“ကညွှတ် စားသုံးခြင်းဖြင့် ရရှိမည့်ကျန်းမာရေး အကျိုးကျေးဇူးများ”

Powered by Drupal

                  ကညွှတ်သည် နူးညံ့ပြီးအစိမ်းရင့်ရောင်ရှိသော သဘာဝအပင် တစ်မျိုးဖြစ်သည်။ ကညွှတ်သည်  အလွန်စားကောင်းပြီး ကျန်းမာရေးအတွက်လည်း အာဟာဓါတ် များစွာပါဝင် သောကြောင့်  စားသုံးရန်သင့်တော်သော အစားအစာတစ်မျိုးဖြစ်သည်။

            ကညွှတ်တွင် ဗီတာမင်နှင့်  အာဟာရဓာတ်များစွာပါဝင်သည်။ ဗီတာမင် A, C, E, K နှင့် Folate (ဗီတာမင် B9) တို့အပြင် သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နှင့် fiber ဓါတ်တို့ပါဝင်သည်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး သဘာဝအာဟာရဓာတ်များပါဝင်သောကြောင့် ကိုယ်ခံအားတိုးစေခြင်း၊ အသည်းနှင့် ကျောက်ကပ်သန့်စင်ပေးခြင်း၊ သွေးနှင့်အစာလမ်းကြောင်း ကောင်းမွန်စေခြင်းစသည့် အကျိုးကျေးဇူးများစွာရှိသော အပင်ဖြစ်ပါသည်။ ကညွှတ်တွင်ပါဝင်သော သဘာဝဓာတ်ပစ္စည်းများသည် ကိုယ်အတွင်းရှိအညစ်အကြေးများကို ဆီးအနေဖြင့်ထုတ်ပေးပြီး ကိုယ်အတွင်းသန့်ရှင်းစေပါသည်။ ထို့ကြောင့် ကျောက်ကပ်လုပ်ဆောင်မှုကောင်းမွန်စေပြီး ကိုယ် အလေးချိန်လျှော့ချရာတွင်ပါ အထောက်အကူဖြစ်စေပါသည်။

             ထို့အပြင် အချို့သောသုတေသနများအရ ကညွှတ်သည် သွေးတွင်းအချိုဓါတ်ကို ထိန်းညှိနိုင် ခြင်းကြောင့် ဆီးချိုရောဂါရှိသူများအတွက် စားသုံးနိုင်သော အစားအစာတစ်မျိုးဖြစ်ပါသည်။ ကညွှတ်ကို  အမျိုးမျိုးပြုလုပ်၍စားသုံးကြပြီး နေ့စဉ်အစားအစာထဲတွင် ကညွှတ်ကို စားသုံးပေးခြင်း ဖြင့် ကျန်းမာရေးကောင်းမွန်သောဘဝကို ရရှိနိုင်မည်ဖြစ်ပါသည်။

DOCA(ရှမ်း)