“မူဆယ်မြို့ရှိ မြေပဲဆံနှင့် ကုလားပဲဈေးနှုန်းများ”

Powered by Drupal

            ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်၊ မြို့မဈေးတွင် ဒေသထွက်သီးနှံများအပြင် အသား/ ငါး နှင့် ဟင်သီးဟင်းရွက်မျိုးစုံကိုလည်းရောင်းချလျက်ရှိရာ အခြေခံစားကုန်ဖြစ်သော မြေပဲဆံနှင့် ကုလားပဲ များကိုလည်း ပေါများစွာရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

          နိုင်ဝင်ဘာလ၊ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ မြို့မဈေးတွင် ရောင်းချနေသော မြေပဲဆံဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၁၀၀၀ မှ ၁၃၀၀၀) ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် (၁၁၀၀၀ မှ ၁၃၀၀၀) ကျပ် နှုန်းဖြင့်ရောင်းချလျက်ရှိပြီး အမျိုးအစား ပေါ်မူတည်၍ ကွဲပြားကြောင်း သိရှိရပါသည်။‌

DOCA(ရှမ်း)