဈေးတွင် အနီးနား ပတ်ဝန်းကျင်ကျေးရွာရှိ ရေခြံစိုက်ခင်းများမှထွက်ရှိသော ဂျူးဖူးများကို ယခုလ နိုဝင်ဘာလ (ဒုတိယပတ်) မှ စတင်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
ဂျူးဖူးဈေးနှုန်းမှာ တစ်စည်းလျှင် အစည်းအကြီးအသေးပေါ်မူတည်၍ (၁၀၀၀) ကျပ်မှ (၁၅၀၀ - ၂၀၀၀ - ၃၀၀၀) ကျပ်အထိရှိကြောင်းသိရှိရသည်။ ဂျူးဖူးကို ယခင်က မန္တလေး၊ တောင်ကြီး မှ မှာယူ၍ ရောင်းချကြသလို၊ ယခုအခါ နယ်စပ်ဖြစ်သော တရုတ်ပြည်မှတစ်ဆင့် အဓိကထားပြီး တစ်နိုင်တစ်ပိုင် စားသုံးရန်ယူ၍ ရောင်းချနေရကြောင်း၊ အရောင်းအဝယ်များလည်း ပါးနေကြောင်း ကုန်ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(ရှမ်း)
